DVB Logo
Home
မြန်မာသတင်း
မြစ်သား​မြို့​တွင် ​ရေကြီး​သဖြင့်​ ကြက်သွန်ခင်း​များ​ ပျက်စီး
DVB
·
October 5, 2011
မြစ်သား​မြို့​တွင် ​ရေကြီး​သဖြင့်​ ကြက်သွန်ခင်း​များ​ ပျက်စီး
Donate to DVB

မန္တ​လေး​တိုင်း​ မြစ်သား​မြို့​မှာ ဒီနှစ်အတွင်း​ မိုး​များ​နေတာ​ကြောင့်​ ကြက်သွန်ခင်း​ဧက ရာ​ပေါင်း​များ​စွာ ပျက်စီး​ကုန်တယ်လို့​ ​ဒေသခံတဦး​က ​ပြောပါတယ်။

ဒေသခံ ကို​အောင်မျိုး​က “​ကောင်း​ကင်မိုး​က ၆ လက်မနဲ့​ ၈ လက်မကြား​လောက်ရွာတယ်။ ​ဖောင်​တွေနစ်​တော့​ ပြန်​တော့​ပေါ်ကုန်ကြပြီ။ ဒါ​ပေမယ့်​ ​ပေါ်တာ​နောက်ကျမယ်။ ပျက်စီး​ပါမယ်။ ကျ​နော်တို့​စိုက်ထား​တာ အား​လုံး​ပေါင်း​ ဧက ၁၀၀၀ ​ကျော်​လောက်ရှိမယ်။ ၁၅၀၀ ​လောက်ရှိတဲ့​အထဲမှာ ၅ဝဝ​လောက်​တော့​ ပြုပ်သွား​ပြီထင်တယ်။ အား​လုံး​ထိတာကို ပြန်ပြီး​တော့​ ပြုပြင်ယူရလိမ့်​မယ်” လို့​ ​ပြောပါတယ်။

ကြက်သွန်ပင်ဟာ တလသား​ပင်​တွေဖြစ်ပြီး​ အား​လုံး​ အပင်ရင်း​က​နေ ကျွတ်ထွက်သွား​တာမဟုတ်တာ​ကြောင့်​ ပြန်ပြင်ယူလို့​ ရတန်သ​လောက်ရမယ်လို့​ ဆိုပါတယ်။

မိုး​ရေ​မျောတာ​ကြောင့်​ ဒီနှစ် ကြက်သွန်ပုံမှန်ထွက်ရက်က လာမယ့်​ ဒီဇင်ဘာလဆန်း​ပိုင်း​ဖြစ်​ပေမယ့်​ အခု ကြက်သွန်​ပေါ်ရက်​နောက်ကျပြီး​ ဒီဇင်ဘာလလယ်ပိုင်း​လောမှ ထွက်နိုင်ပြီး​ အပျက်အစီး​ပါမယ်လို့​ ​တောင်သူ​တွေက ခန့်​မှန်း​နေပါတယ်။

တချိန်တည်း​မှာ ဒီနှစ် မိုး​များ​ပေမယ့်​ မြစ်​ရေလုံ​လောက်​အောင် မတက်တဲ့​အတွက် ဧရာဝတီမြစ်တ​ကြောက ကျွန်း​မြေ​တွေ​ပေါ် ​ရေမ​ရောက်လို့​ စိုက်ပျိုး​ဖို့​ခက်​နေပြီး​ ​ရေတင်ကြရမယ့်​ အ​ခြေအ​နေကြုံတွေ့​နေရတယ်လို့​ ​ရေနံ​ချောင်း​ဒေသခံတဦး​က ​ပြောပါတယ်။

“မိုး​ရာသီက မြစ်​ရေတက်တဲ့​အချိန်မှာ ဧရာဝတီမြစ်ထဲမှာ ကျွန်း​မြေ​တွေ ရှိတယ်​လေ။ လူ​တွေ စိုက်ကြပျိုး​ကြတဲ့​မြေ​တွေက မိုး​ရာသီမှာ မြစ်​ရေတက်ပြီး​တော့​ မြစ်​ရေလွှမ်း​သွား​တယ်။ ပြန်ကျပြီး​မှ ပြန်စိုက်ကြရတာ။ အဲလိုအပြည့်​အဝ မလွှမ်း​ဘဲနဲ့​ ၂၅ ရာခိုင်နှုန်း​လောက်ပဲ လက်ကျန်ရှိတယ်။ ​ရေအပြည့်​အဝ မလွှမ်း​ဘူး​။ ​ရေနံ​ချောင်း​ မ​ကွေး​တိုင်း​တခုလုံး​ပေါ့​။ မန္တ​လေး​တိုင်း​ဘက်မှာ​ကော၊​ ကျွန်း​မြေ​တွေ အကုန်လုံး​ ​ရေမလွှမ်း​ဘူး​။ ​အောက်ဘက်​တွေ၊​ ပဲခူး​တိုင်း​ဘက်​တွေ​ကော ဧရာဝတီမြစ်တ​လျှောက်လုံး​မှာ ​ရေက အပြည့်​အဝ မလွှမ်း​ဘူး​။”

ဒီလိုဖြစ်တာဟာ ဆည်​မြောင်း​တာတမံ​တွေပိတ်ဆို့​ထား​တာ​ကြောင့်​ ဖြစ်တယ်လို့​ သူက တွက်ချက်​ပြောဆိုသွား​ပါတယ်။

“မြစ်ဆုံမှာ ​ရေကာတာမ​ဆောက်​သေး​ဘူး​။ မ​ဆောက်​သေး​ဘဲ ဒီလိုဘာ​ကြောင့်​ဖြစ်လည်း​ဆို​တော့​ ဧရာဝတီမြစ်ထဲကို စီး​ဆင်း​တဲ့​ မြစ်​ချောင်း​တို့​၊​ ယင်း​ချောင်း​တို့​ မုံး​ချောင်း​တွေ၊​ မန်း​ချောင်း​တွေ ​ချောင်း​လက်တက်​တွေမှာ ​ချောင်း​ပိတ်၊​ ​မြောင်း​ပိတ် ​ရေကာတာ​တွေ​ဆောက်တဲ့​အတွက် မြစ်ထဲကို ​ရေအပြည့်​အဝ မစီး​ဆင်း​တဲ့​အတွက် မြစ်က ​ရေအပြည့်​အဝ မလွှမ်း​ဘူး​ပေါ့​။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013