Home
မြန်မာသတင်း
ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ရန်အသင့်​ဖြစ်​နေဟု ရှမ်း​ပြည်ပြန်လည်ထူ​ထောင်​ရေး​ကောင်စီ ​ပြော
DVB
·
October 5, 2011
ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ရန် နှုတ်ဖြင့်​ကမ်း​လှမ်း​လာတဲ့​အ​ပေါ်မှာ ရှမ်း​ပြည်တပ်မ​တော်၊​ ရှမ်း​ပြည်ပြန်လည်ထူ​ထောင်​ရေး​ကောင်စီက ကြိုဆိုလိုက်သလို စာနဲ့​တရား​ဝင် ကမ်း​လှမ်း​မယ်ဆိုရင် ​တွေ့​ဆုံ​ဆွေး​နွေး​ဖို့​ အသင့်​ရှိ​နေပြီလို့​ ဆိုပါတယ်။ [caption id="attachment_16183" align="alignright" width="310" caption="ဗိုလ်မှူး စိုင်းလောဝ်ဆိုင်"][/caption]   ရှမ်း​ပြည်နယ်အစိုး​ရက ရှမ်း​ပြည်​တောင်ပိုင်း​ ဌာ​နေပြည်သူ့​စစ်​ခေါင်း​ဆောင်​တွေက​နေတဆင့်​ ပြီး​ခဲ့​တဲ့​ရက်ပိုင်း​အတွင်း​က ကမ်း​လှမ်း​ခဲ့​တယ်လို့​ ရှမ်း​ပြည်ပြန်လည်ထူ​ထောင်​ရေး​ကောင်စီ ​ပြောခွင့်​ရ ဗိုလ်မှူး​ စိုင်း​လောဝ်ဆိုင်က ​ပြောပါတယ်။ “မ​ပြေလည်​သေး​တဲ့​ ပြဿနာ​တွေကို ငြိမ်း​ချမ်း​တဲ့​နည်း​နဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ အ​ဖြေရှာဖို့​အတွက် ကျ​နော်တို့​က​တော့​ ​ခေတ်အဆက်ဆက် နိုင်ငံ​တော် အစိုး​ရ​တွေကို ပန်ကြား​ထား​တာ​တွေ ရှိပါတယ်။ ဒီလိုကမ်း​လှမ်း​လာတာကို ကျ​နော်တို့​ကလည်း​ တရား​ဝင် ကိုယ်စား​လှယ်​တွေနဲ့​ တရား​ဝင်ပုံစံမျိုး​နဲ့​ ကမ်း​လှမ်း​လာတာမျိုး​ကို​တော့​ လိုလား​ပါတယ်။ အစိုး​ရဘက်က လိုလား​ချက်​တွေ ဆန္ဒသ​ဘောထား​တွေကို ​လေ့​လာကြည့်​ပြီး​မှ ကျ​နော်တို့​ဘက်က လိုလား​တဲ့​ ​အေး​ချမ်း​သာယာ​ရေး​ ကိစ္စ​တွေကို ​ပြောသွား​မှာပါ။” ပြီး​ခဲ့​တဲ့​ စက်တင်ဘာလအ​စောပိုင်း​ကလည်း​ သမ္မတဦး​သိန်း​စိန်ရဲ့​ ငြိမ်း​ချမ်း​ရေး​အစီအစဉ် အမိန့်​ထုတ်ပြန်ချက်ကို ကိုး​ကား​ပြီး​ ထိုင်း​အမျိုး​သား​လုံခြုံ​ရေး​ကောင်စီဘက်ကလည်း​ ငြိမ်း​ချမ်း​ရေး​လုပ်ဖို့​ ​မေး​မြန်း​ခဲ့​သေး​တယ်လို့​ ဗိုလ်မှူး​ စိုင်း​လောဝ်ဆိုင်က ​ပြောပါတယ်။ အစိုး​ရနဲ့​ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​တဲ့​အခါမှာ တဖွဲ့​ချင်း​နဲ့​ပဲ ​ဆွေး​နွေး​သည်ဖြစ်​စေ၊​ အစုအဖွဲ့​နဲပဲ​ဆွေး​နွေး​သည်ဖြစ်​စေ ကြား​က​နေ ပါဝင်ညှိနှိုင်း​ပေး​မယ့်​သူ ပါပါ မပါပါ အဓိကက​တော့​ ထွက်လာတဲ့​ရလဒ်​ပေါ်မှာပဲ မူတည်ပြီး​ ဒီရလဒ်ဟာ အစိုး​ရ​စေတနာ​ပေါ်မှာ မူတည်တယ်လို့​ သူက ​ပြောပါတယ်။ ရှမ်း​ပြည်တိုး​တက်​ရေး​ပါတီက​တော့​ သူတို့​အဖွဲ့​ဟာ ညီညွတ်​သော တိုင်း​ရင်း​သား​လူမျိုး​များ​ဖက်ဒရယ်​ကောင်စီဝင် ဖြစ်တဲ့​အတွက် တဖွဲ့​ချင်း​အ​နေနဲ့​ ​ဆွေး​နွေး​မှာမဟုတ်ဘဲ ယူအန်အက်ဖ်စီအ​နေနဲ့​ပဲ ​ဆွေး​နွေး​မယ်လို့​ ပါတီ​ပြောခွင့်​ရ ဗိုလ်မှူး​ စိုင်း​လက ​ပြောပါတယ်။ လက်နက်စွဲကိုင်တိုက်ခိုက်​နေတဲ့​ တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​တွေနဲ့​ ငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်ဖို့​ သမ္မတဦး​သိန်း​စိန်က ဩဂုတ် ၁၈ ရက်​နေ့​မှာ အမိန့်​ထုတ်ပြန်ခဲ့​ပြီး​ ပြည်နယ်အစိုး​ရ​တွေကို ​ဖော်​ဆောင်ခိုင်း​ထား​ပါတယ်။ အင်အား​အကြီး​ဆုံး​လက်နက်ကိုင်အဖွဲ့​ဖြစ်တဲ့​ ဝပြည်​သွေး​စည်း​ညီညွတ်​ရေး​ပါတီနဲ့​ မိုင်း​လား​အဖွဲ့​ကို ပြည်​ထောင်စုအစိုး​ရ ငြိမ်း​ချမ်း​ရေး​ကိုယ်စား​လှယ်အဖွဲ့​တွေက ​ဆွေး​နွေး​ခဲ့​ပြီး​ ကချင်လွတ်လပ်​ရေး​အဖွဲ့​ကို ပြည်နယ်အဆင့်​ ငြိမ်း​ချမ်း​ရေး​ကိုယ်စား​ လှယ်​တွေ ​စေလွှတ်​ဆွေး​နွေး​ခဲ့​ပါတယ်။ မ​ရှေး​မ​နှောင်း​မှာဘဲ မွန်ပြည်သစ်ပါတီ၊​ ရှမ်း​ပြည်တပ်မ​တော်၊​ ကရင်အမျိုး​သား​အစည်း​အရုံး​ စတဲ့​ တိုင်း​ရင်း​သား​ လက်နက်ကိုင်အဖွဲ့​တွေကို သက်ဆိုင်ရာ ပြည်နယ်​တွေက အစိုး​ရကိုယ်စား​လှယ်​တွေက ကမ်း​လှမ်း​နေတာဖြစ်ပါတယ်။ မွန်ပြည်သစ်ပါတီက​တော့​ မွန်ပြည်နယ်အစိုး​ရနဲ့​ ​ဆွေး​နွေး​တဲ့​အခါ သူတို့​တဖွဲ့​တည်း​အ​နေနဲ့​ မဟုတ်ဘဲ ယူအန်အက်ဖ်စီ (ညီညွတ် ​သောတိုင်း​ရင်း​သား​လူမျိုး​များ​ဖက်ဒရယ်​ကောင်စီ) နဲ့​ပဲ ​ဆွေး​နွေး​ဖို့​ သ​ဘောထား​ရပ်တည်ချက်ရှိတယ်လို့​ ပါတီ​ပြောခွင့်​ရသူ နိုင်ဟံသာက ​ပြောပါတယ်။ ခုလာမယ့်​ သီတင်း​ပတ်အတွင်း​ မွန်ပြည်နယ်အစိုး​ရဘက်က ကိုယ်စား​လှယ်နဲ့​ မွန်ပြည်သစ်ပါတီက ကိုယ်စား​လှယ်​တွေ ​တွေ့​ဆုံကြဖို့​ပြင်ဆင်​နေပြီး​ ​တွေမယ့်​အချိန်နဲ့​ ​နေရာ ထုတ်​ပြောနိုင်ခြင်း​မရှိ​သေး​ဘူး​လို့​ ဆိုပါတယ်။  

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024