A d v e r t i s e m e n t With Us

ငြိမ်း​ချမ်း​ရေး​ကိစ္စ မွန်ပြည်သစ်ပါတီ အ​ထွေ​ထွေအတွင်း​ရေး​မှူး​နှင့်​ ​မေး​မြန်း​ချက်

မွန်ပြည်သစ်ပါတီဟာ အစိုး​ရနဲ့​ဆွေး​နွေး​ရာမှာ ညီညွတ်​သောတိုင်း​ရင်း​သား​လူမျိုး​များ​ ဖက်ဒရယ်​ကောင်စီ (ယူအန်အက်ဖ်စီ) အ​နေနဲ့​သာ ​ဆွေး​နွေး​မယ်ဆိုတဲ့​ ပါတီသ​ဘောထား​ကို မွန်ပြည်နယ်အစိုး​ရကတဆင့်​ ဗဟိုအစိုး​ရသိရ​အောင် သွား​ရောက် ​ပြောဆို​နေတယ်လို့​ သိရပါတယ်။ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှု​ဆောင် နိုင်တလညီ ဦး​ဆောင်တဲ့​အဖွဲ့​ဟာ မွန်ပြည်နယ် အစိုး​ရနဲ့​အဖွဲ့​နဲ့​ ​တွေ့​ဆုံဖို မွန်ပြည်နယ်၊​ ​ရေး​မြို့​ကို ​ရောက်ရှိ​နေပြီလို့​ ပြည်နယ်အစိုး​ရအဖွဲ့​ဝင်တဦး​ရဲ့​ ​ပြောပြချက်အရ သိရပါတယ်။ မွန်ပြည်နယ်အစိုး​ရ လုံခြုံ​ရေး​နှင့်​နယ်စပ်​ရေး​ရာဝန်ကြီး​ ဗိုလ်မှူး​ကြီး​ ​ဌေး​မြင့်​အောင်နဲ့​ အဖွဲ့​ကလည်း​ ​ရေး​မြို့​ကို ​ရောက်ရှိ​နေပါတယ်။ မွန်ပြည်နယ်အစိုး​ရနဲ့​ မွန်ပြည်သစ်ပါတီ ကိုယ်စား​လှယ်အဖွဲ့​တို့​ ဒီရက်ပိုင်း​မှာ ​တွေ့​ဆုံကြဖို့​ရှိပြီး​ ဒီသ​ဘောထား​ကို ​ပြောမှာဖြစ်ပါတယ်။ မွန်ပြည်သစ်ပါတီရဲ့​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​လည်း​ဖြစ်၊​ ယူအန်အက်ဖ်စီရဲ့​ ​ပြောခွင့်​ရသူလည်း​ဖြစ်တဲ့​ နိုင်ဟံသာကို ​မေး​ထား​ပါတယ်။   [caption id="attachment_16211" align="alignright" width="310" caption="နိုင်ဟံသာ"][/caption] မွန်ပြည်နယ်အစိုး​ရနဲ့​ မွန်ပြည်သစ်ပါတီနဲ့​ ငြိမ်း​ချမ်း​ရေး​ စကား​ပြောဖို့​ ရှိပါသလား​။ “ကျ​နော်တို့​မှာ သူတို့​ ဒီလို လွှတ်လာရင် ​တွေ့​ဖို့​ရှိတယ်။ ​တွေ့​ရင် ကျ​နော်တို့​ ဘာ​ပြောမလဲဆို​တော့​ ဒီ ကျ​နော်တို့​ သိရှိ​နေတဲ့​ ကိစ္စ​တွေကို သက်ဆိုင်ရာ တဖွဲ့​ချင်း​စီနဲ့​ ပြည်နယ်နဲ့​ ​ဆွေး​နွေး​လို့​ မပြီး​နိုင်ဘူး​၊​ မထိ​ရောက်ဘူး​၊​ ယူအန်အက်ဖ်စီနဲ့​ ပြည်​ထောင်စုအစိုး​ရနဲ့​ ​ဆွေး​နွေး​ဖို့​ ကျ​နော်တို့​မှာ ဒီလို ဆန္ဒရှိတယ်။ အဲဒါကို ကျ​နော်တို့​ ​တောင်း​ဆိုမယ်။ အဲဒီလို​တော့​ သ​ဘောထား​ရှိတယ်ဗျ။ ဒါ ကျ​နော်တို့​ ဗဟိုရဲ့​ ဆုံး​ဖြတ်ချက်ပဲ။” ဝပြည်​သွေး​စည်း​ညီညွတ်​ရေး​ပါတီလိုမျိုး​အဖွဲ့​လို​ပေါ့​နော်၊​ သူလည်း​ အင်အား​ရှိတာပဲ။ ရှမ်း​ပြည်နယ်အစိုး​ရနဲ့​ ​တွေ့​ပြီး​တဲ့​ ​နောက်ပိုင်း​မှာ ပြည်​ထောင်စုအစိုး​ရက​နေပြီး​တော့​ လက်မှတ်​တွေ​တောင် ထိုး​နိုင်တယ်​ပေါ့​နော်။ အဲဒီလိုမျိုး​ သ​ဘောတူညီချက် မွန်ပြည်သစ်ပါတီအ​နေနဲ့​ လုပ်ဖို့​ ရှိပါသလား​။ “ကျ​နော်တို့​ အဲဒီလို​တော့​ သ​ဘောထား​မရှိဘူး​ချင်ဗျ။ ဘာဖြစ်လို့​လဲ ဆို​တော့​ ကျ​နော်တို့​က တပြည်လုံး​အပစ်ခတ်ရပ်စဲ​ရေး​ အဲဒါကို တချိန်တည်း​မှာ လုပ်ဖို့​နော်။ ပြည်နယ်တခု ပြီး​တခုမှာ လုပ်တဲ့​ပုံစံမျိုး​ကို ကျ​နော်တို့​ မလိုလား​ဘူး​။ ဘာ​ကြောင့်​လဲ ဆို​တော့​ တဖွဲ့​နှစ်ဖွဲ့​ကိုလုပ်ပြီး​ရင် ကျန်တဲ့​အဖွဲ့​ကို တိုက်မှာ ကျ​နော်တို့​ ​တွေ့​နေရတယ်။ ​နောက်တခုက ကျ​နော်တို့​ရဲ့​အမြင်က အပစ်အခတ်ရပ်စဲထား​ရုံနဲ့​ မပြီး​ဘူး​ခင်ဗျ။ ပြဿနာက မ​အေး​ချမ်း​နိုင်ဘူး​၊​ အ​ဖြေလည်း​ မရနိုင်ဘူး​။ ကျ​နော်တို့​က နိုင်ငံ​ရေး​အရ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲကို ဦး​တည်ရမယ်။ အဲဒါက​တော့​ ပြင်ဆင်မှု လုပ်ရမှာ​ပေါ့​ဗျာ။ အချိန်​တော့​ နည်း​နည်း​ပေး​ရမှာ​ပေါ့​။ အဲဒီ နိုင်ငံ​ရေး​အရ ​တွေ့​ဆုံ​ဆွေး​နွေး​ဖို့​ကို ဦး​တည်တဲ့​ အပစ်ခတ်ရပ်စဲ​ရေး​ပဲ ကျ​နော်တို့​ လိုချင်တယ်။ ဒါက ကျ​နော်တို့​ ယူအန်အက်ဖ်စီရဲ့​ ရပ်တည်ချက်ပဲခင်ဗျ။”   မွန်ပြည်သစ်ပါတီရဲ့​ ကိုယ်စား​လှယ်အဖွဲ့​နဲ့​ မွန်ပြည်နယ်အစိုး​ရရဲ့​ ကိုယ်စား​လှယ်အဖွဲ့​နဲ့​ ​တွေ့​ကြပြီဆိုရင် နိုင်ငံ​ရေး​အရ ​ဆွေး​နွေး​ပွဲ​တွေကို ဒုတိယအဆင့်​ ထား​ပြီး​တော့​ အခု ​လော​လောဆယ် အပစ်ရပ်ပါ၊​ စီး​ပွား​ရေး​ လုပ်ငန်း​တွေ ပြန်လုပ်ပါ ဆိုရင်​ကော ပါတီ​နေနဲ့​ ဘယ်လို ရပ်တည်မလဲ။ “ကျ​နော်တို့​ အပစ်မရပ်ပါဘူး​။ ဒါ​ပေမယ့်​ ​ပြောမယ်ဆိုရင်​တော့​ က​နေ့​အထိလည်း​ ကျ​နော်တို့​က ပြန်မပစ်ကြ​သေး​ဘူး​ပေါ့​ဗျာ။ ဒါက​တော့​ တခြား​အ​ခြေအ​နေ​ကြောင့်​ပါ။ ဒါ​ပေမယ့်​ အပစ်ခတ်ရပ်စဲဖို့​ သ​ဘောတူညီဖို့​ ဆိုတဲ့​ဟာကို​တော့​ ကျ​နော်တို့​ မလုပ်ပါဘူး​။”   ဒေါ်​အောင်ဆန်း​စုကြည်က​နေပြီး​တော့​ ပြည်တွင်း​စစ်မှာ ပါဝင်​နေတဲ့​အဖွဲ့​တွေက​နေ သူ့​ကို ​တောင်း​ဆိုမယ် ဆိုလို့​ရှိရင် သူက ဝင်​ရောက်ကူညီ​ပေး​ဖို့​ အသင့်​ ရှိပါတယ်ဆို​တော့​ အန်ကယ်တို့​ သ​ဘောထား​က ဘယ်လို ရှိပါသလဲ။ “​ကောင်း​ပါတယ်။ သူ့​လို ပုဂ္ဂိုလ်မျိုး​က ဒီလို ဒီ အစိုး​ရနဲ့​ ကျ​နော်တို့​ကြား​မှာ ဝိုင်း​ကြည့်​ပေး​ရင်​တော့​ ပိုပြီး​တော့​ ​ကောင်း​တာ​ပေါ့​လေ။ သူ့​လို ပုဂ္ဂိုလ်က လူထု​ထောက်ခံမှု ရှိတယ်၊​ နိုင်ငံတကာရဲ့​ ​ထောက်ခံအား​ပေး​မှု ရှိတယ်၊​ သူ့​လို ပုဂ္ဂိုလ်က အများ​ကြီး​ အလုပ်ဖြစ်မယ်လို့​ ကျ​နော်တို့​ အဲဒီလို ယုံကြည်တယ်။”   သမ္မတအစိုး​လက်ထပ်မှာ တပ်မ​တော်အစိုး​ရထက်နဲ့​စာရင် ပွင့်​လင်း​လာတဲ့​ အ​နေအထား​မျိုး​ ​တော်​တော်များ​များ​ ​ပြောကြတယ်၊​ သုံး​သပ်ကြတယ်ဆို​တော့​ အခု ​ခေတ်မှာ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ကို တကယ်လိုချင်ရင် ပြည်​ထောင်စုအစိုး​ရရယ်၊​ ယူအန်အက်ဖ်စီရယ်၊​ ​ဒေါ်​အောင်ဆန်း​စုကြည် အပါဝင်​ပေါ့​နော် ​လေး​စား​လောက်တဲ့​ သမာသမတ်ရှိမယ်ဆိုတဲ့​ ယူဆတဲ့​ ပုဂ္ဂိုလ်​တွေက ​ဆွေး​နွေး​လိုက်ရင်​ကော ​ဗြောင်ဖိတ်​ခေါ်ဖို့​ကော အန်ကယ်တို့​ မပြင်ထား​ဘူး​လား​။ ဘာအကန့်​အသတ်​တွေ ရှိ​နေလို့​လဲ။ “ကျ​နော်တို့​ဘက်က ဖိတ်​ခေါ်ဖို့​လား​။ အဲဒါက ဒီလိုပါ ကျ​နော်တို့​က ဖိတ်​ခေါ်ဖို့​ထက်​ပေါ့​လေ ဒါက အစိုး​ရဘက်က အထိုက်အ​လျောက်လည်း​ ဖိတ်ထား​တယ်။ ကျ​နော်တို့​လည်း​ အဲဒီဘက်ကို အ​ကြောင်း​ပြန်ထား​ပြီး​ပြီ။ ​ဒေါ်​အောင်ဆန်း​စုကြည် ​ပြောတဲ့​စကား​ကိုလည်း​ ကျ​နော်တို့​က ကြိုဆိုလက်ခံ​ကြောင်း​ အ​ကြောင်း​ပြန်ပြီး​ပြီ။ အဲဒီလို အ​နေအထား​မျိုး​ ရှိတယ်​လေ။ အဓိကက​တော့​ ဒါ​တွေ ဖြစ်ဖို့​ဆိုတဲ့​ဟာက အစိုး​ရအ​ပေါ်မှာ မူတည်တယ်လို့​ ကျ​နော်ထင်တယ်ဗျ။ ကျ​နော်တို့​က ​တောင်း​ဆို​နေလို့​လည်း​ ဖြစ်နိုင်မယ့်​အလား​အလာ မရှိနိုင်ဘူး​လို့​ ကျ​နော်မြင်တယ်​လေ။” ဘာများ​ ​ပြောစရာ ရှိပါ​သေး​လဲ။ “ကျ​နော် နည်း​နည်း​ပြောချင်တာက​တော့​ ​ကောင်း​ပါတယ်၊​ အရင်တ​လောက သမ္မတသိန်း​စိန်က မြစ်ဆုံဆည်ကိစ္စကို​ပေါ့​နော် ရပ်ဆိုင်း​လိုက်တယ် ဆိုတဲ့​အ​ပေါ်မှာ လူထုက​ရော ကျ​နော်တို့​အပါအဝင် အား​လုံး​က ကြိုဆိုတယ်၊​ ​ထောက်ခံတယ်။ ဒါက ကျ​နော်တို့​ရဲ့​ ဒီနိုင်ငံအတွက်၊​ ကျ​နော်တို့​ရဲ့​ ပြည်သူအတွက် ​ရေရှည်အကျိုး​ကို ကြည့်​ပြီး​တော့​မှ ဒီလို လုပ်လိုက်တာ ဖြစ်တယ်။ တဆက်တည်း​မှာ တဖက်က ပြန်ကြည့်​ရင် က​နေ့​ ရှမ်း​ပြည်နယ်နဲ့​ ကချင်ပြည်နယ်မှာ ဖြစ်​နေတဲ့​ တိုက်ပွဲ​တွေဟာ နိုင်ငံခြား​အရင်း​အနှီး​လုပ်ငန်း​တွေကို အ​ထောက်အကူပြုဖို့​ တိုက်တယ်လို့​ ကျ​နော်တို့​ အဲဒီလို မြင်တယ်ခင်ဗျ။ အဲဒီအ​ပေါ်မှာ ပြန်သုံး​သပ်ကြည့်​မယ်ဆိုရင် နိုင်ငံခြား​ အရင်း​အနှီး​လုပ်ငန်း​တွေကို အ​ထောက်အကူဖြစ်​စေဖို့​ အတွက် ကျ​နော်တို့​ တိုင်း​ရင်း​သား​တွေအချင်း​ချင်း​၊​ ကျ​နော်တို့​ နိုင်ငံသား​အချင်း​ချင်း​ ဒီလို သတ်ဖြတ်​နေရတာက ပိုပြီး​တော့​ အရုပ်ဆိုး​တယ်လို့​ ကျ​နော်မြင်တယ်။ ဒီ မြစ်ဆုံဆည်ထက်ကို ပိုပြီး​တော့​တောင် ကျ​နော်တို့​ နိုင်ငံရဲ့​ ဒီ အနာဂတ်ကို ထိခိုက်​စေတယ်လို့​ ကျ​နော်မြင်တယ်။ အဲဒါ​ကြောင့်​ အဲဒီကိစ္စမှာ သက်ဆိုင်ရာ လူထုအဖွဲ့​အစည်း​တွေက​ရော၊​ အစိုး​ရက​ရော၊​ နိုင်ငံတကာက​ရော ဒါက​တော့​ အား​လုံး​က ပြန်လည်သုံး​သပ်ပြီး​တော့​ လိုအပ်တဲ့​ တွန်း​အား​တွေ ဖိအား​တွေ ​ပေး​ပါကြပါလို့​ ကျ​နော်က​တော့​ အဲဒီလို ​ပြောချင်တယ်။”  

A d v e r t i s e m e n t With Us

More News
Up