DVB Logo
Home
မြန်မာသတင်း
ဒေါ်​အောင်ဆန်း​စုကြည် ဦး​ဆောင်မှု​အောက်မှာ စည်း​လုံး​ညီညွတ်ကြရန် တိုက်တွန်း
DVB
·
September 27, 2011
ဒေါ်​အောင်ဆန်း​စုကြည် ဦး​ဆောင်မှု​အောက်မှာ စည်း​လုံး​ညီညွတ်ကြရန် တိုက်တွန်း
1 / 2
Donate to DVB

ပါတီဝင်​တွေအ​နေနဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ဦး​ဆောင်မှု​အောက်မှာ စည်း​လုံး​ညီညွတ်ကြဖို့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က တိုက်တွန်း​လိုက်ပါတယ်။

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ပါတီထူ​ထောင်ခြင်း​ ၂၃ နှစ်​မြောက် အထိမ်း​အမှတ် အခမ်း​အနား​မှာ ​ကြေညာချက်ထုတ်ပြန် တိုက်တွန်း​လိုက်တာပါ။

ကြေညာချက်ထဲမှာ အဖွဲ့​ချုပ်ဝင်အား​လုံး​ဟာ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်​ခေါင်း​ဆောင် အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ဦး​ဆောင်မှုနဲ့​ အဖွဲ့​ချုပ် အလံ​တော်​အောက်မှာ ယုံကြည်ချက်၊​ ခံယူချက်တို့​နဲ့​ ရည်ရွယ်ချက်ပန်း​တိုင် ​ရောက်တဲ့​အထိ သစ္စာရှိရှိ စည်း​စည်း​လုံး​လုံး​ ညီညီညွတ်ညွတ် ရပ်တည်ကြဖို့​ တိုက်တွန်း​ထား​ပါတယ်။

အခမ်း​အနား​သဘာပတိ အဖွဲ့​ချုပ်ဒုဥက္ကဋ္ဌ ဦး​တင်ဦး​နဲ့​ ဗဟိုအလုပ်အမှု​ဆောင်​ကော်မတီဝင် ဦး​ဝင်း​တင်တို့​ကလည်း​ အဓိကအား​ဖြင့်​ လက်ရှိကာလ မြန်မာ့​နိုင်ငံ​ရေး​ဟာ သိမ်​မွေ့​လွန်း​တဲ့​အတွက် အဖွဲ့​ချုပ်ဝင်​တွေအ​နေနဲ့​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ဦး​ဆောင်မှုအတိုင်း​ ညီညီညွတ်ညွတ်လိုက်ပါကြဖို့​ အထူး​တိုက်တွန်း​ပြောဆိုခဲ့​ကြပါတယ်။

ဒုတိယဥက္ကဋ္ဌ ဦး​တင်ဦး​က “ယ​နေ့​ကာလဟာ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်အတွက် အ​ရေး​ကြီး​သော ကာလတခုလည်း​ ဖြစ်​နေပါတယ်။ နိုင်ငံ​ရေး​ ​ခြေလှမ်း​သစ်များ​ကို သတိကြီး​မား​စွာထား​၍ လုပ်​နေရသည့်​ ကာလလည်း​ ဖြစ်ပါတယ်။ ယခုအချိန်ကာလတွင် ဒီမိုက​ရေစီနှင့်​ လူ့​အခွင့်​အ​ရေး​ ရရှိ​ရေး​အတွက် အဖွဲ့​ချုပ် အဖွဲ့​ဝင်များ​က မည်သည့်​နည်း​နှင့်​မျှ စုစည်း​ညီညွတ်မှုကို​သော်လည်း​ကောင်း​၊​ စည်း​လုံး​ညီညွတ်မှုကို​သော်လည်း​ကောင်း​၊​ ကြိုး​ပမ်း​အား​ထုတ်မှုများ​ကို​သော် လည်း​ကောင်း​။ ​လျော့​ပါး​စေမည့်​ ထိခိုက်​စေမည့်​ အ​ပြောအဆို၊​ အပြုအမူများ​ကို မပြုလုပ်မိကြရန် အထူး​လိုအပ်ပါတယ်” လို့​ ​ပြောပါတယ်။

