Home
မြန်မာသတင်း
အစိုး​ရတပ် စစ်​ကြောင်း​ ​ပေါ်တာဆွဲ၊​ မလိုက်သူများ​ ​ငွေ​ပေး​ကြရ
DVB
·
October 4, 2011
မြစ်ကြီး​နား​မြို့​က​နေ ဧရာဝတီမြစ် အ​ရှေ့​ဘက်ကမ်း​ကို ချီတက်​နေတဲ့​ အစိုး​ရစစ်တပ် စစ်​ကြောင်း​တွေက လမ်း​တ​လျှောက်မှာရှိတဲ့​ ​ကျေး​ရွာသား​တွေကို ​ပေါ်တာဆွဲ​နေပြီး​ ​ပေါ်တာမလိုက်ချင်တဲ့​သူ​တွေက ​ငွေ​ကြေး​ပေး​နေရပါတယ်။ ပြီး​ခဲ့​တဲ့​ရက်ပိုင်း​က မြစ်ကြီး​နား​က​နေ တာ​လောကြီး​ဘက်ကို ချီတက် သွား​တဲ့​ စစ်​ကြောင်း​တွေက ​ကျေး​ရွာသား​တွေကို ​ပေါ်တာအဖြစ် ဖမ်း​ဆီး​နေပြီး​ ​ပေါ်တာ အဖမ်း​ခံထား​ရတဲ့​သူ​တွေကို အိမ်က​နေ ​ငွေနဲ့​ လိုက်​ရွေး​နေကြရတယ်လို့​ မြစ်ကြီး​နား​ ​ဒေသခံတဦး​က အခုလို ​ပြောပါတယ်။ “တာ​လောကြီး​ကိုသွား​တဲ့​ စစ်​ကြောင်း​တွေက ဧရာဝတီမြစ်တ​လျှောက်မှာရှိတဲ့​ ရွာ​တွေကို တရွာပြီး​တရွာ ဖြတ်သန်း​သွား​တဲ့​အခါမှာ ​ပေါ်တာ​တွေ ဆွဲတယ်။ ​ပေါ်တာဆွဲတဲ့​ထဲမှာ တချို့​က ​ငွေ​ကြေး​တတ်နိုင်တဲ့​သူ​တွေ ပါလာ​တော့​ အိမ်ကိုမှာပြီး​ တ​ယောက် ငါး​သိန်း​နဲ့​ ​ရွေး​ခိုင်း​တယ်လို့​ပြောတယ်။ အဲဒီက လွတ်လာတဲ့​သူ​တွေက ကျ​နော့်​ကို ​ပြောပြတာ။ ​ငွေ​ကြေး​မတတ်နိုင်တဲ့​သူ​တွေက ​ပေါ်တာလိုက်ရတာ​ပေါ့​။ ဟိုး​ကပ်၊​ တာပ​ဒေါင်မှာ အခုက ရွာသား​တွေ ဘယ်သူမှ မရှိ​တော့​ဘူး​။” ပြီး​ခဲ့​တဲ့​ရက်ပိုင်း​တွေကစလို့​ ​မြောက်ပိုင်း​တိုင်း​စစ်ဌာနချုပ် (မပခ)၊​ မိုး​ကောင်း​အ​ခြေစိုက် အမှတ် ၃ စစ်ဆင်​ရေး​ကွပ်ကဲမှုစစ်ဌာနချုပ် (စကခ) လက်​အောက်ခံတပ်​တွေအပါအဝင် ​အောက်ပိုင်း​မှ မီး​ရထား​နဲ့​ ​ရောက်လာတဲ့​ တပ်မ လက်​အောက်ခံတပ်​တွေက ဧရာဝတီမြစ်အ​ရှေ့​ဘက်ဘက်ကမ်း​ရှိ ကချင်ပြည်လွတ်လပ်​ရေး​တပ်မ​တော်(​ကေအိုင်​အေ) တပ်စခန်း​တွေကို ထိုး​စစ်ဆင်တိုက်ခိုက်ဖို့​အတွက် ချီတက်​နေရာမှာ အခုလို ​ကျေး​ရွာသား​တွေကို ​ပေါ်တာဆွဲ​နေတာပါ။ မြစ်ကြီး​နား​မြို့​၊​ ​ခေမာသီရိရပ်ကွက်​နေ (၂)ဦး​ တာ​လောကြီး​အနီး​က ဟိုး​ကပ်တာပ​ဒေါင်း​ နယ်အတွင်း​ ​ပြောင်း​သွား​ကောက်စဉ် စစ်​ကြောင်း​နဲ့​ ​တွေ့​ပြီး​ ​ပေါ်တာအဖမ်း​ခံခဲ့​ရလို့​ ​ငွေ​ပေး​ ​ရွေး​ခဲ့​ရတယ်လို့​ မြစ်ကြီး​နား​မြို့​ခံတဦး​က ​ပြောပါတယ်။ “အဲဒီလူနှစ်​ယောက်က တ​ယောက်က ကိုညီ၊​ တ​ယောက်က ဦး​ဂမ်​အောင်၊​ မြစ်ကြီး​နား​မြို့​ ​ခေမာသီရိရပ်ကွက်မှာ​နေတယ်။ ဟိုး​ကပ်တာပ​ဒေါင်း​မှာ ဖမ်း​မိတယ်​ပြောတယ်။ အသက်က(၃ဝ)ရှိမှာ​ပေါ့​။ သူတို့​က ​ပြောင်း​ကုန်သည် ​တွေ​ပေါ့​။ ​ပြောင်း​စိုက်တဲ့​အချိန်မှာ ​ငွေကြို​ပေး​တယ်။ ခု ​ပြောင်း​ပေါ်တဲ့​အခါ ​ပြောင်း​သွား​ကောက်ရင်း​နဲ့​။ ​ပြောင်း​ကို စက်​လှေနဲ့​ တင်လိုက်ပြီး​မှ ဆိုင်ကယ်နဲ့​ ပြန်ခဲ့​တယ်​ပြောတယ်။ ဆိုင်ကယ်နှစ်စီး​လည်း​ သူတို့​ သိမ်း​သွား​တယ်တဲ့​။ ဆိုင်ကယ်လည်း​ မရ​တော့​တဲ့​အပြင် အိမ်ကို ပိုက်ဆံလှမ်း​မှာပြီး​ အိမ်က ပိုက်ဆံလာပို့​တဲ့​ခါမှ လွှတ်​ပေး​ခဲ့​တယ်​ပြောတယ်။ တ​ယောက် ငါး​သိန်း​ ​ပေး​လိုက်ရတယ်။ မြစ်ကြီး​နား​မြို့​က​နေ ထွက်ခွာ​နေတဲ့​ စစ်​ကြောင်း​တွေနဲ့​အတူ လား​ အ​ကောင်​ရေ ရာနဲ့​ချီ ယူ​ဆောင်သွား​နေတဲ့​ကြား​ကပဲ အခုလို ​ကျေး​ရွာသား​တွေနဲ့​ ​ဒေသခံ​တွေကို ​ပေါ်တာဆွဲ​နေတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024