DVB Logo
Home
မြန်မာသတင်း
လူသတ်မှု သံသယဖြင့် ဖမ်းဆီးထားသည့် မြန်မာ ၁၅ ဦးကို မလေးရှားရဲ ပြန်လွှတ်
DVB
·
July 29, 2016
လူသတ်မှု သံသယဖြင့် ဖမ်းဆီးထားသည့် မြန်မာ ၁၅ ဦးကို မလေးရှားရဲ ပြန်လွှတ်
Donate to DVB

မြန်မာအမျိုးသား ၄ ဦးကို သတ်ဖြတ်မှုနဲ့ ဖမ်းဆီးထားတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၅ ဦးကို မလေးရှားရဲတပ်ဖွဲ့က ပြန်လွှတ်ပေးလိုက်ပါတယ်။

ဘူကတ်မာတာဂျန်မှာ ဖြစ်ပွားတဲ့ လူ ၄ ဦး အသတ်ခံရမှုကိုတော့ ရဲက ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဇူလိုင် ၂၅ ရက်က ကွာလာလမ်ပူရှိ မြန်မာသံရုံး၊ ပီနန်အခြေစိုက် ဓနကုသလ နာရေးကူညီမှုအသင်း အကူအညီနဲ့ မြန်မာနိုင်ငံသားတွေကို စစ်ဆေးမေးမြန်းပြီး ပြန်လွှတ်ပေးလိုက်တာလို့ မလေးရှားသတင်းတွေမှာ ရေးပါတယ်။

မလေးရှားရဲတွေက လုံခြုံရေး ကင်မရာကို သုံးပြီး သံသယရှိတဲ့သူ တယောက်ကိုမှ မဖမ်းနိုင်ခဲ့သလို သူတို့အဖွဲ့အစည်းနဲ့  မြန်မာသံရုံးကတော့ လူသတ်သမား အစစ်ကို ဖမ်းဆီးဖို့ စောင့်ကြည့်နေတယ်လို့ ဓနကုသလ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌကိုကိုးကားပြီး သတင်းက ဖော်ပြပါတယ်။

မြန်မာနိုင်ငံသားတွေကို လုံခြုံစိတ်ချရတဲ့နေရာမှာ ပို့ဆောင်ထားတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ရွှေ့ပြောင်းအလုပ်သမားတွေ ဆန္ဒရှိတယ်ဆိုရင်တော့ ပြန်ပို့ပေးမယ်လို့လည်း သတင်းက ဖော်ပြပါတယ်။

ဇူလိုင် ၁၁ ရက်က အသက် ၃၀ အရွယ် မြန်မာနိုင်ငံသား ကိုကျော်ဆွေက အိမ်ရှေ့မှာ မော်တော်ဆိုင်ကယ်စီးလာတဲ့ လူအုပ်ရဲ့ လုယက်တာကို ခံရပါတယ်။

ဒီလိုလုယက်တာကို ဒီခြံထဲမှာ အတူနေတဲ့ မြန်မာ ၃ ဦးက ကူညီဖို့ ကြိုးစားတာကို လုယက်တဲ့လူအုပ်စုက ပြန်လည်တိုက်ခိုက်ခဲ့တဲ့အတွက် သူတို့ ၄ ဦးစလုံး သေဆုံးခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013