DVB Logo
Home
မြန်မာသတင်း
မတ္တရာတွင် စက်လှေနစ်မြုပ်၊ ဆရာ ၂ ဦးအပါအ၀င် ၃ ဦးပျောက်ဆုံး
DVB
·
July 30, 2016
မတ္တရာတွင် စက်လှေနစ်မြုပ်၊ ဆရာ ၂ ဦးအပါအ၀င် ၃ ဦးပျောက်ဆုံး
1 / 16
Donate to DVB

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ တုတ်ကြီးချောင်းအတွင်း စက်လှေတစင်းနစ်မြုပ်ပြီး စက်လှေပေါ်ပါ လစာထုတ်သွားတဲ့ ဆရာ ၂ ဦးအပါအ၀င် လူ ၃ ဦး ပျောက်ဆုံးနေပါတယ်။

ဇူလိုင် ၂၉ ရက် မနက်ပိုင်းက .မတ္တရာမြို့နယ်ရှိ ဆောက်ခြုံပေါက်ရွာက ဆရာဆရာမတွေ လိုက်ပါစီးနင်းလာတဲ့ စက်လှေဟာ အောက်ကင်းရွာအနီးက တံတားနဲ့ တိုက်မိပြီး မှောက်ခဲ့တာလို့ မြို့မိမြို့ဘ ဦးညီညီဦးက ပြောပါတယ်။

“မနေ့က ဆရာ ဆရာမတွေက လစာထုတ်ရှိတော့ ဆောက်ခြုံပေါက်ရွာကနေ .မတ္တရာမြို့ကိုလာတာ၊ စက်လှေပိုင်ရှင်ကလည်း ကျောင်းဆရာပဲဗျ၊ လာရင်းနဲ့ အောက်ကင်းရွာအနောက်ဘက်က လူကူးတံတားကမြင့်တယ်၊ မလွတ်လို့ သူက ပြန်အကွေ့မှာ စက်လှေက ရေစီးအားနဲ့ ပါပြီးတော့ ခါးကနေဖြတ်ပြီးတော့ တိုင်နဲ့ရိုက်ပြီး ကျိုးပြီးတော့ ပျက်စီးသွားတာပေါ့ဗျာ၊ မှောက်ပြီးတော့ စက်လှေပေါ်ပါတဲ့ ဆရာမ လင်မယားနှစ်ယောက်က ပျောက်သွားတယ်၊ ဒီနေ့ချိန်ထိပဲ၊ စက်လှေ မောင်းတဲ့သူရော။”

မြို့က မီးသတ်တပ်ဖွဲ့တွေနဲ့ လူငယ်တွေ စုပေါင်းပြီး ကယ်ဆယ်ရှာဖွေရေးလုပ်ရာမှာ လှေပေါ်ပါ လူ ၅ ဦးကို ကယ်တင်လိုက်နိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။

စက်လှေမှောက်တဲ့ အနီးနားပတ်ဝန်းကျင်တခုလုံးဟာ မိုးကြီးရေကြီးပြီး ရေပြင်ကျယ်ကြီး ဖြစ်နေတာပါ။

ပျောက်ဆုံးနေတဲ့ ဆရာ ဆရာမ တို့ဟာ .မတ္တရာမြို့နယ်၊ ဆောက်ခြုံပေါက်ရွာ မူလတန်းကျောင်းက ဆရာတွေဖြစ်ပြီး နာမည်နဲ့ အသက်တို့ကို မေးမြန်းစုံစမ်းနေတုန်းဖြစ်ကာ ရှာဖွေကယ်ဆယ်ရေးလည်း ဆက်လုပ်နေကြပါတယ်။

ဓာတ်ပုံ - ဦးကျော်ကျော်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013