DVB Logo
Home
မြန်မာသတင်း
တပ်​ပေါင်း​စုအ​နေဖြင့်​သာ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​မည်ဟု ​ကေအန်ယူ​ပြော
DVB
·
October 3, 2011
တပ်​ပေါင်း​စုအ​နေဖြင့်​သာ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​မည်ဟု ​ကေအန်ယူ​ပြော
Donate to DVB

ကရင်ပြည်နယ်အစိုး​ရက ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ဖို့​ ကမ်း​လှမ်း​ချက်အ​ပေါ် ညီညွတ်​သောတိုင်း​ရင်း​သား​လူမျိုး​များ​ ဖက်ဒရယ်​ကောင်စီ (ယူအန်အက်ဖ်စီ) အ​နေနဲ့​သာ ​ဆွေး​နွေး​မယ်လို့​ ​ကေအန်ယူက အ​ကြောင်း​ပြန်လိုက်ပါတယ်။

ကရင်အမျိုး​သား​အစည်း​အရုံး​ (​ကေအန်ယူ) ထံ ကရင်ပြည်နယ်အစိုး​ရ လုံခြုံ​ရေး​နှင့်​ နယ်စပ်​ရေး​ရာ ဝန်ကြီး​က ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ဖို့​အတွက် ကိုယ်စား​လှယ်အဖွဲ့​ တဖွဲ့​စေလွှတ်ခဲ့​တဲ့​အ​ပေါ် အ​ကြောင်း​ ပြန်ကြား​လိုက်တာပါ။

ပြိး​ခဲ့​တဲ့​အပတ်က ကရင်ပြည်နယ် အစိုး​ရလုံခြုံ​ရေး​နဲ့​ နယ်စပ်​ရေး​ရာဝန်ကြီး​ ဗိုလ်မှုး​ကြီး​အောင်လွင်က လက်မှတ်​ရေး​ထိုး​ပြီး​ ငြိမ်း​ချမ်း​ရေး​ရယူဖို့​ ပထမဆင့်​ လုပ်ငန်း​စဉ်အဖြစ် ပြည်နယ်အဆင့်​အစိုး​ရနဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ဖို့​ ​ကေအန်ယူကို ဖိတ်ကြား​ခဲ့​ပါတယ်။

ဒီဖိတ်ကြား​စာကို ကရင်ပြည်နယ်​ဒေသခံ ဘာသာ​ရေး​ နိုင်ငံ​ရေး​ နယ်ပယ်မှ ပုဂ္ဂိုလ်​တွေပါဝင်တဲ့​ ကိုယ်စား​လှယ်အဖွဲ့​က လာ​ရောက်​ပေး​ပို့​ကာ သ​ဘောထား​မေး​မြန်း​ခဲ့​တာပါ။

ကေအန်ယူ တွဲဖက်အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ၁ ဗိုလ်မှူး​စောလှ​ငွေက “ကျ​နော်တို့​ ငြိမ်း​ချမ်း​ရေး​ကို လိုလား​တယ်။ အပစ်အခတ် ရပ်စဲ​ရေး​ကို လိုလား​တယ်။ နိုင်ငံ​ရေး​အရ ​ဖြေရှင်း​ဖို့​ကိုလည်း​ လိုလား​တယ်။ ဒီကိစ္စကို ​ဆောင်ရွက်ဖို့​အတွက် ကျ​နော်တို့​က အစုအဖွဲ့​နဲ့​ အလုပ်လုပ်တဲ့​အတွက်​ကြောင့်​ UNFC (တိုင်း​ရင်း​သား​လူမျိုး​များ​ရဲ့​ ဖယ်ဒရယ်​ကောင်စီ) က​နေ ​ဆွေး​နွေး​မယ်။ ဒီ​နေရာကတဆင့်​ မလုပ်​တော့​ဘူး​။ ဗဟိုအစိုး​ရနဲ့​ပဲ တိုက်ရိုက်​ဆွေး​နွေး​မယ်။ ကျ​နော်တို့​ သ​ဘောထား​ကို ပြန်​ပြောပြလိုက်တယ်” လို့​ ​ပြောပါတယ်။

ဦး​သိန်း​စိန်အစိုး​ရအ​နေနဲ့​ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​လိုရင် အရင်လို တဖွဲ့​ချင်း​ ​ဆွေး​နွေး​ဖို့​မလိုဘဲ တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​ကြီး​များ​ ပူး​ပေါင်း​ဖွဲ့​စည်း​ထား​တဲ့​ ညီညွတ်​သော တိုင်း​ရင်း​သား​လူမျိုး​များ​ ဖက်ဒရယ်​ကောင်စီ UNFC နဲ့​သာ ​ဆွေး​နွေး​မယ်လို့​ တရား​ဝင်​ကြေညာထား​ပြီး​လည်း​ ဖြစ်ပါတယ်။

တဖွဲ့​ချင်း​တွေ့​ဆုံ​ဆွေး​နွေး​ပါက ကြုံ​တွေ့​ရနိုင်တဲ့​ အ​ခြေအ​နေကိုလည်း​ ပဒို​စောလှ​ငွေက အခုလို​ပြောပါတယ်။

“တဖွဲ့​ချင်း​ဆွေး​နွေး​ဖို့​က သူတို့​ရဲ့​ ​ပေါ်လစီပဲ​လေ။ ခွဲခြား​ပြီး​တော့​ တဖွဲ့​ချင်း​ ​ဆွေး​နွေး​ပြီး​တော့​ ​နောက်ပိုင်း​မှာ နိုင်ငံ​ရေး​ စစ်​ရေး​ ကစား​တာပဲ။ ကျ​နော်တို့​ အ​တွေ့​အကြုံအရ သိတာပဲ။”

သမတဦး​သိန်း​စိန် အစိုး​ရက ခုလို ငြိမ်း​ချမ်း​ရေး​ စကား​ပြောဖို့​ ကမ်း​လှမ်း​နေသလို တဖက်မှာလည်း​ တိုင်း​ရင်း​သား​ဒေသ​တွေမှာ ထိုး​စစ်​တွေ ဆက်လက်ဆင်နွှဲ​နေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013