DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်တွေ့ရန် ၀ တပ်ဖွဲ့အင်အား ၉၀ ခန့် နေပြည်တော်ရောက်
DVB
·
July 28, 2016
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်တွေ့ရန် ၀ တပ်ဖွဲ့အင်အား ၉၀ ခန့် နေပြည်တော်ရောက်
1 / 5
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ၀အထူးဒေသ ခေါင်းဆောင် အပါအ၀င် အဖွဲ့ဝင် ၉၀ လောက် နေပြည်တော်ကို ရောက်ရှိနေပါတယ်။

ဝပြည်သွေးစည်းညီညွတ်ရေးပါတီ ဒု-ဥက္ကဋ္ဌ ဦးပေါင်ယူယိ ဦးဆောင်ပြီး ၀ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်အရာရှိတွေအပါအ၀င် အဖွဲ့ဝင် ၉၀ လောက် ဇူလိုင် ၂၇ ရက်နေ့က  ရောက်ရှိနေတာပါ။

'ဝ' ဒေသ အကြီးအကဲတွေဟာ နိုင်ငံတော်အကြီးအကဲတွေကို  တွေ့ဆုံဂါရဝပြုဖို့ နေပြည်တော် ရောက်ရှိနေတာဖြစ်ပြီး မနက်ဖြန်မှာ  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီးနောက်မှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဆက်လက် တွေ့ဆုံမယ်လို့ ၀တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဦးဆောင်ကျင်းပ နေတဲ့ မိုင်ဂျာယန်အစည်းအဝေးကို တက်ရောက်ခဲ့ခြင်းမရှိပါဘူး။

မိုင်ဂျာယန်ဒေသမှာ တနိုင်ငံလုံးအပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ) လက်မှတ်ထိုးတားသည့် အဖွဲ့တွေနဲ့ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ ပါဝင်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင် စုံညီအစည်းအဝေးကို ဇူလိုင်လ ၂၆ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ကျင်းပပြုနေပါတယ်။

သတင်း - အောင်ကိုကိုလတ်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013