DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မှာ ရေကြီး
DVB
·
September 28, 2011
Donate to DVB

ရန်ကုန်မှာ မနေ့ညကတည်းက ရွာခဲ့တဲ့ မိုးကြောင့် ရေမြောင်းတွေ ပိတ်ပြီး ရေကြီးရေလျှံမှုတွေ မြို့နယ် အတော်များများမှာ ဖြစ်နေပါတယ်။

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ဘက်က အခြေအနေနဲ့ ပတ်သက်လို့ ဒေသခံတဦးက အခုလို ပြောပါတယ်။

“အခုအခြေအနေမှာတော့ သာကေတမှာတော့ လမ်းတွေ မြုပ်ကုန်တာပေါ့။ မြုပ်တဲ့နေရာတွေက ၅ ရက်ကွက်၊ ၁၀ တို့၊ ၁၃ တို့၊ အဲဒီဘက်တွေ မြုပ်နေပြီ ရေတွေက တော်တော်များလာတာပေါ့နော်။ ခြေကျင်းဝတ် ကျော်နေပြီပေါ့နော်။ ကောင်းကင်ကြီးက မဲနေတုန်းပဲ။ မိုးတိတ်ဖို့ အခြေအနေ မမြင်ဘူး။ မုတ်တိုင်းရှိတဲ့ ပုံစံမျိုး ဖြစ်နေတယ်။”

ဗဟန်းမြို့နယ်က ရွှေဂုံတိုင်မီးပွိုင့်မှာလည်း ရေတော်တော်များများ တက်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“မနက်ကတည်းက သဲသဲမည်းမည်းကို ရွာနေတာ။ ရေများတယ်။ ရေကြီးတယ် ရွှေဂုံတိုင်မီးပွိုင့်မှာလည်း ရေတော်တော်များနေတယ်။ ဘယ်လောက်လောက် မြင့်လဲဆိုရင် မီးပွိုင်မှာ ကားတွေတော့ တော်တော်လေး ကျပ်ကုန်ဖြစ်တာပေါ့။ ရေလည်း မြုပ်တယ် ဘီးတဝက်လောက်တော့ မြုပ်တာပေါ့ဗျာ။ အခုအချိန်ထိ ရွာနေဆဲပဲ မနက်ကတည်းကကို ရွာနေတာ။”

အဆက်မပြတ်ရွာသွန်းခဲ့တဲ့ မိုးကြောင့် အထူးသဖြင့်တော့ ဒဂုံမြို့သစ်တောင်ပိုင်းမှာ ရပ်ကွက်အတော်များများ ရေကြီးရေလျှံတာ ဆိုးဝါးခဲ့ပါတယ်။ မြို့ခံတဦးက သူနေလာတဲ့ နှစ်ပေါင်း ၂၀ အတွင်း ဒဂုံမြို့သစ်တောင်ပိုင်းမှာ အခုလိုမျိုး ဒီတကြိမ်ပဲ ကြုံဖူးတယ်လို့ပြောပါတယ်။

“ကျနော်တို့ ဒဂုံမြို့သစ် တောင်ပိုင်းကလေ အခုက ရေတော်တော်ကြီးတော့ ၁၀၆ တို့၊ ၁၀၅ တို့၊ ၁၀၄ တို့ဆို ရေတော်တော်လွှမ်းနေပြီ။ အိမ်တွေ မြုပ်တော့မယ်ပေါ့။ လက်ရှိအချိန်ထိ ရွာနေတုန်း။ ခရီးသွားတဲ့လူတွေ ရပ်ဆိုင်းသွားတယ်။ ဈေးသည်တွေ ရပ်ဆိုင်းသွားတယ်။ တော်တော် အခက်အခဲ ဖြစ်တယ်။ ခရီးသွားတဲ့ ကားတွေဆိုရင် လူမရှိသလောက် ဖြစ်သွားပြီလေ။ တချို့ရပ်ကွက်တွေဆိုရင် အပြင်ထွက်လို့ မရဘူး ဖြစ်နေတယ်။ အခု အဲဒီလို ဖြစ်တာ ဘာကြောင့် ဖြစ်သလဲဆိုတော့ စည်ပင်သာယာက ရေနှုပ်မြောင်းတွေ လိုက်တူးဖော်ခြင်း မရှိဘူးလေ။ ဒေသပိုင် အာဏာပိုင်အဖွဲ့အစည်းရဲ့ တာဝန်ပျက်ကွက်မှုတွေပေါ့။”

ရေကြီးရေလျှံတာကြောင့် စာဝတ်နေရေး အခက်တွေ့နေကြတဲ့ လူတွေကို ပြည်တွင်းသတင်းထောက်တွေ၊ ဘီဂျီသွေးလှူဒါန်းရေးအဖွဲ့၊ ကမ်းလင့်လက်များအဖွဲ့ စသည့် လူမှုရေးအဖွဲ့တွေက ထမင်းထုပ်တွေ လိုက်လံဝေငှနေတယ်လို့ ဘီဂျီသွေးလှူဒါန်းရေးအဖွဲ့က ကိုညီညီက ပြောပါတယ်။

ညနေပိုင်းမှာ ဒဂုံမြို့သစ်တောင်ပိုင်း ၁၉ ရပ်ကွက်မှာ ထမင်းထုပ် လိုက်ဝေနေတဲ့ လူငယ် တဦးက သူမြင်တွေ့နေရတဲ့ အခြေအနေကို ခုလို ပြောပြါတယ်။

“အခု သူငယ်ချင်းတွေနဲ့ စုပြီးတာ့မှ ထမင်းထုပ်ဝေနေတာလေ။ တကယ် ဒီ့ထက်ပိုဆိုးတဲ့ နေရာ မရောက်သေးဘူး။ အခု ကျနော် မြင်နေရတဲ့နေရာ တချို့အိမ်တွေက ဧည့်ခန်းထဲကို ရေရောက်တယ်။ တချို့အိမ်တွေကျတော့ ရေရောက်ဖို့ လက်လေးလုံးလောက် ကျန်တယ်။ အခုကျနော်တို့ သွားနေတဲ့နေရာက ဒီ့ထက် ပိုဆိုးတဲ့နေရာလို့ ပြောတယ် ၅၃၊ ၅၄၊ ၂၇ ဆိုးတယ်တဲ့။ နောက် ၅၃၊ ၅၄၊ ၅၅ ဆိုးတယ်တဲ့ အဲဒီမှာ သွားဝေနေကြတာ။”

ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်တွေထဲက ရေကြီးတဲ့ဒဏ် ဆိုးဆိုးဝါးဝါး ခံခဲ့ရတဲ့ ရပ်ကွက်တွေက ကျောင်းတချို့ပိတ်လိုက်ရသလို ဈေးဆိုင်တွေလည်း ပိတ်ထားကြတဲ့အတွက် စားဝတ်နေရေး အခက်တွေ့နေကြရပါတယ်။

မိုးလေဝသဌာနက ၂၀၁၁ မုတ်သုန်လေ ဆုတ်ခွာခဲ့ပြီ ဖြစ်ပေမယ့် လေဖိအားနည်းချိုင့်ဝှမ်းတွေ တောင်တရုတ်ပင်လယ်ပြင်က မုန်တိုင်း အကြွင်းအကျန်တွေကြောင့် မိုးဆက်လက် ထစ်ချုန်း ရွာနိုင်သေးတယ်လို့ ခန့်မှန်းချက် ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013