A d v e r t i s e m e n t With Us

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များကို လစာချီးမြှင့်ငွေပေးမည်

ဓာတ်ပုံ - Union Election Commission
နိုင်ငံ့ဝန်ထမ်းမဟုတ်တဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေမှာ တာဝန်ထမ်းဆောင်နေသူတွေကို လာမယ့် အောက်တိုဘာ ၁ ရက်ကစပြီး လစာချီးမြှင့်ငွေပေးအပ်သွားမယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ လစာနှုန်းထားတွေကတော့ ပြည်နယ်နဲ့တိုင်းကော်မရှင်ဥက္ကဋ္ဌ ကျပ် ၃၄၀၀၀၀နဲ့ အဖွဲ့ကျပ် ၃၁၀၀၀၀၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ကျပ် ၃၁၀၀၀၀ နဲ့ အဖွဲ့ဝင်ကျပ်၂၈၀၀၀၀၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ကျပ် ၂၈၀၀၀၀ နဲ့ အဖွဲ့ဝင် ကျပ် ၂၅၀၀၀၀၊ ရပ်ကျေးကော်မရှင်ဥက္ကဋ္ဌ ကျပ် ၉၀၀၀၀ နဲ့ အဖွဲ့ဝင်ကျပ် ၇၀၀၀၀ အသီးသီး သတ်မှတ်ထားပါတယ်။ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှာ တာဝန်ထမ်းဆောင်နေသူတွေအနေနဲ့ လစာ ချီးမြှင့်ငွေ စတင်ခံစားရတဲ့အချိန်ကစပြီး လက်ရှိခံစားခွင့်ပြုထားတဲ့ အစည်းအဝေးစရိတ် (နေ့တွက်စရိတ်) တွေကိုတော့ ခံစားခွင့်ရတော့မှာ မဟုတ်ဘဲခရီးစရိတ်သာ ခံစားခွင့်ပြုမယ်လို့ ဇူလိုင် ၂၅ ရက်စွဲနဲ့ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းလက်မှတ်ထိုး ထုတ်ပြန်တဲ့ အမိန့်ကြော်ငြာစာမှာ ဖော်ပြပါတယ်။ ခုလိုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်တွေကို လစဉ်ချီးမြှင့်ငွေတွေပေးဖို့ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အစည်းအဝေးမှာ သဘောတူ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up