DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၏ ပထမဆုံး နိုင်ငံတကာကိုယ်စားလှယ်ရုံးကို ကမ္ဘောဇဘဏ်လီမိတက်က ထိုင်းနိုင်ငံတွင် စတင်ဖွင့်လှစ်
DVB
·
August 5, 2016
မြန်မာနိုင်ငံ၏ ပထမဆုံး နိုင်ငံတကာကိုယ်စားလှယ်ရုံးကို ကမ္ဘောဇဘဏ်လီမိတက်က ထိုင်းနိုင်ငံတွင် စတင်ဖွင့်လှစ်
1 / 11
Donate to DVB

မြန်မာနိုင်ငံ၏ အကြီးမားဆုံး ပုဂ္ဂလိကဘဏ်ကြီးဖြစ်သည့် ကမ္ဘောဇဘဏ်လီမိတက်သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် နိုင်ငံတကာ ကိုယ်စားလှယ်ရုံးခွဲကို သြဂုတ်လ ၃ ရက် (ယနေ့)တွင် ဂုဏ်ယူစွာဖြင့် ဖွင့်လှစ်လိုက်ပါသည်။ ထိုသို့ ဖွင့်လှစ်လိုက်ခြင်းကြောင့် ကမ္ဘောဇဘဏ်သည် နိုင်ငံတကာသို့ စတင်ထိုးဖောက်နိုင်သည့် မြန်မာနိုင်ငံ၏ ပထမဆုံးပုဂ္ဂလိကဘဏ် ဖြစ်လာပါသည်။ ကမ္ဘောဇဘဏ်လီမိတက်၏ ပထမဆုံး နိုင်ငံတကာ ကိုယ်စားလှယ်ရုံးခွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Unit 2705, 27th Floor, Sathorn Square Office Tower 98 North Sathorn Road, Silom, Bangrak, Bangkok, 10500 Thailand တွင် စတင်ဖွင့်လှစ်လိုက်ခြင်း ဖြစ်ပါသည်။

ဖွင့်ပွဲအခမ်းအနားကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Dusit Thani ဟိုတယ်တွင် သြဂုတ်လ (၃) ရက်နေ့က ကျင်းပခဲ့ပါသည်။ ယင်းအခမ်းအနားသို့ ထိုင်းနိုင်ငံ ဗဟိုဘဏ်ဥက္ကဋ္ဌ Mr. Veerathai Santiprabhob၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး Mr. Pisanu Suvanajata၊ ကမ္ဘောဇဘဏ်လီမိတက်မှ ထိပ်တန်းအရာရှိကြီးများ၊ ထိုင်းနိုင်ငံပြည်တွင်းဘဏ်များနှင့် နိုင်ငံတကာဘဏ် လုပ်ငန်းများမှ အကြီးအကဲများ၊ ထိုင်းစီးပွားရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

ကမ္ဘောဇဘဏ်အား ဘန်ကောက်မြို့၌ ကိုယ်စားလှယ်ရုံးဖွင့်လှစ်ရန် ယခုနှစ်နှစ်ဆန်းပိုင်းက ထိုင်းနိုင်ငံ ဗဟိုဘဏ်မှ တရားဝင်ခွင့်ပြုချက်လိုင်စင် ထုတ်ပေးခဲ့ပြီး ကမ္ဘောဇဘဏ်အနေဖြင့် ယနေ့တွင် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍအတွက် စာမျက်နှာသစ်တစ်ခုကို ဖွင့်လှစ်လိုက်ခြင်း ဖြစ်ပါသည်။ အရှေ့တောင်အာရှ (အာဆီယံ) ဒေသနှင့် နိုင်ငံတကာတွင် မြန်မာနိုင်ငံဘဏ်လုပ်ငန်း၏ ပထမဆုံး ထိုးဖောက်မှုဖြစ်လာရန်အတွက် ရည်မှန်းချက်ပန်းတိုင်ကို အကောင်အထည်ဖော်ရာတွင် ကမ္ဘောဇဘဏ်၏ ပထမဆုံး ခြေလှမ်းတစ်လှမ်း အောင်မြင်စွာ ပြီးမြောက်ခြင်းဖြစ်ပါသည်။ “ထိုင်းနိုင်ငံမှာ၇ှိနေတဲ့ မြန်မာတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ မြန်မာနိုင်ငံကိုဝင်လာဖို့ စိတ်ဝင်စားနေတဲ့ ထိုင်းစီးပွားရေးလုပ်ငန်းတွေအတွက် ငွေကြေးဆိုင်ရာဝန်ဆောင်မှုတွေ၊ အကြံဉာဏ်တွေပေးသွားဖို့ ကျွန်တော်တို့ရည်ရွယ်ပါတယ်။

