A d v e r t i s e m e n t With Us

ဆင်း​ရဲနွမ်း​ပါး​မှုပ​ပျောက်​ရေး​ချေး​ငွေကို အာဏာပိုင်နှင့်​နီး​စပ်သူများ​သာရ

ဧရာဝတီတိုင်း​ လပွတ္တာမြို့​နယ် ​ညောင်လိန်​ကျေး​ရွာမှာ ဆင်း​ရဲနွမ်း​ပန်း​မှု​လျှော့​ချ ​ရေး​အတွက် ရွာသား​တွေကို ​ငွေထုတ်​ပေး​ရာမှာ ​ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​က နီး​စပ်တဲ့​ သူ့​ရွာသား​တွေနဲ့​ ​ဆွေမျိုး​တွေကိုသာ ထုတ်​ပေး​ခဲ့​တယ်လို့​ ရွာသား​တွေက ​ပြောပါတယ်။ ပြီး​ခဲ့​တဲ့​ ​အောက်တိုဘာလ ၂ ရက်​နေ့​က ​ညောင်လိန်​ကျေး​ရွာက ရပ်ကွက်​တွေကို တအိမ်တ​ယောက် အစည်း​အ​ဝေး​ခေါ်ယူပြီး​ မြို့​နယ်အမျိုး​သမီး​ရေး​ရာနဲ့​ ​ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​က​နေပြီး​ တီဘီ တိုက် ဖျက်​ရေး​ဆိုပြီး​ ​ဟော​ပြောပွဲ​တွေ ပြုလုပ်ခဲ့​ပါတယ်။ ဟော​ပြောပွဲပြီး​ ကျန်တဲ့​ရွာသား​တွေကို ပြန်လွှတ်​ပေမယ့်​ ကညင်ကုန်း​ ရပ်ကွက်သား​တွေကို ဆက်​နေခိုင်း​ပြီး​ ​ညောင်လိန်​ကျေး​ အုပ်စုအုပ်ချုပ်​ရေး​မှုး​က ဆင်း​ရဲနွမ်း​ပါး​မှု ​လျှော့​ချ​ရေး​အတွက်ဆိုပြီး​ ​ငွေထုတ်​ပေး​ခဲ့​တာလို့​ ​ညောင်လိန်ရွာသား​ ကိုလင်း​လင်း​က ​ပြောပါတယ်။ “ဆင်း​ရဲ့​မှု​လျှော့​ချ​ရေး​နဲ့​ ​မွေး​မြူ​ရေး​ ဆိုပြီး​တော့​ မြို့​နယ်က တိရစ္ဆာန် ဆရာဝန် နဲ့​ ​ကျေး​ရွာ ဥက္ကဋ္ဌ ​ပေါင်း​ပြီး​ ကညင်ကုန်း​သား​ကိုသာလျှင် အကုန်လုံး​ထုတ်တယ်။ အမျိုး​မ​တော်တဲ့​ အိမ်ကို ၃ ​သောင်း​ထုတ်​ပေး​တယ်။ အမျိုး​တော်တဲ့​ အိမ် ၃၀ ကိုကျ​တော့​ ၁ သိန်း​ ၃ ​သောင်း​ ထုတ်​ပေး​တယ်။ အဲဒါ တညင်ကုန်း​ တကုန်း​တည်း​ ကွင်း​ပြီး​ ထုတ်သွား​တာ။ တကယ် ဆင်း​ရဲ​နေတဲ့​လူ​တွေ လက်လုပ်လက်စား​တွေကျ​တော့​ ထုတ်မ​ပေး​ဘဲနဲ့​ ချမ်း​သာတဲ့​လူ​တွေကို ထုတ်​ပေး​တယ်ဆို​တော့​ နိုင်ငံ​တော် သမ္မတကြီး​ရဲ့​ လမ်း​ညွှန်ချက်နဲ့​ တခြား​စီပဲလို့​။ နာဂစ်တုန်း​ကလည်း​ အဆက်ဆက် ဒီလိုဖြစ်လာ​တော့​ မခံနိုင်​တော့​ဘူး​ ​ညောင်လယ်သား​တွေက။ ဒါ​ကြောင့်​ ကျ​နော်က တင်ပြတာပါ။” အဲဒီ​ချေး​ငွေဟာ ဧရာဝတီတိုင်း​မွေး​မြူ​ရေး​ဌာနက