ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်လေဆိပ် ရောက်ရှိ (ဓာတ်ပုံ)
DVB
·
July 21, 2016
လာအိုနိုင်ငံ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းဝေး တက်ရောက်မယ့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ညနေပိုင်း နေပြည်တော်ကနေ ရန်ကုန်လေဆိပ်ကို ရောက်ရှိလာပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်လေဆိပ်မှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ တာဝန်ရှိသူတွေက ကြိုဆိုခဲ့ကြပါတယ်။
လာအိုမှာ ကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဇူလိုင် ၂၃ ရက်ကနေ ၂၆ ရက်ထိ ကျင်းပမှာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်ကနေ ဇူလိုင် ၂၂ ရက်နေ့ စတင်ထွက်ခွာမှာ ဖြစ်ပါတယ်။
ဓာတ်ပုံ - ဦးဖြိုးမင်းသိန်း