A d v e r t i s e m e n t With Us

တောင်ငူ​ရေ​ဘေး​သင့်​သူများ​ကို လူငယ်များ​ သွား​ရောက်လှူဒါန်း

ပဲခူး​တိုင်း​ ​တောင်ငူခရိုင် ​ရေတာရှည်မြို့​နယ်က ​ရေ​ဘေး​သင့်​ကျေး​ရွာ ၅ ရွာကို (ဘီဂျီ) ​သွေး​ကူညီ​ပေး​ရေး​အဖွဲ့​နဲ့​ လူငယ်တချိုက အစား​အသာက်၊​ အဝတ်အထည်နဲ့​ ​ကျောင်း​သုံး​ပစ္စည်း​တွေ သွား​ရောက် လှူဒါန်း​ခဲ့​ပါတယ်။ ရေတာရှည်မြို့​နယ် မျက်နှာပြင်၊​ အုန်း​ပင်ကွင်း​၊​ ကျွဲရိုင်း​ပင်၊​ သလင်ဆိပ်​တောင် ကြီး​၊​ ကျွဲရိုင်ပင်း​တောင်ကြီး​ စတဲ့​ရွာ​တွေကို ဒီ​နေ့​ သွား​ရောက်လှူဒါန်း​တယ်လို့​ ​သွေး​အကူအညီ​ပေး​ရေး​အဖွဲ့​တာဝန်ခံ ကိုညီညီက ​ပြောပါတယ်။ “စား​စရာ ​ခေါက်ဆွဲ​ခြောက်​တွေ၊​ အဝတ်အထည်၊​ ပုဆိုး​၊​ ထဘီ၊​ ဆန်အိတ်​တွေရယ်။ က​လေး​ငယ်​တွေအတွက် အ​ထောက်အကူပစ္စည်း​ စာအုပ်၊​ ခဲတံ၊​ ​ပေတံ၊​ ​ဘောလ်ပင်နဲ့​ အခြား​ ဝမ်း​ပျက် ဝမ်း​လျော ​ရောဂါ​တွေကာကွယ်ဖို့​ ဓာတ်ဆား​ရည်​တွေ ​ငွေ​ကြေး​အား​ဖြင့်​ ကာလတန်ဘိုး​ ၁၀ သိန်း​ဖိုး​လောက် ပါတယ်။ အဲဒီ ရွာ​တွေမှာ ​ရေနစ်မြုပ်​နေဆဲဖြစ်ပြီး​ စာသင်​ကျောင်း​တွေလည်း​ မဖွင့်​နိုင်​သေး​ဘူး​လို့​ ​ပြောပါတယ်။ ရေ​ဘေး​သင့်​တာ သုံး​လနီး​ပါး​ ရှိပြီဖြစ်ပြီး​ ​ဒေသခံ​တွေရဲ့​ အဓိကလုပ်ငန်း​ဖြစ်တဲ့​ ကြံခင်း​နဲ့​ စပါး​ခင်း​တွေ ​ရေနစ်ပျက်စီး​တဲ့​အတွက် အလုပ်မရှိဘဲ စား​ဝတ်​နေ​ရေး​ ခက်ခဲ​နေကြတယ်လို့​လည်း​ ကိုညီညီက ​ပြောပါတယ်။ တချို့​ရွာ​တွေမှာ ဝမ်း​ပျက်ဝမ်း​လျောဖြစ်​နေသလို တချို့​လူ​တွေ ဖျား​နာပြီး​ အ​သေအ​ပျောက် ရှိလာတဲ့​အတွက် အစိုး​ရဘက်က ကြပ်ကြပ်မတ်မတ်ကိုင်တွယ်ဖို့​ လိုအပ်​နေတယ်လို့​လည်း​ ​ဒေသခံ​တွေက ​ပြောပါတယ်။ လူတ​သောင်း​ဝန်း​ကျင်​လောက် ​ရေ​ဘေး​အကူအညီ လိုအပ်​နေတဲ့​အပြင် အချိန်ကာလအား​ဖြင့်​ သုံး​လနီး​ပါး​ကြာလာတာ​ကြောင့်​ အလှူရှင်​တွေက တတ်အား​သ​ရွေ့​ လှူဒါန်း​နေ​ပေမယ့်​ အကူအညီ လိုအပ်​နေဆဲ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up