A d v e r t i s e m e n t With Us

လယ်​ဝေး​က တံတား​ သမ္မတလာမှ အား​ချင်း​ပြင်

လယ်​ဝေး​မှာ လွန်ခဲ့​တဲ့​ လပိုင်း​က ​ရေကြီး​ပြီး​ တံတား​တွေပျက်စီး​တာ​ကြောင့်​ သွား​ရေး​လာ​ရေး​ ခက်ခဲ​နေရာက​နေ သမ္မတ ဦး​သိန်း​စိန်မလာခင် အမြန်ပြင်ဆင်​နေတာ​ကြောင့်​ တံတား​ပြီး​စီး​လုပြီလို့​ နယ်​မြေခံ​တွေက ​ပြောပါတယ်။ ပြင်ဆင်တဲ့​တံတား​ဟာ ​ပေ ၃၀၀ ​ကျော်ခန့်​ရှိ ​ချောင်း​စုတံတား​ဖြစ်ပြီး​ လွန်ခဲ့​တဲ့​ တလ​ကျော်ခန့်​က ​ရေကြီး​မှုမှာ ပျက်စီး​ခဲ့​တာဖြစ်ပါတယ်။ ချောင်း​စုတံတား​ကို သံကူကွန်ကရစ်အမျိုး​အစား​ တံတား​အဖြစ် ပြုပြင်​နေတယ်လို့​ ဆိုပါတယ်။ ​ချောင်း​စုတံတား​နဲ့​အတူ ပျက်စီး​ခဲ့​တဲ့​ စီမံကိန်း​တံတား​ကို​တော့​ မပြင်ရ​သေး​ပါဘူး​။ တံတား​ပျက်​နေတဲ့​ တလတာအတွင်း​မှာ လယ်​ဝေး​မြို့​ခံ​တွေ အဲဒီတံတား​ကို ဖြတ်ပြီး​ နာ​ရေး​ကိစ္စ​ဆောင်ရွက်ရာမှာ အခက်ကြုံခဲ့​ရတယ်လို့​ မြို့​ခံတဦး​က ဆိုပါတယ်။ “သင်္ချိုင်း​ပို့​တာက ကျ​နော်တို့​ မပို့​နိုင်​တော့​ဘူး​ဗျာ။ ​ချောင်း​ထဲကို ထမ်း​လို့​ရှိရင် နှစ်​သောင်း​ပေး​ရတယ်။ ဆိုင်ကယ်​တွေဘာ​တွေက ​ဖောင်နဲ့​ကူး​ရင် တစီး​ကို ငါး​ရာ​ပေး​ရတယ်။ လူ​တွေက​တော့​ ​ရေနည်း​တဲ့​အခါ ​ခြေကျင်​လျှောက်ကြ​ပေါ့​။ သင်္ဂြိုဟ်တဲ့​ စရိတ်​တွေက တအား​တက်​နေ​တော့​ ပျဉ်း​မနား​ကို​ကျော်ပြီး​ တပ်ကုန်း​နယ်ထဲက ကျီ​တောင်ကန်နား​က သင်္ချိုင်း​ကို သွား​င်္ဂြိုဟ်ကြရတယ်” လို့​ ​ပြောပါတယ်။ အဲဒီတံတား​တည်ရှိတဲ့​ ချမ်း​သာကြီး​ရပ်ကွက်မှာ သစ်ကား​တွေ​ကြောင့်​ ထူ​ပြောတဲ့​ချိုင့်​ခွက်​တွေကို သမ္မတလာချိန်အမီ ​မြေဖို့​ပြီး​ ​ကျောက်ကြိတ်စက်နဲ့​ ကြိတ်ပြီး​ပြုပြင်ထား​ခဲ့​တာ​ကြောင့်​ ​ခေတ္တအဆင်​ပြေခဲ့​ကြောင်း​၊​ ဒါ​ပေမယ့်​ သမ္မတခရီး​စဉ်အပြီး​ မိုသည်း​သည်း​ရွာလိုက်တဲ့​အခါ ဗွက်ထပြီး​ စက်ဘီး​ သွား​မရ​လောက်​အောက် ပြန်ပျက်စီး​နေတယ်လို့​ ဆိုပါတယ်။ သမ္မတကြီး​ဟာ လယ်​ဝေး​မြို့​ကို ​ရောက်ခိုက်မှာ တပင်​ရွှေထီး​ရဲ့​ ခမည်း​တော် မင်း​ကြီး​ညိုလက်ထက် ဖို့​ခဲ့​တဲ ဆင်အုံကန်ကို ပြုပြင်မယ်၊​ အစိုး​ရသစ်ဟာ ကန်​တွေကို ပြုပြင်မယ်၊​ ပြည်သူ​တွေ ကံ​ကောင်း​ပါ​စေလို့​ မြို့​ခံ​တွေကို ​ပြောဆိုသွား​တယ်လို့​ ဆိုပါတယ်။ လယ်​ဝေး​မြို့​က ​ရေကြီး​မှုမှာ လယ်သူမနှစ်ဦး​ တံတား​နဲ့​အတူ နစ်​မျောအသက်ဆုံး​ရှုံး​ခဲ့​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up