DVB Logo
Home
မြန်မာသတင်း
ရွှေဂက်စ် စီမံကိန်း​ကိုလည်း​ ရပ်တန့်​ပေး​ရန် ​တောင်း​ဆို
DVB
·
October 6, 2011
ရွှေဂက်စ် စီမံကိန်း​ကိုလည်း​ ရပ်တန့်​ပေး​ရန် ​တောင်း​ဆို
Donate to DVB

ဧရာဝတီမြစ်ဆုံ စီမံကိန်း​ကို ဆိုင်ငံ့​ထား​ပြီး​နောက် ရခိုင်ပြည်နယ် ​ကျောက်ဖြူမြို့​ က​နေ တရုတ်နိုင်ငံကို သွယ်တန်း​မယ့်​ ​ရွှေသဘာဝဓာတ်​ငွေ့​ပိုက်လိုင်း​တည်​ဆောက်မှု စီမံကိန်း​ကိုလည်း​ ရပ်ဆိုင်း​သင့်​ကြောင်း​ ​ရွှေဂက်စ် ဆန့်​ကျင်​ရေး​လှုပ်ရှား​မှုအဖွဲ့​က ​တောင်း​ဆိုလိုက်ပါတယ်။

ဒီက​နေ့​ ​ကြေညာချက်ထုတ်ပြန်​တောင်း​ဆိုလိုက်တာဖြစ်ပြီး​ ရခိုင်ပြည်နယ်၊​ မန္တ​လေး​တိုင်း​၊​ ရှမ်း​ပြည်နယ် တို့​အား​ ဖြတ်သန်း​သွား​မည့်​ ဓာတ်​ငွေ့​ပိုက်လိုင်း​ကြောင့်​ သဘာဝပတ်ဝန်း​ကျင် ထိခိုက်ပျက်စီး​မှု​တွေ၊​ ​ဒေသခံ ပြည်သူ​တွေရဲ့​ လူမှုစီး​ပွား​ရေး​ပျက်စီး​တွေ၊​ လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှုများ​ ရှိ​နေတာ​ကြောင့်​ ရပ်တန့်​ရန် ​တောင်း​ဆိုရခြင်း​ဖြစ်​ကြောင်း​ ​ကြေညာချက်မှာ ​ဖော်ပြထား​ပါတယ်။

ဒေသခံပြည်သူ​တွေရဲ့​ စီး​ပျက်စီး​စေတဲ့​ အပြင်ပြည်သူ​တွေရဲ့​ အကျိုး​စီး​ပွား​ တစုံတရာ မရှိနိုင်တာ​ကြောင့်​ ရပ်တန်ဖို့​တောင်း​ဆိုတာလို့​ ​ရွှေဂက်စ် လှုပ်ရှား​မှု အဖွဲ့​က ကိုဝင်း​အောင်က ​ပြောပါတယ်။

“ဒီစီမံကိန်း​ကြောင့်​ လူမှု​ရေး​၊​ စီး​ပွား​ရေး​၊​ လူထု​တွေရဲ့​ဘဝ စီး​ပွား​ရေး​တွေကအစ အကုန်လုံး​ အနာဂတ်မဲ့​ ဖြစ်သွား​နိုင်မယ့်​ အ​နေအထား​တခုမှာ လူထု​တွေရဲ့​ အသံကို နား​ထောင်ဖို့​လိုတယ်။ ​နောက်တခုကလည်း​ ဒီစီမံကိန်း​က ဘယ်လိုမှ ပြည်သူလူထု​တွေအတွက် အကျိုး​စီး​ပွား​အတွက် သတ်သတ်မှတ်မှတ်ကြီး​ ပြဋ္ဌာန်း​ထား​တာမျိုး​လည်း​ မရှိဘူး​။ စီမံကိန်း​တွေ အ​ကောင်အထည်​ဖော်တဲ့​ ​နေရာမှာလည်း​ အလုပ်အကိုင် အခွင့်​အလမ်း​ကအစ ဘာမှ မရှိခဲ့​ဘူး​ပေါ့​နော်။ အဲဒါ​ကြောင့်​ ဒီစီမံကိန်း​က တရုတ်စီမံကိန်း​ဖြစ်တယ်။ တရုတ်​တွေက လာလုပ်တယ်။ ဒီစီမံကိန်း​ပြီး​သွား​ရင်လည်း​ တရုတ်နိုင်ငံကိုပဲ သူတို့​ရဲ့​ အရင်း​အမြစ်​တွေကို၊​ သူတို့​ရဲ့​ အနာဂတ်စီး​ပွား​ရေး​တွေကို ​ရောင်း​စား​မှာ ဖြစ်တဲ့​အတွက် ဒီဟာကို အကုန်လုံး​ ဝိုင်း​ဝန်း​ပြီး​တော့​ ဆန့်​ကျင်သင့်​တယ်။ အဲဒါ​ကြောင့်​ ဒီစီမံကိန်း​ကို ရပ်သင့်​တယ်လို့​ ကျ​နော်တို့​ အ​နေနဲ့​ ​တောင်း​ဆိုတာပါ။”

ရွှေဂက်စ်စီမံကိန်း​မှာ ကီလိုမီတာ ၂၈၀၀ ရှည်လျား​တဲ့​ ​ရေနံနဲ့​သဘာဝဓာတ်​ငွေ့​ ပိုက်လိုင်း​သွယ်တန်း​တည်​ဆောက်​ရေး​ စီမံကိန်း​ တို့​ပါဝင်​နေပါတယ်။

ဒီပိုက်လိုင်း​ က​နေတဆင့်​ မြန်မာပြည် အ​နောက်ဘက်ကမ်း​ရိုး​တန်း​ရှိ ကမ်း​လွန်သဘာဝဓာတ်​ငွေ့​သိုက်မှ သဘာဝဓာတ်​ငွေ့​နဲ့​ အ​ရှေ့​အလယ်ပိုင်း​ဒေသမှ တင်သွင်း​လာတဲ့​ ​ရေနံတို့​ကို မြန်မာပြည် အလယ်ပိုင်း​ကို ဖြတ်သန်း​ပြီး​ တရုတ် ပြည်အ​နောက်​တောင်​ဒေသကို တင်ပို့​မှာ ဖြစ်ပါတယ်။ ဒီပိုက်လိုင်း​ဟာ ပြီး​စီး​သ ​လောက်ဖြစ်​နေပြီလို့​လည်း​ ကိုဝင်း​အောင်က ​ပြောပါတယ်။
ဒီသဘာဝဓာတ်​ငွေ့​ ​ရောင်း​ချခြင်း​ဖြင့်​ မြန်မာအစိုး​ရဟာ အ​မေရိကန်​ဒေါ်လာ ၂၉ ဘီလီယံ​လောက်ကို ရရှိမှာဖြစ်​ပေမယ့်​ အဲဒီ​ငွေ​တွေကို လူမှုဖွံ့​ဖြိုး​တိုး​တက်​ရေး​အတွက် အသုံး​ပြုမှာ မဟုတ်ဘူး​ဘဲ လူနည်း​စုဖြစ်တဲ့​ စီး​ပွား​ရေး​သမား​တွေနဲ့​ တရုတ်ကပဲ အကျိုး​ရရှိမှာဖြစ်တာ​ကြောင့်​ ဆန့်​ကျင်ကြဖို့​ တိုက်တွန်း​တာလို့​ ​ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013