A d v e r t i s e m e n t With Us

သုံး​ခွမြို့​နယ် အဖွဲ့​ချုပ်လူငယ်တဦး​ အရိုက်ခံရ​ပြီး ​သေဆုံး

ရန်ကုန်တိုင်း​၊​ သုံး​ခွမြို့​နယ် ၉ ရပ်ကွက်​နေ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့ချုပ် လူငယ် တာဝန်ခံ ၂ ကိုနိုင်ဝင်း​ဟာ ​နေအိမ်အနီး​မှာ မ​နေ့​က အရိုက်ခံရ​ပြီး သေဆုံးသွား​ပါတယ်။ ကိုနိုင်ဝင်း​ဟာ သူငယ်ချင်း​ဖြစ်သူ ရဲတပ်သား​တဦး​နဲ့​ ​သောက်စား​နေရင်း​ အချင်း​များ​ပြီး​ မ​နေ့​က မနက် ၃ နာရီ​လောက်မှာ ​နောက်​စေ့​ခေါင်း​ကွဲဒဏ်ရာနဲ့​ အိမ်နား​မှာ ​သေဆုံး​နေတာလို့​ အစ်မဖြစ်သူက ​ပြောပါတယ်။ “သူတို့​နှစ်​ယောက်စကား​ပြောတာက​တော့​ သူကရဲ၊​ သူက ဒီမိုက​ရေစီ။ အဲလိုစကား​တွေပဲ တည​နေလုံး​ ထွက်တာ။ သူက မြင့်​တယ်၊​ ငါက မြင့်​တယ်ဆိုပြီး​ဖြစ်​နေတာ။ စကား​တွေလု​နေတာ ညမိုး​ချုပ်တဲ့​အထိပဲ။ အိမ်​ပေါ်က​နေအဆင်း​မှာ ​နောက်က​နေ တုတ်နဲ့​ရိုက်​တော့​ ​မှောက်လျက်ကြီး​ဖြစ်​နေတာ။ သူ့​ဒဏ်ရာက ​ခေါင်း​ကကွဲ​နေတယ်။ ​ခေါင်း​ကွဲတာ တချက်ပဲရှိတယ်။ စစ်ချက်​တွေက​တော့​ အ​သေအချာ ကျမတို့​ မသိရ​သေး​ဘူး​။” ကိုနိုင်ဝင်း​ကိုသတ်ခဲ့​သူဟာ ​မှော်ဘီ အမှတ် (၈) ရဲတပ်ရင်း​က ရဲတပ်သား​ဇင်မင်း​ထွန်း​ဖြစ်ပြီး​ သုံး​ခွရဲစခန်း​ ကို သွား​ရောက်အဖမ်း​ခံခဲ့​တယ်လို့​ သုံး​ခွရဲစခန်း​က ဒု-ရဲအုပ် တင်မင်း​လှိုင်က ဒီဗွီဘီကို ​ပြောပါတယ်။ ရဲတပ်သား​ ဇင်မင်း​ထွန်း​ကို ပုဒ်မ ၃၀၂ - လူသတ်မှုနဲ့​ အ​ရေး​ယူထား​ပြီး​ ခွင့်​မဲ့​ကာလမှာ အမှုကျူး​လွန်တာဖြစ်လို့​ အရပ်ဘက် တရား​ရုံး​မှာပဲ စစ်​ဆေး​သွား​မှာလို့​ ဒု-ရဲအုပ် တင်မင်း​လှိုင်က ​ပြောပါတယ်။ “သူတို့​တွေက အရင်တုန်း​ကလည်း​ သူငယ်ချင်း​တွေ​လေ။ အခု ဒီမှာပြန်လာရင်း​နဲ့​ သူငယ်ချင်း​ အချင်း​ချင်း​ ပြန်ဆုံတဲ့​အချိန်မှာ အရက်​သောက်ရင်း​နဲ့​ စကား​များ​ပြီး​ ရိုက်လိုက်တာ​ပေါ့​။ အခု​လော​လောဆယ်​တော့​ သူ့​ကို ပုဒ်မ ၃၀၂ နဲ့​ အ​ရေး​ယူထား​တယ်။ ရဲက လုပ်​ဆောင်ရမယ့်​ဟာ​တွေ လုပ်ပြီး​ရင်​တော့​ ကျ​နော်တို့​ တရား​စွဲမယ်။ အခု​လော​လောဆယ် လုပ်တုန်း​ပါပဲ။ အဲဒါနဲ့​ စွဲတင်ပြီး​ရင်​တော့​ တရား​သူကြီး​ရဲ့​ဆုံး​ဖြတ်ချက်အတိုင်း​ သူကျမှာ​ပေါ့​။” ရဲတပ်သား​ဇင်မင်း​ထွန်း​ကို သုံး​ခွမြို့​နယ်ရဲစခန်း​မှာပဲ ထိန်း​သိန်း​ထား​တယ်လို့​လည်း​ ​ပြောပါတယ်။ သေဆုံး​သူ ကိုနိုင်ဝင်း​ အသက် (၂၈) နှစ်ဟာ သုံး​ခွမြို့​နယ် အဖွဲ့​ချုပ် လူငယ်တာဝန်ခံ ၂ ဖြစ်ပြီး​ ဒီလ ၃ ရက်​နေ့​တုန်း​က အဖွဲ့​ချုပ်ရုံး​ချုပ်မှာ ကျင်း​ပတဲ့​ ရန်ကုန်တိုင်း​ မြို့​နယ်လူငယ်များ​ စုံညီအစည်း​အ​ဝေး​ကို တက်ရောက်ခဲ့​ပါ​သေး​တယ်။ ကိုနိုင်ဝင်း​ရဲ့​ရုပ်အ​လောင်း​ကို မနက်ဖြန် ​အောက်တိုဘာ ၆ ရက် မွန်း​လွဲပိုင်း​မှာ သင်္ဂြိုဟ် မယ်လို့​ သူ့​အစ်မက ​ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up