Homeမြန်မာသတင်း
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို မူဆယ်မြို့တွင် ရိုးရာအကများဖြင့် ကြိုဆို (ရုပ်သံ)
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို မူဆယ်မြို့တွင် ရိုးရာအကများဖြင့် ကြိုဆို (ရုပ်သံ)
DVB
·
July 23, 2016
ကချင်ပြည်နယ် မိုင်ဂျာယန်ညီလာခံတက်မယ့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ ၃ ဖွဲ့က ကိုယ်စားလှယ်တွေ ဒီနေ့ မူဆယ်မြို့ကို စတင်ရောက်ရှိနေကြပါတယ်။
ဇူလိုင် ၂၆ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ကျင်းပမယ့် ကချင်ပြည်နယ် မိုင်ဂျာယန်ညီလာခံမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၂၁ ဖွဲ့က ကိုယ်စားလှယ်တွေနဲ့ ပြည်တွင်းက တိုင်းရင်းသားပါတီ ၂ ဖွဲ့က ကိုယ်စားလှယ်တွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။
လက်ရှိမှာ လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ မူဆယ်မြို့ကို ရောက်ရှိနေကြပြီး လာရှိုးမြို့ကတဆင့် အခြားတိုင်းရင်းသားအဖွဲ့တွေကလည်း မူဆယ်မြို့ကို လာရောက်နေကြပြီလို ကချင်စာပေနဲ့ယဉ်ကျေးမှုအဖွဲ့က ဦးမရန်နော်ဂျာက ပြောပါတယ်။
မူဆယ်မြို့ကို ရောက်ရှိလာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေကို ကချင်စာပေနဲပယဉ်ကျေးမှုအဖွဲ့က တိုင်းရင်းသားရိုးရာ အကတွေနဲ့ ကြိုဆိုခဲ့ကြပါတယ်။
မူဆယ်ကနေ မိုင်ဂျာယန်ကိုသွားရောက်ဖို့ တရုတ်ပြည်ကနေတဆင့် သွားရောက်ကြမှာဖြစ်လို့ လိုအပ်တဲ့ သွားလာရေးအတွက် အမှတ်(၇) လူဝင်မှုကြီးကြပ်ရေး ဌာနခွဲ မူဆယ်မြို့အပါအဝင် အုပ်ချုပ်ရေးပိုင်းက ကူညီလုပ်ဆောင်ပေးနေကြပါတယ်။