A d v e r t i s e m e n t With Us

စိုက်ပျိုး​စရိတ်​ချေး​ငွေကိစ္စ တိုင်တန်း​သူများ​ ခြိမ်း​ခြောက်ခံရ

စိုက်ပျိုး​စရိတ်​ချေး​ငွေမရသဖြင့်​ မ​ကျေနပ်လို့​ တိုင်တန်း​တဲ့​ လယ်သမား​တွေကို မြို့​နယ် စိုက်ပျိုး​ရေး​ဘဏ်အရာရှိက သူ့​ရုံး​ကို ​ခေါ်ပြီး​ ဆူပူခြိမ်း​ခြောက်ခဲ့​တယ်လို့​ လယ်သမား​ ​တွေက ​ပြောပါတယ်။ ပဲခူး​တိုင်း​ သနပ်ပင်မြို့​နယ် ကျိုက်မဲ ​ကျေး​ရွာက လယ်သမား​ ၁၇ ဦး​ဟာ စိုက်ပျိုး​ရေး​ အမ​တော်​ကြေး​ မရတာကို မ​ကျေနပ်လို့​ တိုင်း​ဝန်ကြီး​ချုပ်အထိ စာပို့​ တိုင်ကြား​ခဲ့​တဲ့​နောက်မှာ မြို့​နယ် စိုက်ဘဏ်အရာရှိက လယ်သမား​တွေကို သနပ်ပင်မြို့​ကို ဒီ​နေ့​မှာ ဆင့်​ခေါ်ခဲ့​တာပါ။ လယ်သမား​တဦး​က “သူက ပထမဆုံး​ ကျ​နော်တို့​ကို လယ်မရှိတဲ့​သူ​တွေ စာရင်း​တင်လို့​ပြောပါတယ်။ စာရင်း​တင်လို့​ စာချူပ်မှာ လယ်မရှိတာ မှန်ကန်ရင် အဲ့​လူဆီက ​ငွေ အတိုး​ရော အရင်း​ပါပြန်​တောင်း​တယ်၊​ ထိုက်သင့်​သ​လောက် ပြစ်ဒဏ်ဆိုလည်း​ ပြစ်ဒဏ်​ပေး​မယ်​ပြောတယ်၊​ အမ​တော်​ကြေး​ကို ​ပေး​မယ်ဆိုပြီး​ မန်​နေဂျာက တရား​ဝင်​ပြောတယ်။ အခုကျ​တော့​ သူက လယ်မရှိတဲ့​သူ​တွေ စာရင်း​တင်ပြီး​တော့​ တမျိုး​ပြောတယ်။ ကျ​နော်တို့​ကို ​ဟောက်တယ် မာန်တယ်။ လယ်မရှိတဲ့​စာရင်း​ထဲမှာ ပါတဲ့​သူ​တွေကို သူတို့​ကစုံစမ်း​မယ်တဲ့​။ လယ်တကယ်ရှိ​နေရင် သူတို့​က ကျ​နော်တို့​ကို တရား​ပြန်စွဲမယ်လို့​ ​ပြောတယ်။ ကျ​နော်တို့​က မှား​ခဲ့​လို့​ မဟုတ်မမှန်တာလုပ်ခဲ့​ရင် ကျ​နော်တို့​က ခံယူမှာပါ။” ဒီလို ခြိမ်း​ခြောက်ပြီး​နောက် စိုက်ဘဏ်အရာရှိက အ​ကြောင်း​ပြချက်မ​ပေး​ဘဲ စာရွက်အလွတ်​ပေါ်မှာ လက်မှတ်ထိုး​ခိုင်း​တဲ့​အတွက် လယ်သမား​တွေက စိုး​ရိမ်​နေကြပါတယ်။ လယ်သမား​အ​ရေး​ အကူအညီ​ပေး​နေတဲ့​ လမ်း​ပြကြယ် ဦး​အေး​မြင့်​က ​ချေး​ငွေကိစ္စမှာ မသမာတဲ့​ အ​ထောက်အထား​တွေရှိထား​ပြီး​ လယ်သမား​တွေဘက်က ခုခံကာကွယ် သွား​မယ်လို့​ ဆိုပါတယ်။ “ကျ​နော်တို့​ လယ်သမား​ထဲမှာ ဝိုင်း​ကြီး​ချုပ်စနစ်နဲ့​ ဆယ်ဦး​တ​ယောက် ဆယ်ဦး​တ​ယောက်ထုတ်ခွင့်​ပြုထား​တယ်။ စာရင်း​တွေကို ကျ​နော်တို့​လက်ထဲ ကျိုက်မဲ​ကျေး​ရွာက​ကောင်​လေး​တွေ လက်ထဲ​ရောက်တဲ့​အခါ ဆယ်ဦး​စာရင်း​ကို ကြည့်​လိုက်​တော့​ ရွာကကျဉ်း​ကျဉ်း​လေး​ပဲဗျာ၊​ ဘယ်လယ်သမား​က ကွန်ပစ်စား​တာ၊​ ဘယ်သူက လယ်မရှိတာ သူတို့​သိတယ်။ ဥက္ကဋ္ဌဆို ​ကျောင်း​ဆရာမကို လယ်​လေး​ဧက ​ပေး​ထား​တယ်။ အဲ့​လိုထုတ်စား​တယ်၊​ ဧက​တွေ ​ပြောင်း​ပြန်​ရေး​ပြီး​တော့​ ထုတ်စား​တယ်။ စိုက်ဘဏ်နဲ့​ပေါင်း​တာပဲ။ ဒီအ​ထောက်အထား​တွေရှိတယ်။ မရတဲ့​အဆုံး​ဆိုရင် ဒါ ၄၀၉ ပဲဗျ။ အစိုး​ရ​ငွေကို ယာယီအလွဲသုံး​စား​ပဲ။ ယုံကြည်အပ်နှံမှုကို ​ဖောက်ဖျက်တာ ဌာနဆိုင်ရာကမလုပ်​ပေး​ဘူး​ဆိုရင် လယ်သမား​တ​ယောက်က တရား​လိုလုပ်မယ် ကျန်တဲ့​သူကသက်​သေလုပ်ပြီး​ အ​ထောက်အထား​တွေနဲ့​ ဘဏ်နဲ့​ ​ကျေး​ရွာဘဏ်​ကော်မတီ၊​ အ​ထွေ​ထွေအုပ်ချုပ်​ရေး​မှူး​၊​ စိုက်ပျိုး​ရေး​ ဘဏ်မန်​နေဂျာတို့​ကို ကျ​နော်တို့​ တရား​စွဲဖို့​ ပြင်ဆင်မယ်။” ဒါ​ပေမယ့်​ တရား​ရုံး​မှာ အမှုဖွင့်​တဲ့​အဆင့်​မသွား​ခင်မှာ သက်ဆိုင်ရာ တိုင်း​ဝန်ကြီး​ချုပ်ရုံး​ကို အရင် အသိ​ပေး​သွား​ဦး​မယ်လို့​ ဦး​အေး​မြင့်​က ​ပြောပါတယ်။ စိုက်ပျိုး​ရေး​ဘဏ်က စိုက်ပျိုး​ရေး​စရိတ်​ချေး​ငွေအတွက် လယ်တဧကကို ၂ ​သောင်း​နှုန်း​နဲ့​ လယ်သမား​တွေကို ထုတ်​ချေး​ပေး​နေတာပါ။ ဒါ​ပေမယ့်​ ​အောက်​ခြေအဆင့်​မှာ​တော့​ အမှန်တကယ် လယ်လုပ်သူ​တွေက ​ချေး​ငွေမရဘဲ လယ်မလုပ်သူ​တွေက ​ချေး​ငွေရတာ​တွေမျိုး​တွေ ဖြစ်​ပေါ်​နေတာ​ကြောင့်​ မ​ကျေနပ်မှု​တွေ ကျယ်ကျယ်ပြန့်​ပြန့်​ဖြစ်​နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up