A d v e r t i s e m e n t With Us

ဝ၊ မိုင်းလားအထူးဒေသ နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တွေ့ဆုံ (ဓာတ်ပုံ)

ဝနဲ့ မိုင်းလား အထူးဒေသ  က ၀ပြည်သွေးစည်း ညီညွတ်ရေးပါတီ ဒု-ဥက္ကဋ္ဌ ဦးပေါင်ယူယိ ဦးဆောင်တဲ့ အဖွဲ့ဝင် ၉၀ လောက်ဟာ  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့မနက် ၁၀ နာရီမှာ နေပြည်တော် သင်္ဂဟ ဟိုတယ်မှာ တွေ့ဆုံနေကြပါတယ်။ ၀ပြည်သွေးစည်း ညီညွတ်ရေးပါတီ ဒု-ဥက္ကဋ္ဌ ဦးပေါင်ယူယိ နဲ့ မိုင်းလား အထူးဒေသ(၄) ဥက္ကဋ္ဌ ဦးစိုင်းလင်း ဦးဆောင်တဲ့အဖွဲ့တို့ တခါတည်း ပူးတွဲတွေ့ဆုံတာဖြစ်ပါတယ်။ ဒီတွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံအကြိုပြင်ဆင်ရေးကော်မီတီ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းတို့ ပါဝင်တက်ရောက်ခဲ့ပါတယ်။ ၀ နဲ့မိုင်းလား အထူဒေသက အဖွဲ့ဝင် ၉၀ ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဖို့ ဇူလိုင် ၂၇ ရက်နေ့ကတည်းက နေပြည်တော်ကို ရောက်ရှိနေတာဖြစ်ပါတယ်။  

A d v e r t i s e m e n t With Us

More News
Up