DVB Logo
Home
မြန်မာသတင်း
အစိုးရသစ် စိတ်သွားတိုင်း ကိုယ်မပါ ဖြစ်နေဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြော
DVB
·
July 20, 2016
အစိုးရသစ် စိတ်သွားတိုင်း ကိုယ်မပါ ဖြစ်နေဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြော
Donate to DVB

အစိုးရသစ်ရဲ့ လက်ရှိအခြေအနေဟာ စိတ်သွားတိုင်း ကိုယ်မပါနိုင်တဲ့ အခြေအနေ ဖြစ်နေတယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောပါတယ်။

အစိုးရသစ်ရဲ့ လက်ရှိ ဘဏ္ဍရေးအခြေအနေ၊ ဖြေရှင်းစရာတွေ များနေတဲ့ အခြေအနေတွေကြောင့် အလုပ်လုပ်ရတဲ့နေရာမှာ စိတ်သွားတိုင်း ကိုယ်မပါနိုင်တဲ့ အခြေအနေ ဖြစ်နေတယ်လို့ ဇူလိုင် ၁၈ ရက်နေ့က တာမွေမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်သူလူထု တွေ့ဆုံဆွေးနွေးပွဲမှာ ပြောခဲ့တာပါ။

“နှစ်ပေါင်း ၅၀ ကျော်လောက်ဖြစ်နေတဲ့ ပြဿနာ၊ တင်နေတဲ့ ချေး(ဂျီး)ကို တမနက်စာတည်း၊ တရက်တည်းနဲ့တော့ တိုက်လို့ချွတ်လို့ မရနိုင်ဘူး။ ကျနော်တို့တွေ အမှန်အတိုင်း ပြောရမယ်ဆိုရင် စိတ်သွားတိုင်း ကိုယ်မပါသေးဘူး။”

အခုတွေ့ဆုံပွဲမှာ တာမွေမြို့နယ်အတွင်းက ရပ်ကွက်သူ ရပ်ကွက်သား အများစုက လက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး ခန့်ထားမှုတွေဟာ ပွင့်လင်းမြင်သာမှု မရှိသေးတဲ့ကိစ္စ၊ တာမွေမြို့နယ်အတွင်း ရေကြီးရေလျှံမှု၊ ကားပိတ်မှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ပါတယ်။

ရေကြီးမှု၊ ကားပိတ်မှုတွေကတော့ အချိန်တခု စောင့်ပေးစေလိုကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ပတ်သက်တဲ့ ဥပဒေကို လာမယ့် လွှတ်တော်အစည်းအဝေးမှာ အတည်ပြုသွားပြီး အစိုးရဘက်က ဥပဒေနဲ့အညီ ရွေးချယ်မှုတွေ ပြန်လုပ်သွားဖို့ ရှိတယ်လို့လည်း ဦးဝင်းမြင့်က ဖြေကြားခဲ့ပါတယ်။

“ဒီတပတ် ဒုတိယပုံမှန်အစည်းအဝေးဆိုရင် ဥပဒေအရ အတည်ပြုနိုင်မယ်။ အတည်ပြုပြီးတဲ့အခါမှာ အစိုးရဘက်ကို ဥပဒေအတည်ပြုပြီး ပို့လိုက်ရင် အစိုးရဘက်က အကောင်အထည်ဖော်ဖို့ ဆက်ဆောင်ရွက်သွားမယ်။”

အခု ပြည်သူနဲ့ တွေ့ဆုံဆွေးနွေးမှုဟာ အစိုးရသစ်ပြောင်းပြီး ၃ ကြိမ်မြောက် တွေ့ဆုံတာဖြစ်ပြီး ဆွေးနွေးတာတွေအားလုံးကို အရင်လို မှတ်တမ်းပဲကျန်ခဲ့တာမဟုတ်ဘဲ လိုအပ်တဲ့ ဌာနအားလုံးနဲ့ ပူးပေါင်းပြီး အမှန်တကယ် ဖြေရှင်းပေးနိုင်အောင် ကြိုးစားနေတယ်လို့ ပြောခဲ့ပါတယ်။

သတင်း - ခင်နှင်းဖြူစိုး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013