တိုက်ကြီးမြို့နယ်တွင် သိမ်းဆည်းမြေပြန်ရရေး ဆန္ဒပြ (ဓာတ်ပုံ)
DVB
·
July 24, 2016
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်မှာ လယ်ယာမြေစီမံခန့်ခွဲမှုနဲ့ စာရင်းအင်းဦးစီဌာနမှ တာဝန်ရှိသူတွေကို အရေးယူပေးဖို့နဲ့ သိမ်းဆည်း လယ်ယာမြေတွေ ပြန်လည်ရရှိရေး ဒေသခံတောင်သူတွေ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
ဒေသခံတောင်သူလယ်သမားတွေနဲ့ တောင်သူလယ်သမားများအရေး လုပ်ကိုင်ဆောင်ရွက်သူ အင်အား ၁၀၀ လောက်ဟာ ဒီနေ့မနက်ပိုင်းက ရန်ကုန်-ပြည်ကားလမ်းဘေရှိ သိမ်ကုန်းကျေးရွာကနေ ကားတွေနဲ့ တိုက်ကြီးမြို့နယ် ဂျိုးဖြူအားကစားကွင်းရှေ့ထိထွက်ခွာခဲ့ပြီး ဆန္ဒထုပ်ဖော်ခဲ့ကြတာပါ။
သတင်းဓာတ်ပုံ - ဝဏ္ဏထွန်း