DVB Logo
Home
မြန်မာသတင်း
မြစ်ဆုံဆည်စီမံကိန်းကို အပြီးတိုင်ရပ်ဆိုင်းရန် အစိုးရသတင်းစာ ရေး
DVB
·
July 24, 2016
မြစ်ဆုံဆည်စီမံကိန်းကို အပြီးတိုင်ရပ်ဆိုင်းရန် အစိုးရသတင်းစာ ရေး
Donate to DVB

မြစ်ဆုံဆည်စီမံကိန်းကို အပြီးတိုင်ရပ်ဆိုင်းဖို့ ဒီနေ့ထုတ် အစိုးရပိုင်ကြေးမုံသတင်းစာက ရေးသားဖော်ပြလိုက်ပါတယ်။

မြစ်ဆုံဆည်စီမံကိန်းကို အပြီးတိုင်ရပ်ဆိုင်းပြီး နှစ်နိုင်ငံ လက်တွဲညှိနှိုင်း ပူးပေါင်းဆောင်ရွက်နိုင်မယ့် ရေအားလျှပ်စစ်စီမံကိန်းများကို ရှာဖွေဖော်ထုတ်ပါလို့ ဒီနေ့ထုတ် အစိုးရပိုင် ကြေးမုံသတင်းစာအာဘော်ကနေ ရေးသားဖော်ပြခဲ့တာပါ။

သတင်းစာက ပြည်တွင်းထုတ် Frontier Myanmar ဂျာနယ်မှာ Joern Kristensen ဆိုသူ ရေးသားတင်ပြတဲ့ ဒီနည်းလမ်းကို စတုတ္ထနည်းလမ်းဆိုပြီး ထောက်ခံရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ကြေးမုံသတင်းစာအာဘော်မှာ “မကြာမီရက်ပိုင်း အတွင်းက သတင်းမီဒီယာများတွင် မြစ်ဆုံဆည်နှင့်ပတ်သက်သော သတင်းတစ်ရပ် ထွက်ပေါ်လာသည်။ မြန်မာနိုင်ငံ၌ မြစ်ဆုံဆည်နှင့် ပတ်သက်သော ရွေးချယ်စရာနည်းလမ်း သုံးသွယ်ရှိသည်ဟူသော သတင်းဖြစ်ပါသည်။

နံပါတ်တစ် ရွေးချယ်စရာနည်းလမ်းသည် မြစ်ဆုံဆည်ကို အပြီးဖျက်သိမ်း၍ သက်ဆိုင်ရာကုမ္ပဏီအား လျော်ကြေး ဒေါ်လာသန်း ၈ဝဝ ပေးရန်ဖြစ်ပါသည်။

နံပါတ်နှစ် ရွေးချယ်စရာနည်းလမ်းသည် မြစ်ဆုံဆည်တည်ဆောက်ခြင်းကို ပြန်လည်စတင်၍ မြစ်ဆုံဆည်တည်ဆောက်ပြီးသည့်အခါ တစ်နှစ်ဒေါ်လာသန်း ၅ဝဝ ရှိသောဝင်ငွေကို ရရှိရန်ဖြစ်ပါသည်။

နံပါတ်သုံး ရွေးချယ်စရာနည်းလမ်းသည် မြစ်ဆုံဆည်နှင့်ပတ်သက်၍ တစ်စုံတစ်ရာဆုံးဖြတ် ချက်ချမှတ်ခြင်းမပြုဘဲ တစ်နှစ်အတိုး ဒေါ်လာသန်း ၅ဝ ပေးရန်ဖြစ်ပါသည်။

သက်ဆိုင်ရာကုမ္ပဏီမှ အထက် ဖော်ပြပါနည်းလမ်းသုံးသွယ်အား အမှန်တကယ်တင်ပြပါက နည်းလမ်းသုံးသွယ်စလုံးသည် မြန်မာပြည်သူ ပြည်သားတို့၏ နှလုံးစိတ်ဝမ်းကို ချမ်းမြေ့စေနိုင်မည် မဟုတ်သည်မှာ ထင်ထင်ရှားရှား ပေါ်လွင်နေသော အချက်ဖြစ်ပါသည်။”လို့ ဖော်ပြထားပါတယ်။

ဆက်လက်ပြီး မြစ်ဆုံဆည်စီမံကိန်းနှင့် ပတ်သက်၍ရွေးချယ်စရာ ပထမနည်းလမ်း သုံးသွယ်သည် ဆည်တည်ဆောက်မည့်ကုမ္ပဏီ၏ အကျိုးစီးပွားကို ဆောင်ကြဉ်းကောင်း ဆောင်ကြဉ်းနိုင်မည် ဖြစ်သော်လည်း နှစ်နိုင်ငံပြည်သူတို့အကြား ချစ်ကြည်ရင်းနှီးမှုကို ဆောင်ကြဉ်းနိုင်မည် မဟုတ်သည်မှာ ထင်ရှားတယ်။

ဒီနေရာမှာ  အိမ်နီးချင်းနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ပျက်ပြားမှုက ဖန်တီးပေးမည့် မဟာဗျူဟာအန္တရာယ်ထက် မြစ်ဆုံဆည်တည်ဆောက်မည့် ကုမ္ပဏီ၏ အကျိုးစီးပွားကို ရှေ့တန်းတင်မည်လောဟု မေးခွန်းထုတ်ရမှာဖြစ်တယ်။

အမိဧရာဝတီကို အထိမခံဟူသော မြန်မာပြည်သူတို့၏ ဆုံးဖြတ်ချက်သည် ပြတ်သားခိုင်မာရှင်းလင်းပြီးသားဖြစ်တယ်။

ဒါကြောင့်  မြစ်ဆုံဆည်စီမံကိန်းရဲ့  စတုတ္ထရွေးချယ်စရာ နည်းလမ်းဟာ မြစ်ဆုံဆည်စီမံကိန်းကို အပြီးတိုင်ရပ်ဆိုင်းပြီး နှစ်နိုင်ငံလက်တွဲညှိနှိုင်း ပူးပေါင်းဆောင်ရွက်နိုင်မယ့် ရေအားလျှပ်စစ်စီမံကိန်းများကို ရှာဖွေဖော်ထုတ်ရန်သာ ဖြစ်တယ်လို့ ရေးသားထားပါတယ်။

ကချင်ပြည်နယ် မြစ်ဆုံမှာ ရေကာတွေတည်ဆောင်ပြီး ရေအားလျှပ်စစ် ထုတ်ယူမယ့် စီမံကိန်းကို ပြည်သူတွေနဲ့ ပညာရှင်တွေက ၀ိုင်းဝန်းကန့်ကွက်ခဲ့ကြတဲ့အတွက် သမ္မတ ဦးသိန်းစိန်က သူ့အစိုးရလက်ထက် စီမံကိန်းကို ရပ်ဆိုင်ထားမယ့်အကြောင်း  ၂၀၁၁ ခုနှစ်ကတည်းက လွှတ်တော်ထံ သ၀ဏ်လွှာပေးပို့ အကြောင်းကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013