A d v e r t i s e m e n t With Us

နိုင်ငံခြား​ငွေလဲ​ကောင်တာနှင့်​ ပြင်ပ ​ငွေလဲနှုန်း​ တကျပ်သာကွာဟ

နိုင်ငံြခား​ ​ေငွလဲ​ေကာင်တာတခု (ဓာတ်ပံု - ရိုက်တာ)
နိုင်ငံခြား​ငွေလဲ​ကောင်တာ​တွေမှာ​ပေါက်တဲ့​ ​ငွေ​ဈေး​နဲ့​ ပြင်ပ​ပေါက်​ဈေး​ တကျပ်သာကွာ​တော့​တဲ့​အတွက် ပြင်ပမှာ လိုသ​လောက် ​ရောင်း​ဝယ်​နေကြပြီလို့​ ပို့​ကုန်လုပ်ငန်း​ရှင်တဦး​က ​ပြောပါတယ်။ [caption id="attachment_16116" align="alignright" width="310" caption="နိုင်ငံခြား​ ​ငွေလဲ​ကောင်တာတခု (ဓာတ်ပုံ - ရိုက်တာ)"][/caption] ဒီ​နေ့​ ​ငွေလဲ​ကောင်တာ​တွေမှာ ​ပေါက်​ဈေး​က အ​မေရိကန်တ​ဒေါ်လာ ၈၃၄ ကျပ်ဖြစ်ပြီး​ ပြင်ပမှာ တ​ဒေါ်လာ ၈၃၅ ကျပ်​ဈေး​နဲ့​ ​ရောင်း​ဝယ်​နေကြတယ်လို့​ ​ပြောပါတယ်။ အခု​ပေါက်​နေတဲ့​ ​ငွေ​ဈေး​ဟာ လုပ်ငန်း​ရှင်​တွေအတွက် သင့်​လျော်တဲ့​ ​ငွေ​ဈေး​ဖြစ်ပြီး​ အ​ကောင်း​ဆုံး​ခြေလှမ်း​တရပ်လို့​ ယူဆ​ကြောင်း​ ပို့​ကုန်လုပ်ငန်း​ရှင်က ​ပြောပါတယ်။ အခုလို ​ငွေ​ဈေး​တည်ငြိမ်သွား​တဲ့​အတွက် ​ဒေါ်လာနဲ့​လုပ်တဲ့​ လုပ်ငန်း​သမား​တွေ ရဲရဲဝံ့​ဝံ့​ လုပ်ရဲသွား​တယ်လို့​လည်း​ ဆိုပါတယ်။ ခြွင်း​ချက်အ​နေနဲ့​ ဒီလို​ငွေလဲ​ကောင်တာ​တွေက နိုင်ငံခြား​ငွေ အ​ရောင်း​အဝယ် လုပ်တာကို ​ရေရှည်လုပ်​ပေး​ဖို့​ လိုတယ်လို့​လည်း​ ဆိုပါတယ်။ အောက်တိုဘာ ၁ ရက်​နေ့​ကစပြီး​ ရန်ကုန်မြို့​ သိမ်ဖြူလမ်း​ ​အောက်ဆုံး​ ဘ​လောက်မှာ နိုင်ငံခြား​ငွေ လဲလှယ်​ရေး​ ​ကောင်တာ​တွေ ဖွင့်​လှစ်​ပေး​ခဲ့​ပါတယ်။ အ​မေရိကန် ​ဒေါ်လာ ​ရောင်း​ဝယ်မှုကို မည်သူမဆို ​ကောင်တာတခုမှာ ​ဒေါ်လာ ၂၀၀၀ အထိ လွတ်လွတ်လပ်လပ် ​ရောင်း​ဝယ်နိုင်​ပေမယ့်​ ဒီထက် ပိုများ​တဲ့​ ​ငွေပမာဏ အ​ရောင်း​အဝယ် လုပ်ချင်ရင် နိုင်ငံခြား​ငွေဆိုင်ရာ အ​ထောက်အထား​ တစုံတခု ပြဖို့​ လိုတယ်လို့​ သိရပါတယ်။ ၁၉၉၅-၉၆ ခုနှစ်​တွေတုန်း​က အခု​နေရာမှာပဲ နိုင်ငံခြား​ငွေလဲ​ပေး​တဲ့​ ​ကောင်တာ​တွေဖွင့်​ပြီး​ ​ဆောင်ရွက်​ပေး​ခဲ့​ပေမယ့်​ ​ရေရှည်မလုပ်​ပေး​နိုင်ဘဲ ရပ်သွား​ခဲ့​ဖူး​ပါတယ်။  

A d v e r t i s e m e n t With Us

More News
Up