DVB Logo
Home
မြန်မာသတင်း
၎ နှစ်အရွယ်ကလေးမကို ပစ္စည်းလုသတ်ဖြတ်မှု ရုံးထုတ်စစ်ဆေး
DVB
·
July 29, 2016
၎ နှစ်အရွယ်ကလေးမကို ပစ္စည်းလုသတ်ဖြတ်မှု ရုံးထုတ်စစ်ဆေး
Donate to DVB

ညောင်တုန်းမြို့နယ်မှာ၂၀၁၅ စက်တင်ဘာလက ဖြစ်ပွားခဲ့တဲ့ အသက် ၄ နှစ်အရွယ် ကလေးကကို အသက် ၉ နှစ်နဲ့ ၁၁ နှစ်အရွယ် ကလေး ၂ ဦးက ပစ္စည်းလု သတ်ဖြတ်လိုက် တယ်လို့ ယူဆရတဲ့အမှုကို ဇူလိုင် ၂၈ ရက်နေ့က ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

ဧရာဝတီ တိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ နတ်ပေးကျေးရွာအုပ်စု၊ ဂျုံးဂျုံးကျ ကျေးရွာမှာနေထိုင်တဲ့ အသက် ၄ နှစ်အရွယ် မအိမြတ်နိုးဟာ ပြီးခဲ့တဲ့ ၂၀၁၅ စက်တင်ဘာလ ၈ ရက်နေ့ မွန်းလွဲပိုင်းက အသတ်ခံခဲ့ရပါတယ်။

အသက် ၉ နှစ်နဲ့ အသက် ၁၁ အရွယ် ယောက်ျားလေး ၂ ဦးက အသက်၎ နှစ်အရွယ် ကလေးရဲ့ နားကပ်ကို တောင်းယူရာက မရတဲ့အတွက် လုယက်သတ်ဖြတ်တဲ့အထိ ဖြစ်ပွားခဲ့ တာလို့ ယူဆထားကြပါတယ်။

ဒီကလေး ၂ ဦးကို ပုဒ်မ ၃၀၂၊ ပုဒ်မ ၃၉၂ တွေနဲ့ တရားစွဲဆိုခဲ့ပါတယ်။ အမှုကို ၂၀၁၆ ဖေဖော်ဝါရီကစပြီး မအူပင်မြို့နယ်တရားရုံး (ကလေးသူငယ်တရားရုံး)မှာ စစ်ဆေးနေပြီး ဒီတကြိမ်နဲ့ဆို ရုံးထုတ်စစ်ဆေးတာ ၁၄ ကြိမ်မြောက်ရှိပြီဖြစ်ပါတယ်။

အသတ်ခံခဲ့ရတဲ့ ကလေးရဲ့ အဘိုး ဦးသိန်းဇော်က “အခုဆို အခင်းဖြစ်ခဲ့တာ ၁၁ လထိ ရှိပြီ။ အမှုကို အမြန်ဆုံးပြီးချင်ပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး ကျနော်တို့ ရှေ့နေလည်း မငှားထားပါဘူး။ အစိုးရရှေ့နေကပဲ လုပ်ပေးနေပါတယ်။ အမှုက ရှင်းနေတယ်လေ။ ရှေ့နေငှားစရာမလိုဘူးလို့ပဲ ယူဆတယ်။ ထိုက်သင့်တဲ့ပြစ်ဒဏ်အတိုင်းပဲ ဖြစ်စေချင်တယ်” လို့ ဒီဗွီဘီ ကို ပြောပါတယ်။

လက်ရှိမှာ အသက် ၉ နှစ်အရွယ် ထွန်းလှိုင်ဝင်းနဲ့ အသက် ၁၁ နှစ်အရွယ် တိုးတက်ကျော်တို့ကို မအူပင်ထောင်မှာ ထိန်းသိမ်းထားပါတယ်။ ဒီအမှုဟာ ၂ ဖက်စလုံး ပြင်ပရှေ့နေမငှားဘဲ ရင်ဆိုင်နေတဲ့ အမှုလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013