မြန်မာနိုင်ငံငွေကြေးဈေးကွက်နဲ့ ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့အတွေ့အကြုံ၊ အသိပညာတွေကို အားပြုပြီး တိုးတက်နေတဲ့ ကုန်သွယ်ရေးမှာ ထိုင်းစီးပွားရေးလုပ်ငန်းတွေ ပါဝင်လာကြလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်” ဟု ထိုင်နိုင်ငံ နိုင်ငံတကာကိုယ်စားလှယ်ရုံး Country Head ဦးဇေယျာစိန်ထွဋ်က ပြောပါသည်။ ထိုင်းနိုင်ငံမှ ကိုယ်စားလှယ်ရုံးခွဲသစ်သည် အာဆီယံစီးပွားရေး အသိုင်းအဝိုင်းတခုလုံးကို မြန်မာနိုင်ငံကပံ့ပိုးရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်သွားနိုင်မည်ဟု ဦးဇေယျာစိန်ထွဋ်က ယုံကြည်ပါသည်။ ဤကိုယ်စားလှယ်ရုံးခွဲကို ဖွင့်လှစ်နိုင်ရန် ကမ္ဘောဇဘဏ်သည် လိုင်စင်လျှောက်ထားရာတွင် စနစ်ကျသော လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်၇ွက်ခဲ့ပြီး၊ ထင်ရှားသိသာသော ပွင့်လင်းမြင်သာမှုကို ပြသခဲ့ကြောင်း ဦးဇေယျာစိန်ထွဋ်က ဆက်လက်၍ ပြောကြားခဲ့သည်။ ယင်းတွင် ကမ္ဘောဇဘဏ်၏ လုပ်ငန်းဆောင်ရွက်မှုများသည် ထိုင်းနိုင်ငံဗဟိုဘဏ်က ချမှတ်ထားသော လမ်းညွှန်ချက်များနှင့် မလွဲမသွေ ကိုက်ညီကြောင်းပြသရာ၌ ဘဏ်၏ ဈေးကွက်အတွင်းအနေအထား၊ အစုရှယ်ယာရှင်များ၏ နောက်ခံအချက်အလက်များ၊ နိုင်ငံတကာနှင့် ပြည်တွင်းမှ လက်ခံရရှိထားသောဆုများ၊ ဘဏ်၏ငွေစာရင်းများ၊ ရင်းနှီးမြှုပ်နှံမှုများစသည့် အချက်အလက်များပါဝင်ပါသည်။

ကမ္ဘောဇကုမ္ပဏီအုပ်စုသည် ဘဏ်လုပ်ငန်း၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကောင်းဆုံးဆောင်ရွက်နိုင်မှုနှင့် အတူပွင့်လင်းမြင့်သာမှုအရှိဆုံး အဖွဲ့အစည်းအဖြစ် ၂၀၁၄ ခုနှစ်တွင် မြန်မာ့စီးပွားရေးလုပ်ငန်းများ တာဝန်ယူမှု ရှိရေး အထောက်အကူပြုဌာန (MCRB) ၏ အသိအမှတ်ပြုခြင်းခံထားရသည့် မှတ်တမ်းကောင်းပိုင်ဆိုင်ထားသည်။ “နှစ်နိုင်ငံကြားမှာကာလရှည်ကြာရှိနေခဲ့တဲ့ ချစ်ခင်ရင်းနှီးမှုကြောင့် ဒေသအတွင်းမှာရှိတဲ့ ကဏ္ဍပေါင်းစုံမှာပူးပေါင်းဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတွေ အများအပြားရှိနေပါတယ်။ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံမှာ ဦးဆောင်ငွေကြေးအဖွဲ့အစည်းအဖြစ် ရပ်တည်နေခဲ့တာ ကြာမြင့်ခဲ့ပြီဖြစ်သလို နိုင်ငံတကာဘဏ်လုပ်ငန်းက လုပ်ဖော်ကိုင်ဖက်များနဲ့ ရင်ပေါင်တန်းပြီး မြန်မာနိုင်ငံကိုကိုယ်စားပြုသွားဖို့ ကျွန်တော်တို့ ပြင်ဆင်ထားပါတယ်”ဟု ဦးဇေယျာစိန်ထွဋ်က ထပ်လောင်းပြောကြားခဲ့ပါသည်။

ကမ္ဘောဇဘဏ်သည် အာဆီယံအတွင်းဆက်လက်တိုးချဲ့ဆောင်ရွက်သွားရန်အသင့်ရှိနေသလို စင်ကာပူ နိုင်ငံတွင်လည်း ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ခွင့်လိုင်စင်ကို မကြာသေးမီကပင် ရရှိထားခဲ့ပြီးဖြစ်ပါသည်။

sponsored content

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013