မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းသည့်အပေါ် ဆွေးနွေးရန် တရုတ်အစိုးရ တောင်းဆို
နေသွင်
·
October 1, 2011
မြစ်ဆုံရေကာတာစီမံကိန်း ရပ်ဆိုင်းထားတဲ့ ကိစ္စနဲ့ပတ်သက်လို့ ဆွေးနွေးဖို့ တရုတ်အစိုးရက မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။
ကန့်ကွက်မှုတွေကြောင့် ရေကာတာကို ရပ်တန်ဖို့ သမ္မတ ဦးသိန်းစိန်က လွှတ်တော်ကို သ၀ဏ်လွှာပေးပို့အပြီးမှာ တရုတ်ဘက်က အခုလို တောင်းဆိုလိုက်တာပါ။
အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံတန်တဲ့ ဒီစီမံကိန်းကို တရုတ်နဲ့မြန်မာအစိုးရတို့ ၂၀၀၉ ခုနှစ်တုန်းက လက်မှတ်ထိုးခဲ့တာဖြစ်ပြီး အစိုးရကျောထောက်နောက်ခံပေးထားတဲ့ အေးရှားဝေါကုမ္ပဏီနဲ့ တရုတ်စွမ်းအင်ကုမ္ပဏီ China Power Investment (စီပီအိုင်) တို့က အဓိက တည်ဆောက်ဖို့ သဘောတူထားခဲ့ပါတယ်။
တရုတ်နိုင်ငံခြားရေးဌာနရဲ့ ၀က်ဆိုက်မှာ ဖော်ပြထားတဲ့ ကြေညာချက်မှာ ပြောခွင့်ရသူ ဟောင်လီက မြစ်ဆုံရေကာတာစီမံကိန်းဟာ တရုတ်နှင့် မြန်မာအစိုးရတို့ကြား ပူးပေါင်းရင်းနှီးမြှုပ်နှံတဲ့ စီမံကိန်းဖြစ်ပြီး၊ သေသေချာချာ လေ့လာပြီးမှာ ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။ ဒီစီမံကိန်းနဲ့ ပတ်သက်လို့ ဖြစ်ပေါ်တိုးတက်မှုမှန်သမျှကို နှစ်ဖက် အဆင်ပြေပြေ ဖြစ်အောင် ကိုင်တွယ်သင့်တယ်လို့ နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။