DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေး ကော်မရှင်နှင့် ဝ တပ်ဖွဲ့တို့ ယနေ့ ဆွေးနွေးမည်
DVB
·
July 30, 2016
ငြိမ်းချမ်းရေး ကော်မရှင်နှင့် ဝ တပ်ဖွဲ့တို့ ယနေ့ ဆွေးနွေးမည်
Donate to DVB

ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကော်မရှင်နဲ့  ဝ အထူးဒေသ၂ ကိုယ်စားလှယ်တွေဟာ နေပြည်တော်မှာ ဒီနေ့ တွေ့ဆုံပြီး ၂၁ ရာစုပင်လုံညီလာခံမှာ ၀ တပ်ဖွဲ့ ပါဝင်မယ့် အခန်းကဏ္ဍနဲ့ ပတ်သက်လို့ အသေးစိတ် ဆွေးနွေးညှိနှိုင်းကြမှာ ဖြစ်ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မနေ့က ၀ နဲ့ မိုင်းလားတပ်ဖွဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ ငြိမ်းချမ်းရေးကော်မရှင်နဲ့ ဆက်လက်ဆွေးနွေးကြတဲ့အခါ  ရင်ထဲရှိတဲ့အတိုင်း မခြွင်းမချန် ဆွေးနွေးညှိ နှိုင်းကြဖို့ ပြောကြားထားပါတယ်။

အစိုးရနဲ့ အထူးဒေသ ၄  မိုင်းလားတပ်ဖွဲ့တို့လည်း ရန်ကုန်မှာ  အသေးစိတ် ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်လက်ပြုလုပ်ကြမှာ ဖြစ်ပါတယ်။

၂၁ ရာစုပင်လုံ ညီလာခံနဲ့ပတ်သက်လို့ ၀ အထူးဒေသ ၂ ရော၊ အထူးဒေသ ၄ မိုင်းလား ရောပါ နှစ်ဖွဲ့လုံးက ထောက်ခံတယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ကြပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်တွေအရ လက်ရှိ ကချင်ပြည်နယ် မိုင်ဂျာယန်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ စုံညီအစည်းအဝေးကျင်းပနေပါတယ်။

တချိန်တည်းမှာ တိုင်းရင်းသား လူမျိုးပေါင်းစုံ လူငယ် ၁ ထောင်ခန့်ကလည်း ရှမ်းပြည်နယ်ပင်လုံမြို့မှာ ဆွေးနွေးနေကြပါတယ်။

အစိုးရက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို လာမယ့်သြဂုတ်လ နောက်ဆုံးပတ်ထက်နောက် မကျပဲကျင်းပနိုင်ဖို့ ကြိုးပမ်းနေပြီး ပါဝင်သင့်သူတွေ ပါဝင်ခွင့်ရအောင် ဆွေးနွေးညှိနှိုင်းနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013