DVB Logo
Home
မြန်မာသတင်း
မီးမလာသဖြင့် ဒေသခံ ၃၀၀ ကျော် လျှပ်စစ်ဌာနကို သွားရောက် တောင်းဆို
DVB
·
September 29, 2011
မီးမလာသဖြင့် ဒေသခံ ၃၀၀ ကျော် လျှပ်စစ်ဌာနကို သွားရောက် တောင်းဆို
Donate to DVB

ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်  အမှတ်၂ ယုဇနရပ်ကွက်က ပြည်သူတွေ ၃၀၀ ကျော်ဟာ လျှပ်စစ်မီးမလာတာ ၁၅ ရက်လောက်ရှိတဲ့အတွက် မနေ့ စက်တင်ဘာလ ၂၈ ရက်ညပိုင်းက လျှပ်စစ်ရုံးဆီ ချီတက် တောင်းဆိုခဲ့ကြပါတယ်။

မြောက်ဥက္ကလာ ယုဇနရပ်က ၁ လမ်း၊ ၂ လမ်း၊ ၃ လမ်းက လူတွေဟာ မီးမလာတာကြောင့် လျှပ်စစ်ရုံးကို မီးမလာတဲ့ကြောင်း ဖုန်းဆက် အကူအညီ တောင်းခံခဲ့ပေမယ့် လုပ်ဆောင်ပေးတာ မရှိတဲ့အတွက် ချီတက်ပြီး တောင်းဆိုခဲ့တာလို့ ပါဝင်ခဲ့တဲ့ ဒေသခံတဦးက အခုလို ပြောပါတယ်။

“မီးကို ၁၅ မိနစ်လာတယ် မီးအားနည်းတယ်။ ပျက်သွားတယ်။ အဲဒါက အကြိမ်ပေါင်းများစွာ ဖြစ်နေတော့ ယုဇနမှာရှိတဲ့ လူတွေ တော်တော်များများ မိသားစုကနေ အီးပီစီရုံးကို အကျိုးအကြောင်း လှမ်းဖုန်းဆက်ပြီး ပြောကြတယ်။ လက်ခံဖုန်းစကားပြောတဲ့သူက စီစဉ်ဆောင်ရွက်နေတာပဲ မလာတဲ့အတွက်ကြောင့် မတတ်နိုင်ဘူးလို့ ပြောတယ်။ ဖုန်းဖိုးသာကုန်တယ် ဘာမှလည်း ထူးခြား မလာဘူး ဆိုပြီးတော့ ယုဇနအပိုင်မှာ ရှိတဲ့ မိသားစုတွေက အီးပီစီရုံးက လူကြီးတွေကို တိုက်ရိုက်သွားပြီး ပြောဆိုဆောင်ရွက်မယ်ဆိုပြီး မနေ့ညက ၇ နာရီခွဲမှာ အီးပီစီဌာနက ၀န်ကြီးနဲ့ သွားပြီး ဆွေးနွေးကြပါတယ်။ အီးပီစီဌာနကလူကြီးကလည်း သူလည်း မသိရှိတဲ့အကြောင်းနဲ့ မနက်ဖြန်မှာ (ဒီနေ့ပေါ့) လာပြီးတော့ စစ်ဆေးပေးပါ့မယ်လို့ အကြောင်းပြန်ပါတယ်။”

ရပ်ကွက်လျှပ်စစ်ဝန်ထမ်းတွေဟာ ရပ်ကွက်တွင်း လုပ်ငန်းရှင်တချို့ဆီကနေ ငွေယူပြီး လုပ်တဲ့အတွက် မီးရတာ မညီမျှတာတွေ မီးအားနည်းတာတွေ ဖြစ်ရတာလို့လည်း အဲဒီဒေသခံက ပြောပါတယ်။

“လုပ်ငန်းရှင်တွေ ဖြစ်တဲ့ သူတွေက ရပ်ကွက်မှာ တာဝန်ကျတဲ့ အီးပီစီက ၀န်ထမ်းတွေကို ပေးပြီး သူတို့ လိုင်းတွေ မီးမပျက်ရေး ဆောင်ရွက်တော့ ကျန်တဲ့အများစု မိသားစုတွေက မီးလည်းပျက်တယ် မီးလာတော့လည်း အားနည်းနေတဲ့ဒဏ်က နေစ္စဓူဝ ခံနေရတော့ မိသားစုတွေ အယောက် သုံးလေးရာလောက် စုပြီး တောင်းဆိုတဲ့အခါကျမှ ညက ကိုးနာရီခွဲက တောက်လျှောက် ခုထက်ထိ လာတယ်ပေါ့။”

မနေ့ညက သွားရောက် တောင်းဆိုတဲ့အတွက် ညပိုင်းနဲ့ ဒီနေ့မနက်မှာ မီးလင်းလာတယ်လို့လည်း ပြောပါတယ်။ လူရာနဲ့ချီပြီး လျှပ်စစ်ဌာနကို ချီတက် တောင်းဆိုပေမယ့် ဖမ်းဆီးအရေးယူခံရတာတွေ မရှိဘူးလို့လည်း ပြောပြသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013