A d v e r t i s e m e n t With Us

တန်ပိုကန့်​သတ်ချက်နှင့်​လမ်း​တံတား​ကြေး​ တိုး​ကောက်မှု​ကြောင့်​ ကုန်တန်ဆာခ မြင့်​တက်

အောက်တိုဘာ ၁ ရက်ကစပြီး​ ရန်ကုန်၊​ ဘုရင့်​နောင် ကုန်ကား​အသင်း​က ကုန်တန်ဆာခ​တွေ တိုး​မြှင့်​လိုက်ပါတယ်။ ကုန်ကား​တွေ တန်ပိုတင်ခွင့်​ မပြု​တော့​တာနဲ့​ လမ်း​တံတား​ကြေး​တွေ တိုး​ကောက်ခံလာတာ​ကြောင့်​ အခုလို ကုန်တန်ဆာခ​တွေ တိုး​ကောက်လာတာလို့​ ဆန်ကုန်သည်တဦး​က ​ပြောပါတယ်။ “ကျ​နော်တို့​လိုင်း​က ကုန်ကား​တွေက ၈ လပိုင်း​ကဆိုရင် ရန်ကုန်​တောင်ကြီး​ကို ဆန်တအိတ်ကို ၉၀၀ ​ပေး​ရတယ်။ ၉ လပိုင်း​က ရန်ကုန်-​တောင်ကြီး​ကို ဆန်တအိတ်ကို ၁၅၀၀ ​ပေး​ရတယ်။ အခု၁၀ လပိုင်း​ တရက်​နေ့​က​နေစပြီး​တော့​ ဆန်တအိတ်ကို ၂၂၀၀ ​ပေး​ရတယ်။ ​ခြောက်ဘီး​ကား​ကို တန်ပိုမတင်ရတဲ့​အခါ ​ခြောက်ဘီး​ကို ၁၆ တန်ပဲ သတ်မှတ်လိုက်တယ်။ ​လေး​တန်​လျော့​သွား​တယ်။ ဆယ်ဘီး​ကို ၂၁ တန်၊​ ​လေး​တန်​လျော့​သွား​တယ်။ ၁၂ ဘီး​ကို ၂၅ တန်ပဲ တင်ခွင့်​ပြုလိုက်တယ်။ အဲ​တော့​ တန်ပိုမတင်ရ​တော့​ဘူး​ဆိုပြီး​ သတ်မှတ်လိုက်​တော့​ တန်ဆာခ​ဈေး​တော့​ တက်သွား​တယ်။” ကုန်ကား​ပိုင်ရှင်တဦး​ကလည်း​ “လမ်း​တံတား​ကြေး​ပါတိုး​တယ်။ ဘယ်​လောက်တိုး​လဲဆိုရင် သံလွင်တံတား​က အရင်ဆိုရင် ၂၀၀၀၊​ ၃၀၀၀ ​ပေါ့​။ အခု ၇၀၀၀ ဖြစ်သွား​ပြီ။ တန်ပိုကို ပြန်​လျှော့​တဲ့​အပြင်ကို လမ်း​တံတား​ကြေး​ပါ ပြန်တက်လိုက်​တော့​ ကုန်​ဈေး​နှုန်း​တွေက မ​နေ့​ကစပြီး​ ၆၀ ဖြစ်သွား​ပြီ။ တပိဿာကို ၆၀ နှုန်း​ပေါ့​။ အရင်က ၄၀- ၄၅ ကျပ်ပဲ။ အရင်က ဆန်တအိတ်ဆိုရင် ၈၀၀၊​ အခု ၁၃၀၀၊​ ၁၅၀၀ ဖြစ်သွား​ပြီ။ ဘုရင့်​နောင်၊​ ရန်ကုန်က​နေ ဘား​အံကို။” အခုအချိန်က ကုန်ရှား​တဲ့​အချိန်ဖြစ်ပြီး​ ​ရှေ့​လ ကုန်တင်များ​တဲ့​ အချိန်ဆို ကုန်တန်ဆာခ​တွေ ပိုတက်လာဖို့​ ရှိတယ်လို့​လည်း​ ​ပြောပါတယ်။ စက်တင်ဘာလအထိ တင်​ဆောင်ခွင့်​ပြုထား​တဲ့​ ကုန်တန်ချိန်​တွေကို အာဆီယံ စံချိန်စံညွှန်း​အတိုင်း​ဆိုပြီး​ ထပ်​လျှော့​ချလိုက်သလို လမ်း​တံတား​ကြေး​တွေကိုလည်း​ တပြိုင်နက်တည်း​ တိုး​ကောက်လိုက်တာပါ။ အကျိုး​ဆက်အ​နေနဲ့​ ကုန်​ဈေး​နှုန်း​တွေ တက်လာဖို့​ရှိပြီး​ စား​သုံး​တဲ့​ အများ​ပြည်သူ​တွေပဲ ကုန်​ဈေး​နှုန်း​တက်တဲ့​ဒဏ် ခံရဖို့​ရှိတယ်လို့​ ကုန်သည်​တွေနဲ့​ ကုန်ကား​ပိုင်ရှင်​တွေက သုံး​သပ်​ပြောဆို​နေကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up