ကျောက်တံခါးတွင် အမျိုးသားတဦး ရထားကြိတ် သေဆုံး
DVB
·
July 28, 2016
ကျောက်တံခါးမြို့ မီးရထားဘူတာရုံအနီးမှာ ဒီနေ့ မနက် ၁၀ နာရီအချိန်လောက်က အမည်မသိ အမျိုးသားတဦး ရထားကြိတ်သေဆုံးခဲ့ပါတယ်။
ကျောက်တံခါးမြို့ မီးရထားလမ်း ကြေးနန်း မိုင်တိုင်အမှတ် ၁၀၈/၁၆ နဲ့ ၁၀၈/၁၇ အကြား ကျောက်တံခါးဘူတာရှေ့ လူသွားပလက်ဖောင်းနဲ့ ၁၀ ပေလောက်အကွာက အစုန်ရထားသံလမ်းမှာ အခုလို ဖြစ်ပွားခဲ့တာပါ။
မန္တလေးကနေ ရန်ကုန်ဘက် မောင်းနှင်လာတဲ့ စက်ခေါင်းအမှတ် DF - 1250 အမှတ် ၂၀ အစုန် လူစီးကုန်တင်ရထားဟာ ဘူတာမှာ ရပ်တန့်ပြီး ပြန်လည်ထွက်ခွာစဉ် အသက် ၃၀ အရွယ် အမည်မသိ အမျိုးသားတဦး ရထားအနားသို့ ရောက်ရှိလားပြီး ရထားရဲ နောက်ဆုံတွဲဘီး အတွင်း ဦးခေါင်းထိုးအကြိတ်ခံသေဆုံးခဲ့တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။
သေဆုံးမှုအတွက် ကျောက်တံခါးမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၃/၂၀၁၆ အရအမှုဖွင့်လှစ်ပြီး သေဆုံးသူရဲ့ အမည်နဲ့ နေရပ်သိရှိနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက် နေတယ်လို့ သိရပါတယ်။
သတင်း - ကျော်အောင် (ကညွတ်ကွင်း)၊ ဓာတ်ပုံ - ဖြိုးကိုလင်း (ညောင်ဝိုင်း)