DVB Logo
Home
မြန်မာသတင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီမှတ်ပုံထပ်တင်ရေး မဆုံးဖြတ်ရသေးပါ
DVB
·
September 29, 2011
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီမှတ်ပုံတင်ရေးကို ဘာမှ မဆုံးဖြတ်ရ သေးပါဘူးလို့ ပါတီပြန်ကြားရေး အဖွဲ့ဝင် ဦးဥာဏ်ဝင်းက ပြောပါတယ်။

ဦးဥာဏ်ဝင်းကို ကိုအေးနိုင်က မေးမြန်းထားပါတယ်၊။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ဖို့ နီးကပ်လာပြီဆိုပြီး တချို့သတင်းတွေမှာ သဘောဆောင်ပြီးတော့ ရေးပါတယ်။ အဲဒါတွေ ဘယ်လောက်ထိအောင် မှန်လည်းဆိုတာ ဦးဥာဏ်ဝင်း ရှင်းပြပေးပါလား။

“ကျနော်တို့ ဒီနိုင်ငံရေးပါတီ မှတ်ပုံတင်ဖို့ကိစ္စ သူတို့တွေရဲ့ issue တွေထဲမှာ စဉ်းစားတဲ့အထဲမှာ ဒါတချက်အပါအ၀င်ရှိတယ်။ ကျနော်တို့ ဒါနဲ့ပတ်သက်ပြီး ဘာမှ မဆုံးဖြတ်ရသေးပါဘူး။”

တလောတုန်းက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသေးစိတ်ပြန်လည် လေ့လာနေတယ် ဆိုပြီးတော့လည်း ကြားနေရတယ်။ အဲဒါက ဒီအတွက် ပြင်ဆင်တယ် နီးစပ်တယ်ဆိုတဲ့ သဘောမျိုး သက်ရောက်တာမျိုး သတင်းထုတ်လို့ ရလားခင်ဗျာ။

“အဲဒီလိုတော့ မဟုတ်ဘူး။ ကျနော်တို့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကလည်း ထပ်ခါထပ်ခါ ကျနော်တို့ချည်းးပဲ မဟုတ်ဘူး။ အားလုံးပဲ ဖတ်နေကြတာ။ ထပ်ခါထပ်ခါ ဖတ်ပြီး ဆွေးနွေးတယ်။ ဒါပေမယ့် ဒီကိစ္စအတွက်လို့တော့ ပြောလို့မရပါဘူး။”

ဒါဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပြင်ဆင်ဖို့အတွက် အန်ကယ်တို့က တောင်းဆိုထားတဲ့ အချက်တွေကို အစိုးရဘက်ကနေ လိုက်လျောလို့ရှိရင် အန်ကယ်တို့ဘက်ကကော အရန်သင့် ရှိနိုင်တဲ့ အခြေအနေမျိုးကိုကော နီးစပ်နိုင်သလား။

“ကျနော်တို့ ပြင်ဆင်ဖို့ တောင်းဆိုထားတာ မရှိသေးဘူး။ ကျနော်တို့ မကြိုက်တဲ့အချက်တွေကို ဖော်ပြပြီးတော့ ကြေညာချက်ထုတ်ခဲ့တာပဲ ရှိတယ်။ ဘာလုပ်ပေးပါလို့ တောင်ဆိုတာမျိုး ကျနော်တို့မှာ မရှိသေးဘူး။”

သတင်းတွေ ထွက်ပေါ်နေတဲ့ အဖွဲ့ချုပ်ကနေ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်မယ့်ကိစ္စက မဖြစ်သေးဘူးဆိုတဲ့ သဘောလားဗျာ။

“လုံးဝမဆုံးဖြတ်ရသေးပါဘူး။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013