DVB Logo
Home
မြန်မာသတင်း
သတင်း​ထောက်များ​၏အ​ကြောင်း​ အထူး​စုံစမ်း​စစ်​ဆေး​ရေး​အဖွဲ့​က လိုက်လံ​မေး​မြန်း
DVB
·
October 6, 2011
Donate to DVB

ရန်ကုန်က ဂျာနယ်သတင်း​ထောက်တချို့​နဲ့​ မြန်မာနိုင်ငံ အ​ခြေစိုက် ပြည်ပသတင်း​ဌာန​တွေက သတင်း​ထောက်တချို့​ကို အထူး​စုံစမ်း​စစ်​ဆေး​ရေး​အဖွဲ့​က လိုက်လံစုံစမ်း​မေး​မြန်း​နေပါတယ်။

ကာယကံရှင်သတင်း​ထောက်​တွေကို ​မေး​မြန်း​စုံစမ်း​တာမဟုတ်ဘဲ သူတို့​ ​နေအိမ်နဲ့​ ​နေထိုင်တဲ့​ ရပ်ကွက်ရုံး​တွေကို သွား​ရောက်ပြီး​ ဗုဒ္ဓဟူး​နေ့​က ​မေး​မြန်း​စုံစမ်း​ခဲ့​တာပါ။

ရပ်ကွက်ထဲ ​နေထိုင်ခြင်း​ရှိမရှိ၊​ သတင်း​ထောက်လုပ်တာ ဟုတ်မဟုတ် စတာ​တွေ ​မေး​မြန်း​စုံစမ်း​ကြတာလို့​ အယ်ဒီတာတဦး​က ​ပြောပါတယ်။

အခုလို ​မေး​မြန်း​စုံစမ်း​တာ​တွေ မလုပ်ခင်ကတည်း​က သတင်း​ယူတဲ့​နောက် တ​ကောက်​ကောက်လိုက်တာမျိုး​တွေ မကြာခဏကြုံရတယ်လို့​ သတင်း​ဂျာနယ်အယ်ဒီတာတဦး​က ​ပြောပါတယ်။

အထူး​သဖြင့်​ ​နေပြည်​တော် လွှတ်​တော် သတင်း​သွား​ယူအခါမျိုး​တွေမှာ သန့်​စင်ခန်း​ဝင်တာကအစ ​နောက်က​နေ ​နောက်​ယောင်ခံ လိုက်ကြည့်​နေတာမျိုး​ထိ ကြုံကြရတာလို့​လည်း​ ဆိုပါတယ်။

သတင်း​ရေး​သား​ဖော်ပြခွင့်​ကို အရင်ကထက်ပိုပြီး​ ​ဖော်ပြခွင့်​ပေး​နေချိန်မှာ အခုလိုမျိုး​ သတင်း​ထောက်​တွေကို လိုက်လံစုံစမ်း​မေး​မြန်း​တာ၊​ တ​ကောက်​ကောက် ​နောက်​ယောင်ခံ လိုက်​နေတာမျိုး​တွေကို လုပ်​နေတာနဲ့​ပတ်သက်လို့​ ရန်ကုန်တိုင်မ်း​ မီဒီယာဂရုပ်ဖ်ရဲ့​ အမှု​ဆောင်အရာရှိချုပ် ဦး​ကိုကို (စက်မှု) က ခုလို​ပြောပါတယ်။

“ကျ​နော်တို့​ သတင်း​အဖွဲ့​တွေက ဒီအတိုင်း​ မှတ်ပုံတင်ပြပြီး​ ဝင်ကြရတာ မဟုတ်ဘူး​။ ရုပ်ရှင်ရုံမှာလို လက်မှတ်ဖြတ်ပြီး​ ဝင်လို့​ရတာမျိုး​မှ မဟုတ်တာ။ ကျ​နော်တို့​ အကုန်လုံး​က ကြိုတင်ပြီး​တော့​ အသိမှတ်ပြုထား​ရတယ်။ နိုင်ငံခြား​သတင်း​ထောက်​တွေဆိုရင်လည်း​ အသိအမှတ်ပြုပြီး​တော့​မှ တရား​ဝင် ဖြတ်သန်း​ပြီး​တော့​မှ စိစစ်ပြီး​တော့​မှ ခွင့်​ပြုထား​တဲ့​ လူ​တွေပဲ ဖြစ်တယ်။ လွှတ်​တော် သတင်း​ယူတယ်ဆိုရာမှာလည်း​ သတင်း​ယူမှာကို ကျ​နော်တို့​က တန်း​ပြီး​တော့​ မင်း​သွား​ဆိုပြီး​ သတင်း​ယူရတာမျိုး​လည်း​ မဟုတ်ဘူး​။ ကြိုတင်ပြီး​တော့​ လိုအပ်တဲ့​ ကိုယ်​ရေး​အချက်အလက်​တွေ ဘာ​တွေနဲ့​ ဖြည့်​စွက်ပြီး​တော့​မှ ယူရတဲ့​ လူ​တွေဖြစ်ပါတယ်။ ဆိုလိုတာက​တော့​ စိစစ်ခံပြီး​မှ ခွင့်​ပြုထား​တဲ့​ လူ​တွေ ဖြစ်တဲ့​အတွက်​ကြောင့်​ ဒီလူ​တွေကို​တော့​ ကျ​နော်က​တော့​ သတင်း​ယူတဲ့​အချိန်မှာ လွတ်လွတ်လပ်လပ် သတင်း​ယူခွင့်​ ​ပြော​စေချင်တယ်။

“လွှတ်​တော်လိုဟာ မျိုး​ကို​တောင်မှ လွတ်လွတ်လပ်လပ် ​ပြောဆို​ဆွေး​နွေး​ခွင့်​ ရ​နေပြီး​ နိုင်ငံ​ရေး​နဲ့​ ပတ်သက်တာ အရင်တုန်း​က​တော့​ နိုင်ငံ​ရေး​အရ အစိုး​ရကို ​ဝေဖန်တာ​တွေ ​ပြောလို့​ မရဘူး​ဗျာ။ ​ဝေဖန်တာ​ပြောမိရင် ဒုက္ခ​ရောက်တယ်။ အခု ​ဝေဖန်​ပြောဆိုမှု​တွေကို​တောင်မှ တရား​ဝင်ခွင့်​ပြု​နေပြီ အခုဆိုရင် ငြိမ်း​ချမ်း​စွာ ဆန္ဒပြခွင့်​လို ဟာမျိုး​ကို​တောင်မှ ဥပ​ဒေကြမ်း​တွေ ထွက်​နေတဲ့​အချိန်မှာ ဒီလိုမျိုး​ သတင်း​အဖွဲ့​တွေ ​နောက်က​နေ ​နောက်​ယောင်ခံလိုက်တာတို့​ တခုခု လုပ်တာမျိုး​က​တော့​ စိတ်အ​နှောင့်​အယှက် ​ပေး​ရုံကလွဲလို့​ ဘာမှ အကျိုး​မရှိဘူး​လို့​ ကျ​နော် မြင်တယ်ခင်ဗျ။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013