၇ လအတွင်း ကမ္ဘာတ၀န်း ဒုက္ခသည် ၄ ထောင်ကျော်သေဆုံး

ဆီးရီးယားဒုက္ခသည်များ။ (ဓာတ်ပုံ - ယူအန်အိတ်ခ်ျစီအာ)
ကမ္ဘာပေါ်မှာ အခုနှစ် ရွှေ့ပြောင်းနေထိုင်ဖို့ကြိုစားရင်း ဒုက္ခသည်နဲ့ရွှေ့ပြောင်းနေထိုင်သူ ၄၀၂၇ ဦး အသက်သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့တယ်လို့ ရွှေ့ပြောင်းနေထိုင်ခြင်း ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း IOM က ထုတ်ပြန်ပါတယ်။ ဒီနှစ်ဆန်းကနေ ဇူလိုင်လကုန်ထိ ၇ လတာအတွက်စစ်တမ်းဖြစ်ပြီး အရင်နှစ်ပိုင်းက ကာလတူ စစ်တမ်းတွေမှာဖော်ပြတဲ့ ၂၀၀၅ ခုနှစ်က ၂၉၉၁ ဦး၊ ၂၀၁၄ ခုနှစ်က ၂၂၆၅ ဦးရေတွေနဲ့ နှိုင်းယှဉ်ရင် ပိုမိုများပြားလာတာဖြစ်ပါတယ်။ ဇူလိုင် ၂ ရက်နေ့ထုတ်ပြန်ချက်မှာ ဖော်ပြချက်ပါ အဲဒီအရေအတွက်ထဲက ၃၁၂၀ ဟာ ဥရောပကို အသွားခရီးမှာ မြေထဲပင်လယ်ကို ကျော်ဖြတ်ဖို့ ကြိုးစားရင်း သေဆုံးတာဖြစ်တယ်လို့ဆိုပါတယ်။ ဒီနှစ် ဇူလိုင် ၂၇ ရက်နေ့အထိ ဥရောပတိုက်ကို ရွှေ့ပြောင်းနေထိုင်သူ သို့မဟုတ် ဒုက္ခသည်တွေ ပင်လယ်ခရီးလမ်းကနေ ၀င်ရောက်မှုအရေအတွက်ဟာ ၂၅၇ ၁၈၆ ဦး ရှိပြီး အများစုဟာ ဂရိနဲ့ အီတလီကို ရောက်ရှိကြတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဂရိနိုင်ငံကို ၁၆၀၂၃၃ ဦးရေရောက်ရှိပြီး အီတလီနိုင်ငံကို ၉၆၀၀၀ ခန့်ရောက်ရှိတယ်လို့ဆိုပါတယ်။ ဇူလိုင်လ ၂၉ ရက်နေ့ကနေ သြဂုတ်လ ၁ ရက်နေ့အတွင်း ရွေ့ပြောင်းသူ ၇၉၂၃ ဦးကို ပင်လယ်ထဲကနေ ကယ်ဆယ်ခဲ့ကြောင်း အီတလီနိုင်ငံ ရောမမြို့ အိုင်အိုအမ်ရုံးပြောခွင့်ရသူ Flavio Di Giacomo က ပြောပါတယ်။ သောကြာနေ့မှာ ၃၆၂၁ ဦး၊ စနေနေ့မှာ ၁၁၄၄ ဦးနဲ့၊ တနင်္ဂနွေနေ့မှာ ၁၁၈၈ ဦးကို ပင်လယ်တွင်းကနေ ကယ်တင်ခဲ့တယ်လို့ သူကပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up