အတိုး​ ၂ ကျပ်နှုန်း​နဲ့​ ထုတ်​ချေး​တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့​ပတ်သက်ပြီး​ ​ညောင်လိန်​ကျေး​ ရွအုပ်ချုပ်​ရေး​မှူး​ ဦး​နေဝင်း​မြင့်​ကိုဆက်သွယ်ခဲ့​ပေမယ့်​ မရခဲ့​ပါဘူး​။ ဒါ​ပေမယ့်​ သူ့​ဆွေး​မျိုး​နီး​စပ်သူတဦး​က​တော့​ ​မွေး​မြူ​ရေး​လုပ်နိုင်တဲ့​ အရည်အချင်း​ရှိသူနဲ့​ ​ချေး​ငွေပြန်ဆပ်နိုင်မယ့်​သူကိုသာ ​ချေး​ပေး​တာလို့​ ​ပြောပါတယ်။ “သူ​ပြောတာက​တော့​ အထက်က လမ်း​ညွှန်မှုနဲ့​ သူလည်း​ လုပ်တယ် ​ပြောတာပဲ။ မယကတို့​ ခယကတို့​က လှမ်း​ညွှန်တာတဲ့​။ ဒီ ကညင်ကုန်း​ရွာကို ​ပေါ့​နော်။ အဲဒါ​ကြောင့်​ သူတို့​ ဆင်း​လာတာပါတဲ့​ အဲဒီလို ​ပြောတာ ကြား​တာပဲ။” စုစု​ပေါင်း​ ​ငွေ​ကြေး​ သိန်း​ ၅၀ ​ကျော်ကို ကညင်ကုန်း​ရွာ အိမ်​ခြေ ၉၀ ​ကျော်အတွက် ထုတ်​ချေး​ပေး​ခဲ့​တာလို့​ ဆိုပါတယ်။ ၃ ​သောင်း​နဲ့​ ၁ သိန်း​တို့​ ခွဲ​ပေး​တာနဲ့​ပတ်သက်လို့​လည်း​ အခုလို ​ပြောပါတယ်။ “ဝက်​မွေး​မယ့်​လူက ၁ သိန်း​ပေါ့​နော်။ ကြက်​မွေး​မယ့်​လူက ၃ ​သောင်း​ပေါ့​။ ဝက်က အရင်း​အနှီး​ကြီး​တယ် ဆိုပြီး​တော့​ ဝက်သမား​ကို ၁ သိန်း​ပေး​တာ​လေ။ ​ငွေက ၂ ကျပ် တိုး​နဲ့​ ​ချေး​တာ။ ​ချေး​ပြီး​တော့​ သူတို့​ အဲဒီဟာ ဝယ်ရမယ်​ပေါ့​။ ဘယ်​နေ့​ လာစစ်မယ်​ပေါ့​ အဲဒါ​ပြောတယ်။” ငွေထုတ်​ချေး​ပေး​ပြီး​ ပြန်မဆပ်နိုင်မှာကို စိုး​ရိမ်တဲ့​အတွက် အခုလို သူနဲ့​နီး​စပ်တဲ့​ ရွာသား​တွေနဲ့​ သူ့​ဆွေမျိုး​တွေကို ထုတ်​ချေး​တာ ဖြစ်နိုင်တယ်လို့​လည်း​ ဆိုပါတယ်။ မွေး​မြူ​ရေး​ဌာနက ဆင်း​ရဲနွမ်း​ပါမှု​လျှော့​ချ​ရေး​အတွက်ဆိုပြီး​ ပထမဆုံး​အကြိမ် ​ငွေထုတ်​ချေး​ပေး​တာလို့​ ​ပြောပါတယ်။ တကယ့်​ ဆင်း​ရဲသူ​တွေက မရဘဲ ချမ်း​သာတဲ့​သူ​တွေ၊​ ​ကျေး​ရွာ အုပ်ချုပ် ​ရေး​မှူး​နဲ့​နီး​စပ်တဲ့​သူ​တွေသာ ရရှိ​နေတာ​ကြောင့်​ နိုင်ငံ​တော်သမ္မတညွှန်ကြား​ချက် နဲ့​ လွဲ​နေတဲ့​အတွက် လာ​ရောက်စစ်​ဆေး​ပေး​ဖို့​လည်း​ ​ညောင်လိန်​ကျေး​ရွာသား​တွေက ​တောင်း​ဆိုကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up