အဖွဲ့​ချူပ်ဗဟိုအလုပ်အမှု​ဆောင်​ကော်မတီဝင် ဦး​ဝင်း​တင်ကလည်း​ “အပြုအပြင်​တွေ အ​ပြောင်း​အလဲ​တွေရှိသလား​။ ရှိရင်ကျ​နော်တို့​ ဘယ်လိုလုပ်ကြမလဲ၊​ ကျ​နော်တို့​ရဲ့​ ခံစား​ချက်က​တော့​ ကျ​နော်တို့​ဟာ ​တောတိုး​နေရသလိုပဲ ဖြစ်​နေတယ်။ အခက်အခဲ​တွေ အများ​ကြီး​ရှိတယ်။ အခက်အခဲ​တွေ အကျပ်အတည်း​တွေအား​လုံး​ကို ကျ​နော်တို့​ဟာ ဖြိုပြီး​တော့​ ​တောတိုး​သလို တိုး​ပြီး​တော့​ သွား​ရမယ့်​ အ​နေအထား​မျိုး​ဖြစ်တယ်လို့​ ကျ​နော်ယူဆပါတယ်။ ဒီကာလတခုမှာလည်း​ ကျ​နော်တို့​ဟာ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ​ခေါင်း​ဆောင်မှုကိုပဲ ခံယူပြီး​တော့​ လုပ်ကိုင်​နေပါတယ်” လို့​ ​ပြောပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်ကလည်း​ သူ့​အ​ပေါ်ကျ​ရောက်တဲ့​တာဝန်ကို တတ်စွမ်း​သ​ရွေ့​ ထမ်း​ရွက်မယ့်​အ​ကြောင်း​နဲ့​ နိုင်ငံ​ရေး​အရ အဓိကကျတဲ့​ ​ခြေလှမ်း​တွေကိုလှမ်း​ပြီဆိုရင် လူထုကို မရှင်း​ပြဘဲ လုပ်​ဆောင်မှာ မဟုတ်တဲ့​အ​ကြောင်း​ အမှာစကား​မှာ ထည့်​သွင်း​ပြောဆိုပါတယ်။

“ကျမတို့​ အ​နေနဲ့​ ကျမတို့​ ဘာလုပ်လုပ်။ တကယ်အဓိကကျတဲ့​ ​ခြေလှမ်း​တွေလှမ်း​ပြီဆိုလို့​ရှိရင် ကျမတို့​ အဖွဲ့​ချုပ်ဝင်​တွေအ​နေနဲ့​ ပြည်သူလူထုကို မရှင်း​ပြဘဲနဲ့​ ဘယ်​တော့​မှမလုပ်ပါဘူး​၊​ ဒါဟာ ဒီမိုက​ရေစီပါတီတခုပါ။”

အဖွဲ့​ချုပ် ​တောက်​လျှောက်ကိုင်စွဲတဲ့​ အကြမ်း​မဖက် ​တွေ့​ဆုံ​ဆွေး​နွေး​ရေနဲ့​ အ​ဖြေရှာမယ့်​မူဝါဒ​ပေါ်မှာ ရပ်တည်ပြီး​တော့​ ​ပြောင်း​သာပြင်သာရှိတဲ့​အ​နေအထား​မှာ အမြဲ​နေသွား​မှာဖြစ်တယ်လို့​ ဆိုပါတယ်။

“ဒီလို ဒီအတိုင်း​ မ​ပြောင်း​မလဲလုပ်မယ်ဆိုတဲ့​ စိတ်ဓာတ်မျိုး​ ကျမတို့​မထား​ပါဘူး​။ ကမ္ဘာကြီး​က ​ပြောင်း​လဲ​နေတယ်။ အချိန်ကာလက ​ပြောင်း​လဲ​နေတယ်။ ဒီလို ​ပြောင်း​လဲ​နေတဲ့​ ​လောကကြီး​မှာ ကျမတို့​ မ​ပြောင်း​မလဲ သွား​မယ်ဆိုတာ​တော့​မဖြစ်နိုင်ပါဘူး​” လို့​ ​ပြောပါတယ်။

အတိတ်ရဲ့​အဖြစ်အပျက်​တွေကို သင်ခန်း​စာယူရမှာဖြစ်​ပေမယ့်​ အတိတ်ရဲ့​ ချုပ်​နှောင်မှုကို မခံရ​အောင် ​နေနိုင်ကြရမယ်လို့​လည်း​ ​ဒေါ်​အောင်ဆန်း​စုကြည်က ထည့်​သွင်း​ပြောဆိုပါတယ်။

ဒီမိုက​ရေစီ​တောင်း​ဆိုတဲ့​ ရှစ်​လေး​လုံး​က​နေ ​ပေါက်ဖွား​လာတဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဟာ ၁၉၉၀ ​ရွေး​ကောက်ပွဲမှာ မဲပြတ်အနိုင်ရ​ပေမယ့်​ စစ်အစိုး​ရက အာဏာလွှဲ​ပြောင်း​မ​ပေး​ခဲ့​ပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013