A d v e r t i s e m e n t With Us

တောဆင်ရိုင်းတကောင် အဆိပ်မြားဒဏ်ရာဖြင့် သေဆုံး

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်အတွင်းရှိ ရဲနွယ်ရေထိန်းတံခါးအနီးမှာ ပြင်းထန် အဆိပ်လူးမြားကြောင့် တောဆင်ရိုင်းတကောင် သေဆုံးနေတာကို ဇူလိုင် ၂၉ ရက်နေ့က တွေ့ရှိခဲ့ပါတယ်။ ဖြစ်စဉ်မှာ ဇူလိုင် ၂၉ ရက် နေ့လယ် ၁၂ လောက် ရဲနွယ်ရေထိန်းတံခါးအနီးမှာ ဆင်တကောင် ရေနစ်သေဆုံးနေကြောင်း သတင်းရလို့ သစ်တောဝန်ထမ်းတွေနဲ့ ဖဒိုနယ်မြေရဲတပ်ဖွဲ့စခန်းက တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးခဲ့ကြပါတယ်။ ဒီနောက်မှာတော့ ဇူလိုင် ၃၀ ရက်နေ့ မနက်ပိုင်းမှာ  ဆင်သေကို စက်လှေတွေနဲ့ ဆွဲယူပြီး ရဲနွယ်ရေထိန်းတံခါးအနီး ကုန်းပေါ်ကို ခက်ခဲစွာတင်ဆောင်ကာ ဆင်ဆရာဝန်တွေနဲ့ ခွဲစိတ်စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးချက်အရ ဆင်ရဲ့ ဘယ်ဘက်လည်ကုတ်အတွင်း နစ်မြုပ်နေတဲ့ ပြင်းထန်အဆိတ်တွေ ပါရှိတဲ့ မြားခေါင်းကျိုးတခုကို တွေရှိခဲ့တယ်လို့ သစ်တောဦးစီးဌာနက ပြောပါတယ်။ ဒီနောက် သစ်တောတာဝန်ရှိသူတွေက ဆင်ရဲ့ အဆွယ်ကို ဖြတ်ယူသိမ်းဆည်းပြီး ဆင်သေကို မီးရှိုးခဲ့ကြတယ်လို့ ဆိုပါတယ်။ အဆိုပါဆင်ဟာ ဟန်အမျိုးအစားဆင်ထီးဖြစ်ပြီး အမြင့် ၉ ပေ၊ လုံးပတ် ၁၃ ပေ၊ ဘယ်ဘက်အဆွယ် ၁၆ လက်မ၊ လုံးပတ် ၅ လက်မ၊ ညာဘက်အဆွယ် ၁၄ လက်မအရှည်၊ လုံးပတ် ၅ လက်မလောက် ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဆင်သေဆုံးအောင် အဆိပ်လူးမြားနဲ့ ပစ်ခတ်သူကို စုံစမ်းဖော်ထုတ်ပြီး အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ သတင်းနှင့်ဓာတ်ပုံ - ကျော်အောင် (ကညွတ်ကွင်း)    

A d v e r t i s e m e n t With Us

More News
Up