သက်ကြီးရွယ်အိုဥပဒေ ပြဋ္ဌာန်းတော့မည်ဟု ၀န်ကြီးပြော
DVB
·
July 31, 2016
သက်ကြီးရွယ်အိုဥပဒေကို မကြာခင်ပြဋ္ဌာန်းနိုင်တော့မယ်လို့ လူကယ်ပြန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောဆိုလိုက်ပါတယ်။
ဒီဥပဒေကိုရေးဆွဲပြီးစီးသွားပြီဖြစ်ပြီး လွှတ်တော်က အတည်ပြုဖို့ပဲ ကျန်တော့တယ်လို့ သူကဆက်ပြောပါတယ်။
ဒီဥပဒေပြဋ္ဌာန်းပြီးသွားရင် နိုင်ငံတကာမှာလို သက်ကြီးရွယ်အိုတွေဟာ နိုင်ငံတော်ရဲ့ ထောက်ပံ့မှုတွေကို ခံစားခွင့်ရရှိမှာဖြစ်ပါတယ်။
ဇူလိုင် ၃၁ ရက်မနက်ပိုင်းက အထက ၄ အလုံမှာ ပြုလုပ်တဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက လူမှုရေး လုပ်ငန်းများ လုပ်ဆောင်နေတဲ့ အသင်းအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လူမှုရေး အဖွဲ့အစည်းတွေ၊ ဖောင်ဒေးရှင်းတွေနဲ့ တွေ့ဆုံညှိနှိုင်းပွဲ အခမ်းအနားမှာ ဝန်ကြီးက ပြောဆိုခဲ့တာပါ။
သတင်းဓာတ်ပုံ - ဇေယျာချမ်းအေး