A d v e r t i s e m e n t With Us

ကိုဇာဂနာကို ​ထောင်ဝင်စာ​တွေ့​ခွင့်​ပေး​ပြီ

စွယ်စုံအနုပညာရှင် လူရွှင်​တော် ဇာဂနာကို အာဏာပိုင်​တွေက ​ဆွေမျိုး​သား​ချင်း​တွေနဲ့​ ​ထောင်ဝင်စာ​တွေ့​ခွင့်​ ပြန်လည်ခွင့်​ပြုလိုက်ပါတယ်။ ကချင်ပြည်နယ် မြစ်ကြီး​နား​ထောင်မှာ ​ထောင်ဒဏ် ၃၅ နှစ် ကျခံ​နေရတဲ့​ ကိုဇာဂနာကို ​ဆွေမျိုး​သား​ချင်း​တွေနဲ့​ ​ထောင်ဝင်စာ ​တွေ့​ဆုံခွင့်​မ​ပေး​ဘဲ တနှစ်ခွဲ​လောက် တား​မြစ်ထား​ရာက ပြန်လည်​တွေ့​ခွင့်​ ပြုလိုက်တာပါ။ ပြီး​ခဲ့​တဲ့​ရက်ပိုင်း​က မြစ်ကြီး​နား​ထောင်မှာ ​ထောင်ဝင်စာ သွား​တွေ့​ခဲ့​တဲ့​ တခြား​နိုင်ငံ​ရေး​အကျဉ်း​သား​မိသား​စုက​နေတဆင့်​ အ​ကြောင်း​ကြား​လာလို့​ ​ထောင်ကို ဆက်သွယ်​မေး​မြန်း​ရာမှာ ဟုတ်မှန်​ကြောင်း​ အတည်ပြု​ပြောခဲ့​တယ်လို့​ ခယ်မဖြစ်သူ မငြိမ်း​က ​ပြောပါတယ်။ “အဲဒီသတင်း​အရင် စကြား​တယ်။ ကြား​ပြီး​တော့​မှ ညဖက်ကျမှ ​ထောင်ကို ဖုန်း​ဆက်ပြီး​မေး​တော့​ ဦး​စီး​အရာရှိက ​တွေ့​ခွင့်​ရပါပြီလို့​ ​ဖြေတယ်။ သန်း​ခေါင်စာရင်း​၊​ မှတ်ပုံတင် အစုံအလင်နဲ့​လာခဲ့​ရင် ​တွေ့​လို့​ရပါတယ်လို့​ ​ပြောပါတယ်။” ကိုဇာဂနာကို ​ထောင်ဝင်စာ ​တွေ့​ခွင့်​ပေး​လိုက်ပြီဖြစ်တဲ့​အတွက် ဒီလလယ်ပိုင်း​ သို့​မဟုတ် လကုန်ပိုင်း​ကျရင် သွား​တွေ့​ဖို့​ စဉ်း​စား​ထား​တယ်လို့​ မငြိမ်း​က ​ပြောပါတယ်။ ဒါ့​အပြင် အခုတ​လော မြန်မာနိုင်ငံတဝန်း​ အကျဉ်း​ထောင်​တွေမှာ ဖမ်း​ဆီး​ခံထား​ရတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို ပြန်လွှတ်​ပေး​ဖို့​ ​တောင်း​ဆိုမှု​တွေ ရှိ​နေသလို ကိုဇာဂနာ အပါအဝင် အကျဉ်း​ကျ​နေသူတချို့​ ပြန်လည်လွတ်​မြောက် လာ​တော့​မယ်ဆိုတဲ့​ သတင်း​တွေ ထွက်​ပေါ်​နေပါတယ်။ ဒီသတင်း​နဲ့​ ပတ်သက်ပြီး​ မငြိမ်း​က “မကြား​သေး​ပါဘူး​။ ​ကောလဟလက​တော့​ ပြီး​ခဲ့​တဲ့​တပတ်လုံး​က​တော့​ ဖြစ်​နေတာ။ မ​နေ့​ကထိ​တောင် ကိုသူရက ​နေပြည်​တော်ကို ​ရောက်​နေသလိုလို ​ပြော​နေကြတယ်။ အနုပညာ​လောကမှာလည်း​ ကြား​နေရတယ်။ ဖြစ်ရိုး​ဖြစ်စဉ်​တွေက ရှိတယ်။ နှစ်မ​စေ့​ပဲ လွတ်တဲ့​လူ​တွေက အိမ်တိုင်ရာ​ရောက် ပြန်ပို့​တတ်ကြတယ်။ နယ်​မြေခံအက်စ်ဘီ (အထူး​ရဲတပ်ဖွဲ့​) က​နေ အ​ကြောင်း​ကြား​မှ အမှန်ဖြစ်တယ်။” ကိုဇာဂနာဟာ ၂၀၀၈ ခုနှစ်မှာ တိုက်ခတ်ခဲ့​တဲ့​ နာဂစ် ဆိုင်ကလုန်း​မုန်တိုင်း​ကြောင့်​ ​ဘေး​သင့်​ခဲ့​ရတဲ့​ ဒုက္ခသည်​တွေကို အကူအညီ​ပေး​ရင်း​နဲ့​ အာဏာပိုင်​တွေရဲ့​ ဖမ်း​ဆီး​ခံခဲ့​ရတာပါ။

A d v e r t i s e m e n t With Us

More News
Up