DVB Logo
Home
မြန်မာသတင်း
မန္တ​လေး​တွင် ဝမ်း​ပျက်ဝမ်း​လျှော​ရောဂါ ဖြစ်ပွား
DVB
·
September 27, 2011
Donate to DVB

မန္တ​လေး​မြို့​ပေါ်မှာ အခုရက်ပိုင်း​ ဝမ်း​ပျက်ဝမ်း​လျှော​ရောဂါနဲ့​ တုပ်​ကွေး​ဖြစ်​နေသူ​တွေ ရာနဲ့​ချီရှိ​နေတယ်လို့​ မြို့​ခံ​တွေက ​ပြောပါတယ်။

ဥတုရာသီ အ​ပြောင်း​အလဲ အပါအဝင် အစား​အစာနဲ့​ ​သောက်သုံး​ရေ​တွေ မသန့်​ရှင်း​တာ​ကြောင့်​ အခုလို ​ရောဂါ​တွေဖြစ်ပွား​နေတာလို့​ ဆိုပါတယ်။

မန္တ​လေး​မြို့​ခံတဦး​က “မန္တ​လေး​မြို့​မှာ မြို့​လယ်​ခေါင်​တွေမှာလည်း​ ဖြစ်ပါတယ်။ ​ဆေး​ရုံ​တွေ​ပေါ်မှာလည်း​ ဖျား​နာ​ဆောင် ၁၊​ ၂ တို့​မှာ ကုတင်မ​လောက်လို့​ ခုံတန်း​လေး​တွေမှာ ထား​ထား​ရတယ် ဝမ်း​ရောဂါသမား​တွေကို။ ​ဆေး​ချိတ်​ပေး​နေရတယ်။ ​ဆေး​မချိတ်နိုင်တဲ့​သူ​တွေဆို အသက်အန္တရာယ် စိုး​ရိမ်ရတယ်” လို့​ ပြောပါတယ်။

မန္တ​လေး​ဆေး​ရုံကြီး​က လူနာ​ဆောင် ၁ နဲ့​ ၂ မှာ ဝမ်း​ပျက်ဝမ်း​လျှော​ရောဂါဖြစ်ပြီး​ ​ဆေး​ရုံတက် ကုသ​နေရတဲ့​ လူနာ​ပေါင်း​ ၂၅၀ ​လောက် ရှိတယ်လို့​ ဆိုပါတယ်။

ဒါ့​အပြင် အခုရက်ပိုင်း​မှာပဲ တုပ်​ကွေး​ဖျား​နာသူ​တွေများ​နေတဲ့​အ​ကြောင်း​ တခြား​မြို့​ခံတဦး​က ​ပြောပါတယ်။

“လက်ရှိမှာ​တော့​ တုပ်​ကွေး​ အဖြစ်များ​နေတယ်။ ​ဆေး​ခန်း​တိုင်း​ လူ​တွေစည်​နေတယ်။ ဒီ​နေ့​မန္တ​လေး​က အရမ်း​ပူတယ်။ သတိလက်လွတ် ​နေကြရင်း​က ဖြစ်တယ်လို့​ မြင်တယ်။”

မန္တ​လေး​မြို့​ ဗြဟ္မာစိုရ်လူမှု​ရေး​အသင်း​ကဖွင့်​လှစ်ထား​တဲ့​ အခမဲ့​ဆေး​ခန်း​မှာလည်း​ စ​နေ၊​ တနင်္ဂ​နွေ​နေ့​တွေမှာ ဖျား​နာလူနာ သုံး​လေး​ရာခန့်​ လာ​ရောက် ကုသ​နေကြတယ်လို့​ တာဝန်ရှိသူတဦး​က ​ပြောပါတယ်။

အခုလို​ ရောဂါ​တွေ ဖြစ်ပွား​နေတာနဲ့​ ပတ်သက်ပြီး​ တာဝန်ရှိသူ​တွေဘက်က ကျန်း​မာ​ရေး​ အသိ​ပေး​နှိုး​ဆော်တာမျိုး​ လုပ်တာ မရှိ​သေး​ကြောင်း​ပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013