A d v e r t i s e m e n t With Us

၈၈ မျိုး​ဆက် ကို​ဌေး​ကြွယ် ကျန်း​မာ​ရေး​မ​ကောင်း​သဖြင့်​ ​ဆေး​စစ်ခံယူ

ကိုဌေးကြွယ်
ရခိုင်ပြည်နယ် ဘူး​သီး​တောင်​ထောင်မှာ နှစ်ရှည်​ထောင်ဒဏ်ကျခံ​နေရတဲ့​ ၈၈ မျိုး​ဆက် ​ကျောင်း​သား​ခေါင်း​ဆောင် ကို​ဌေး​ကြွယ်ကို ဘူး​သီး​တောင်က မြို့​နယ်​ဆေး​ရုံကိုထုတ်ပြီး​ ကျန်း​မာ​ရေး​ စစ်​ဆေး​နေရပါတယ်။ ကို​ဌေး​ကြွယ်ဟာ တလနီး​ပါး​ဖျား​နာခဲ့​ပြီး​ မသက်သာတဲ့​အတွက် ဘူး​သီး​တောင် အကျဉ်း​ထောင်က​နေထုတ်ပြီး​ အပြင်မြို့​နယ်​ဆေး​ရုံကိုထုတ်ပြီး​ ​ဆေး​စစ်ခဲ့​ရတယ်လို့​ သူ့​ယောက်ဖ ကိုဖြိုး​မင်း​သိန်း​က ​ပြောပါတယ်။ “​ဌေး​ကြွယ်က ည​နေပိုင်း​ ဖျား​နေတာ တလ​ကျော်​လောက်ရှိပြီ။ အဲဒီအတွက် ကို​ဌေး​ကြွယ်ကို ဓာတ်မှန်ရိုက်တယ်။ အီး​စီဂျီရိုက်တယ်။ အဲဒါကို ဘူး​သီး​တောင်​ဆေး​ရုံမှာ ထွက်ပြီး​လုပ်ရတယ်။ ​ထောင်​ဆေး​ရုံမှာ မရှိ​တော့​။ ကို​ဌေး​ကြွယ် ကျန်း​မာ​ရေး​ အ​ခြေအ​နေက နှလုံး​နည်း​နည်း​ကြီး​တယ်။ ည​နေပိုင်း​ဖျား​တာ​တော့​ ဓာတ်မှန်ရိုက်တာနဲ့​ ဘာမှထူး​ခြား​မှု မရှိဘူး​။ ​နောက်ထပ်​သွေး​တို့​၊​ ဆီး​တို့​စစ်ဖို့​အတွက် ကြိုး​စား​နေပါတယ်။ ရန်ကုန်က​နေ ​ဆေး​ဝါး​တွေပို့​ပေး​ဖို့​ လုပ်​နေတယ်။ ဟိုမှာ ဓာတ်မှန်တို့​၊​ အီး​စီဂျီရိုက်ထား​တာကို ရန်ကုန်မှာ သမား​တော်​တွေနဲ့​ ပြသမှာပါ။ သမား​တော်​တွေက ​သွေး​တို့​ဆီး​စစ်ဖို့​ ​ပြောလို့​ ​ထောင်ကိုတင်ပြထား​ပါတယ်။” ကို​ဌေး​ကြွယ်ဟာ ပထမအကြိမ်​ထောင်ကျတုန်း​ကလည်း​ သာယာဝတီ​ထောင်ထဲမှာ အူလမ်း​ကြောင်း​ပိတ်တဲ့​ရောဂါဖြစ်ခဲ့​ပြီး​ သာယာဝတီ​ဆေး​ရုံမှာ ခွဲစိတ်ကုသမှု ခံယူဖူး​ပါတယ်။ နိုင်ငံ​ရေး​အကျဉ်း​သား​များ​ကူညီ​စောင့်​ရှောက်​ရေး​အသင်း​ (့​မြန်မာနိုင်ငံ) က ​ပြောခွင့်​ရသူ ကို​ဌေး​အောင်က ကို​ဌေး​ကြွယ်ကို ​ထောင်ပြင်မှာ လုံ​လောက်တဲ့​ ​ဆေး​ဝါး​ကုသခွင့်​ပြုဖို့​ အစိုး​ရကို တိုက်တွန်း​ပြောဆိုပါတယ်။ “မြန်မာပြည်အကျဉ်း​ထောင်​တွေမှာ ​ထောင်ဆရာဝန်မရှိတာ ရှိသလို၊​ ​ထောင်​ဆေး​ရုံမရှိတာ​တွေလည်း​ ရှိပါတယ်။ တချို့​ထောင်​တွေက ​ထောင်​ဆေး​ရုံ၊​ ​ထောင်ဆရာဝန်ရှိ​ပေမယ့်​ ​ဆေး​ဝါး​ကုသမှုက အင်မတန်မှ နည်း​ပါတယ်။ ​အေ​အေပီပီ အ​နေနဲ့​က​တော့​ အကျဉ်း​သား​အား​လုံး​ကို စိုး​ရိမ်သလို၊​ ကို​ဌေး​ကြွယ်အတွက်လည်း​ စိုး​ရိမ်ပါတယ်။ အရင်တုန်း​ကလည်း​ သာယာဝတီ မြို့​နယ်​ဆေး​ရုံမှာ ခွဲစိတ်ကုသတာ မရလို့​ အင်း​စိန်ပြည်သူ့​ဆေး​ရုံကြီး​ကို ​ရွှေ့​ပေး​ရတယ်။ အခုလည်း​ ကျ​နော်တို့​ ​အေ​အေပီပီအ​နေနဲ့​ ​တောင်း​ဆိုချင်တာ​တော့​ ​ဆေး​ဝါး​ဆရာဝန် ပြည့်​စုံတဲ့​ဆေး​ရုံကြီး​ကို ​ပြောင်း​ရွှေ့​ကုသ​ပေး​သင့်​ပါတယ်။” ကို​ဌေး​ကြွယ်ဟာ ၂၀၀၇ ခုနှစ် က ​လောင်စာဆီ​ဈေး​နှုန်း​ မြင့်​တက်မှုနဲ့​ ကုန်​ဈေး​နှုန်း​ ကြီး​မြင့်​မှု​တွေကို ကန့်​ကွက်တဲ့​အ​နေနဲ့​ လမ်း​လျှောက်ခဲ့​ကြတဲ့​ ၈၈ မျိုး​ဆက်​ကျောင်း​သား​ခေါင်း​ဆောင်တဦး​ဖြစ်ပြီး​ ​ထောင်ဒဏ် ၆၅ နှစ်ကျခံ​နေရသူပါ။ မြန်မာနိုင်ငံရဲ့​ အကျဉ်း​ထောင်​တွေအတွင်း​မှာ လက်ရှိ ကျန်း​မာ​ရေး​မ​ကောင်း​တဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ ၁၅၄ ​ယောက် ရှိ​နေပြီး​ ​ဆေး​ဝါး​ကုသခွင့်​လုံ​လောက်စွာမရရှိဘဲ ကွယ်လွန်ခဲ့​ရသူ နိုင်ငံ​ရေး​အကျဉ်း​သား​ ၁၄၇ ​ယောက် ရှိခဲ့​တယ်လို့​ နိုင်ငံ​ရေး​အကျဉ်း​သား​များ​ ကူညီ​စောင့်​ရှောက်​ရေး​အသင်း​က ထုတ်ပြန်ထား​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up