အိန္ဒိယတွင် ဆောက်လက်စ အဆောက်အဦကြီး ပြိုကျ၊ ၉ ဦး သေဆုံး (ရုပ်သံ)
DVB
·
July 30, 2016
အိန္ဒိယနိုင်ငံ အနောက်ပိုင်း ပူးနေးမြို့မှာ ဆောက်လုပ်ဆဲ အဆောက်အဦတလုံး ဇူလိုင် ၂၉ ရက်နေ့က ပြိုကျခဲ့လို့ အနည်းဆုံး လူ ၉ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရပါတယ်။
သေဆုံး ဒဏ်ရာရသူတွေဟာ လူနေအဆောက်အဦ စီမံကိန်းရဲ့ ၁၃ ထပ်မှာ ရှိနေတုန်းက ကွန်ကရစ်ကြမ်းခင်း ပြိုကျခဲ့တာလို့ အစီရင်ခံစာတွေက ဆိုပါတယ်။
ပူးနေး စည်ပင် ကော်ပိုရေးရှင်းရဲ့ ကော်မရှင်နာမင်းကြီး ကူနယ်လ် ကူးမားက ဒီမတော်တဆ ဖြစ်ရတာ နမော်နမဲ့နိုင်တာကြောင့် ဖြစ်တာလို့ ပြောပါတယ်။ ဒဏ်ရာရသူတွေကို အစိုးရ ဆေးရုံကို တင်ပို့ထားပြီး ရဲတွေက စုံစမ်းစစ်ဆေးနေပါတယ်။