A d v e r t i s e m e n t With Us

ရွှေဝါ​ရောင်​တော်လှန်​ရေး​၌ပါဝင်ခဲ့​သည့်​ သံဃာနှင့်​အရပ်သား​ ​ထောင်မှလွတ်​မြောက်

ရွှေဝါ​ရောင်​တော်လှန်​ရေး​မှာ ပါဝင်ခဲ့​တဲ့​ ရန်ကုန်တိုင်း​ မင်္ဂလာ​တောင်ညွန်မြို့​နယ် နန်း​ဦး​ ဘုန်း​ကြီး​ ​ကျောင်း​က သံဃာ​တော် ၂ ပါး​ အပါအဝင် အကျဉ်း​သား​ ၆ ဦး​ အင်း​စိန်​ထောင်က​နေ ဒီ​နေ့​ လွတ်​မြောက်လာပါတယ်။ ၂၀၀၇ ခုနှစ် ​ရွှေဝါ​ရောင်​တော်လှန်​ရေး​မှာ ပါဝင်ခဲ့​ကြတဲ့​ မင်္ဂလာ​တောင်ညွန်မြို့​နယ် နန်း​ဦး​ကျောင်း​တိုက်က အရှင်​ခေမိန္ဒနဲ့​ အရှင်ဝိလာသတို့​နဲ့​ ကို​ကျော်မျိုး​မင်း​၊​ ကိုဖြူတုတ်​ခေါ် ​ကျော်မိုး​ဟိန်း​၊​ ကိုသက်နိုင်နဲ့​ ကိုစံတိုးတို့​ကို အာဏာပိုင်​တွေက ဖမ်း​ဆီး​ခဲ့​ပြီး​ ၂၀၀၉ ခုနှစ်မှာ တာ​မွေမြို့​နယ်တရား​ရုံး​က ​ဖောက်ခွဲမှု ပုဒ်မ ၅/၆ နဲ့​ ​ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခဲ့​တာပါ။ သူတို့​နဲ့​အတူ အကျဉ်း​ကျခဲ့​တဲ့​ အရှင်ဆန္ဒာဓိကက​တော့​ အင်း​စိန်​ထောင်မှာ အကျဉ်း​ကျ​နေတုန်း​ဖြစ်ပြီး​ ကျန်း​မာ​ရေး​ချို့​တဲ့​နေတယ်လို့​ သိရပါတယ်။ “ကျ​နော်တို့​လွတ်လာ​ပေမယ့်​ အထဲမှာကျန်​နေတဲ့​သူ​တွေအတွက်က​တော့​ စိတ်မ ​ကောင်း​ဘူး​ပေါ့​။ ကျ​နော်တို့​လည်း​ ဒီ​လောက်ကြီး​ဝမ်း​သာတယ်လို့​တော့​ မဟုတ်ဘူး​ပေါ့​။ အမြန်ဆုံး​စိစစ်ပြီး​ လွှတ်​ပေး​စေချင်တာ​ပေါ့​။ ​ကြေညာထား​တဲ့​အတိုင်း​ နိုင်ငံ​တော်လွတ်ငြိမ်း​ ချမ်း​သာခွင့်​ဆိုတာကြီး​ လာရင်​တော့​ ပိုပြီး​အဆင်​ပြေတာ​ပေါ့​ဗျာ။ အား​လုံး​လည်း​ ဝမ်း​သာ ကြမှာ​ပေါ့​။ နိုင်ငံ​တော်သမ္မတကြီး​ကိုလည်း​ အဲဒီလွတ်ငြိမ်း​ချမ်း​သာခွင့်​လေး​ကို အမြန်ဆုံး​ စီ စဉ်​ဆောင်ရွက်​ပေး​နိုင်ပါ​စေလို့​ ဆန္ဒပြုပါတယ်၊​ ​တောင်း​ဆိုပါတယ်။” အကျဉ်း​ထောင် အသီး​သီး​မှာလဲ ရဟန်း​နဲ့​ သီလရှင် အပါး​ ၂၀၀ ​ကျော် အကျဉ်း​ကျ ​နေတုန်း​ပဲလို့​ မှတ်တမ်း​တွေအရ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up