နိုင်ငံရေးပါတီများ မျက်မှောက်နိုင်ငံရေးကာလ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ







482
ရန်ကုန်တိုင်းဒေသကြီး အခြေစိုက် နိုင်ငံရေးပါတီတွေရဲ့ မျက်မှောက်နိုင်ငံရေးကာလ အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ Orchid Hotel မှာ ဒီနေ့မနက်ပိုင်း စတင်ပြုလုပ်နေပါတယ်။
မျက်မှောက်နိုင်ငံရေးကာလ အရေးကြီးတဲ့ ၂၁ ရာစုပင်လုံညီလာခံကျင်းပတဲ့အခါမှာ တရားဝင်နိုင်ငံရေးပါတီတွေအားလုံး တက်ရောက်ခွင့်ရပြီး ပြည်ထောင်စုတစ်ခုလုံးဆိုင်ရာ ကိစ္စရပ်တွေကို တန်းတူရည်တူပါဝင်ဆုံးဖြတ်ခွင့်ရရေးနဲ့ နိုင်ငံရေးပါတီတွေများတာ၊ နိုင်ငံရေးပါတီမဟာမိတ်များတာတွေနဲ့ပတ်သက်ပြီး စုစည်းဆက်စပ်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်တွေကို ဆွေးနွေးကြမယ်လို့ သွာရောက်သတင်းယူနေတဲ့ DVB သတင်းထောက်ကပြောပါတယ်။
လူမျိုးရေးဘာသာရေး အကြောင်းပြုပေါ်ပေါက်နေတဲ့ ကိစ္စရပ်တွေပြေငြိမ်းရေးနဲ့ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကို စုပေါင်းပါဝင်တာဝန်ယူကျင်းပရေးတို့ကိုလည်း ထည့်သွင်းဆွေးနွေးသွားမှာဖြစ်ပြီးတော့ နိုင်ငံရေးပါတီ ၃၈ ပါတီပါဝင်တဲ့ အလုပ်ရုံဆွေးနွေးပွဲက ရရှိလာတဲ့ ရလဒ်တွေကိုတော့ ကြေညာချက်တစ်စောင်ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။
သတင်းနှင့်ဓာတ်ပုံ - ကိုမောင်