A d v e r t i s e m e n t With Us

ယူကျူ့ပေါ်တွင် သန်းချီကြည့်ရှုခဲ့သည့် ထိုင်းတဦး၏ ရှမ်းပြည်ခရီးစဉ် (ရုပ်သံ)

မြန်မာနိုင်ငံ ရှမ်းပြည်နယ်ကို သွားရောက်လည်ပတ်တဲ့ ထိုင်းခရီးသွားတဦးက ခရီးစဉ်နဲ့ ပတ်သက်ပြီး မိုဘိုင်းဖုန်းနဲ့ မှတ်တမ်းတင် ရိုက်ကူးပြီး ရုပ်သံဖိုင်ကို ယူကျူပေါ် တင်ခဲ့ရာမှာ လူတွေ သန်းနဲ့ချီကြည့်ရှုခဲ့ပါတယ်။ အနဲ့အောင်တိုးဆိုတဲ့ ခရီးသည်က ကျိုင်းတုံကနေပြီး လားရှိုး၊ သိန္နီစတဲ့ ရှမ်းပြည်က မြို့တွေကို သွားရောက်ခဲ့ပြီး ရုပ်သံဖိုင် အမြောက်အမြားကို အပိုင်းလိုက်ခွဲပြီး ယူကျူ့ပေါ် တင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအထဲမှာတော့ ကျိုင်းတုံမှာ ချောမောလှပတဲ့ အမျိုးသမီးတွေနဲ့ ငါးဖမ်းထွက်ခြင်းဆိုတဲ့ ရုပ်သံဖိုင်ကတော့ လူ ၁ သန်းနီးပါး ၀င်ရောက်ကြည့်ရှုခဲ့ပါတယ်။ ဒေသခံတွေက သူတို့ရဲ့ လူနေမှုဘ၀ကို ရှင်းလင်းပြောပြခဲ့ကြပါတယ်။ ဒီအထဲမှာတော့ ဒေသခံတွေ ရွာထဲလှည့်လည် ကြက်ဥရောင်းချတာတွေ၊ ၀က် ငါးစတဲ့ မွေးမြူရေးလုပ်ငန်း လုပ်ဆောင်တာတွေကို  ဒေသခံအမျိုးသမီးက ရှင်းလင်းပြနေပါတယ်။ ဒါ့အပြင် ဒေသခံတွေရဲ့ ရိုးရာ ငါးဖမ်းတဲ့ လုပ်ငန်းတွေကိုလည်း မှတ်တမ်းတင် ရိုက်ကူးထားပါတယ်။ ၁၈ မိနစ်ကြာရှည်တဲ့ ဒီရုပ်သံဖိုင်ကို ကြည့်ရှုသူတွေ များပြားခဲ့ပြီး တချို့က တောတောင်ထဲမှာ ဒီလို ချောမောလှပတဲ့ မိန်းကလေး ရှိမယ်မထင်ဘူးလို့လည်း မှတ်ချက်ပေးခဲ့ကြပါတယ်။ ဒါ့အပြင် သိန္နီရဲ့ မနက်ခင်းဈေး ရုပ်သံမှာလည်း သိန္နီအနီးက လူနေမှုပတ်ဝန်းကျင်ကို မှတ်တမ်းတင်ထားပါတယ်။ သိန္နီဈေးထဲက ဈေးရောင်းချတဲ့ အလေ့အထကိုလည်း အသေးစိတ် ရိုက်ကူးထားပါတယ်။ ထိုင်းက လာရောက်ပေမယ့်လည်း ရှမ်းနဲ့ ဘာသာစကားခြင်း နီးစပ်အတွက် အခက်အခဲမရှိ ဆက်သွယ်နိုင်တာကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။ တချို့ရုပ်သံဖိုင်တွေကတော့ ဒေသခံတွေရဲ့ ရိုးရာမုန့်တွေ လုပ်ဆောင်နေတာ၊ လယ်ယာလုပ်ငန်းခွင် ၀င်တာ၊ မီးဖိုဆောင်ထဲက ချက်ပြုတ်နေတာတွေကို အသေးစိတ် ရိုက်ကူးထားပါတယ်။ တချို့ရုပ်သံဖိုင်တွေက နာရီဝက်နီးပါး ကြာမြင့်ခဲ့ပြီး ဒီရုပ်သံဖိုင်တွေကို မေလက စတင်ခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up