ဧရာဝတီအတွက် လှုံ့ဆော်စာတမ်း လူမြင်ကွင်းကနေ ဖြုတ်ခံရ
အေးနိုင်
·
September 28, 2011
ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် ရဲစခန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့မှာ စိုက်ထူထားတဲ့ “ဧရာဝတီမြစ်ကို ထိန်သိမ်းကာကွယ်ကြပါစို့ ဆိုတဲ့ နဖူးစည်းစာတမ်းကို ဖြုတ်ယူနေရာရွှေ့ခဲ့တဲ့အတွက် တရားဝင် ကန့်ကွက်ထားတယ်လို့ အဖွဲ့ချုပ် မြို့နယ်တာဝန်ရှိသူ ဦးစိန်လှိုင်က ပြောပါတယ်။
အဖွဲ့ချုပ်မြို့နယ် ဥက္ကဋ္ဌနေအိမ်မှာ အခြေပြုတဲ့ မြို့နယ်ရုံးရှေ့မှာ ဒီလ ၂၄ ရက်နေ့က နဖူးစည်းစာတမ်းနှစ်ခုတင်ခဲ့ပြီး အဲဒီနေ့မှာပဲ အဲဒီရပ်ကွက်က အုပ်ချုပ်ရေးမှူးနဲ့ ကျုံပျော်ရဲစခန်းက ဒု-ရဲအုပ်တဦး ခွင့်မတောင်းဘဲ ခြံအတွင်း ၀င်ရောက်ပြီး နေရာရွှေ့သွားတဲ့အပေါ် ကန့်ကွက်ထားတာပါလို့ ဦးစိန်လှိုင်က ပြောပါတယ်။
“ပထမတော့ ကျနော်တို့ ထောင်ထားတာက မြင်မြင်ထင်ထင်နဲ့ အများမြင်နိုင်အောင် လုပ်ထားတဲ့ကိစ္စကို သူတို့ကလာပြီးတော့ အထဲကို ရွေ့သွားတယ်။ ရွေ့သွားတော့ ၂၆ ရက်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူးဆီကို ကန့်ကွက်စာ ပို့ထားတယ်”