A d v e r t i s e m e n t With Us

မွန်ပြည်သစ်ပါတီက တပ်​ပေါင်း​စုနှင့်​ ​ဆွေး​နွေး​မည့်​သ​ဘောထား​ ပြည်နယ်အစိုး​ရကို ​ပြော

မွန်ပြည်သစ်ပါတီက ကိုယ်စား​လှယ်အဖွဲ့​နဲ့​ မွန်ပြည်နယ်အစိုး​ရ ကိုယ်စား​လှယ်အဖွဲ့​တို့​ မ​နေ့​က မွန်ပြည်နယ် ​ရေး​မြို့​က စစ်တပ်ဝင်း​တခုမှာ ​တွေ့​ဆုံကြတယ်လို့​ မွန်ပြည်သစ်ပါတီ​ပြောခွင့်​ရသူ နိုင်ဟံသာဘွန်ခိုင်က ​ပြောပါတယ်။ နိုင်ဟံသာဘွန်ခိုင်က “အဓိကက​တော့​ ကျ​နော်တို့​ မွန်ပြည်သစ်ပါတီရဲ့​ သ​ဘောထား​က​တော့​ တပြည်လုံး​ ငြိမ်း​ချမ်း​အေး​ချမ်း​သွား​ဖို့​အတွက် အပစ်အခတ်ရပ်စဲ​ရေး​ကို တနိုင်ငံလုံး​လုပ်​ပေါ့​။ တဖွဲ့​ချင်း​အ​နေနဲ့​မဟုတ်ဘူး​ပေါ့​။ နိုင်ငံ​ရေး​အ​ဖြေရှာ​ဆွေး​နွေး​ဖို့​ကျ​တော့​ စုဖွဲ့​ထား​တဲ့​ တပ်​ပေါင်း​စု (ယူအန်အက်ဖ်စီ -ညီညွတ်​သော တိုင်း​ရင်း​သား​လူမျိုး​များ​ ဖက်ဒရယ်​ကောင်စီ) အ​နေနဲ့​ ​ဆွေး​နွေး​ချင်တယ်။ တဖွဲ့​ချင်း​ ​ဆွေး​နွေး​တာ​တော့​ မဖြစ်ချင်ဘူး​ပေါ့​နော်။ အဲဒီ ကျ​နော်တို့​ သ​ဘောထား​ကိုပဲ သွား​ရှင်း​တာပဲ။ ဒါကို သူတို့​ယူသွား​မှာပဲ​လေ။ သူတို့​အထက်ကို တင်ပြမှာပဲ။ သူတို့​ဘက်ကျ​တော့​ သူတို့​ ကမ်း​လှမ်း​တာပဲ​လေ။ သမ္မတကြီး​ ဦး​သိန်း​စိန်တို့​ ​ကြော်ငြာထား​တဲ့​အတိုင်း​ ပြည်နယ်အဆင့်​နဲ့​ ပဏာမ​တွေ့​ဖို့​ သူတို့​ အဲဒီပုံစံအ​နေအထား​ပဲ လာ​တွေ့​တဲ့​သ​ဘောရှိတယ်” လို့​ ​ပြောပါတယ်။ မွန်ပြည်သစ်ပါတီကိုယ်စား​လှယ်အဖွဲ့​ဟာ ပါတီဌာချုပ်ကို ပြန်လည်မ​ရောက်ရှိ​သေး​တာ​ကြောင့်​ ​ဆွေး​နွေး​ချက်အ​သေး​စိတ်ကို မသိရ​သေး​ဘူး​လို့​ နိုင်ဟံသာဘွန်ခိုင်က ​ပြောပါတယ်။ မွန်ပြည်သစ်ပါတီဘက်က ဗဟိုအလုပ်အမှု​ဆောင် နိုင်တလညီ၊​ ဗဟို​ကော်မတီဝင် ထား​ဝယ်ခရိုင်အတွင်း​ရေး​မှူး​ နိုင်ဗညား​လယ်၊​ တပ်ရင်း​ (၇) တပ်ရင်း​မှူး​ ဒုဗိုလ်မှူး​ကြီး​ ဟံသာတို့​ဟာ မွန်ပြည်နယ်အစိုး​ရကိုယ်စား​လှယ်အဖွဲ့​နဲ့​ မ​နေ့​မနက်က​နေ မွန်း​လွဲပိုင်း​ထိ ​ဆွေး​နွေး​ခဲ့​ပါတယ်။ မွန်ပြည်နယ်အစိုး​ရကိုယ်စား​လှယ်အဖွဲ့​မှာ ဦး​ဆောင်သူ လုံခြုံ​ရေး​နှင့်​ နယ်စပ်​ရေး​ရာဝန်ကြီး​ ဗိုလ်မှူး​ကြီး​ဌေး​မြင့်​အောင်နဲ့​ အ​ရှေ​တောင်တိုင်း​စစ်ဌာချုပ်မှ ဗိုလ်မှူး​ကြီး​တဦး​နဲ့​ နယ်စပ်စည်ပင်က ကိုယ်စား​လှယ်တဦး​တို့​ ပါဝင်ကြပါတယ်။ သမိုင်း​ဝင် ရှစ်​လေး​လုံး​ဒီမိုက​ရေစီအ​ရေး​တော်ပုံကြီး​အပြီး​ ပါတီစုံစနစ်စတင်ခဲ့​ပြီး​နောက် တပ်မ​တော်အစိုး​ရဟာ ၁၉၉၀ ပြည့်​လွန်နှစ်​တွေမှ မွန်ပြည်သစ်ပါတီအပါအဝင် တိုင်း​ရင်း​သား​လက်နက်ကိုင် ​ခြောက်ဖွဲ့​လောက်နဲ့​ အပစ်ရပ်စဲခဲ့​ပါတယ်။ ဒီ​နောက် အမျိုး​သား​ညီလာခံကို ပါဝင်တက်​ရောက်​စေပြီး​ အဲဒီက​နေ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေ​တွေ ​ပေါ်ထွက်လာတဲ့​အခါ နယ်ခြား​စောင့်​တပ်​ပြောင်း​လဲဖို့​ တိုင်း​ရင်း​သား​တပ်​တွေကို အတင်း​အကျပ်ဖိအား​ပေး​တာ​ကြောင့်​ တချု့​ပြောင်း​ကုန်ကြသလို တချို့​က ပြန်လည်တိုက်ပွဲဖြစ်​နေတာပါ။ သမ္မတဦး​သိန်း​စိန်က ဩဂုတ်လလယ်ပိုင်း​မှာ တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​တွေကို ငြိမ်း​ချမ်း​ရေး​ ​ဖော်​ဆောင်ဖို့​ ကမ်း​လှမ်း​ခဲ့​ပြီး​ ပြည်နယ်အစိုး​ရ​တွေနဲ့​ ​တွေ့​ဖို့​နဲ့​ ဒီ​နောက် ပြည်​ထောင်စုအစိုး​ရနဲ့​ ထပ်​တွေ့​မယ့်​အ​ကြောင်း​ ​ပြောဆိုခဲ့​ပါတယ်။ တဖက်မှာ သမ္မတလမ်း​ညွှန်ချက်အရ ပြည်နယ်အစိုး​ရ​တွေက ငြိမ်း​ချမ်း​ရေး​ကိုယ်စား​လှယ်​တွေဖွဲ့​ပြီး​ တိုင်း​ရင်း​သား​လက်နက်ကိုင်​တွေနဲ့​ စကား​ပြော​နေချိန်မှာပဲ အစိုး​ရတပ်​တွေနဲ့​ တိုင်း​ရင်း​သား​လက်နက်ကိုင်​တွေ ဆက်တိုက်တိုက်ပွဲ ဖြစ်​နေဆဲ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up