DVB Logo
Home
မြန်မာသတင်း
တိုင်း​ရင်း​သား​ပြဿနာများ​ ဝင်​ရောက်​ဖြေရှင်း​ပေး​ရန် ဘန်ကီမွန်း​ကို ​ကေအိုင်အို ​တောင်း​ဆို
DVB
·
September 27, 2011
တိုင်း​ရင်း​သား​ပြဿနာများ​ ဝင်​ရောက်​ဖြေရှင်း​ပေး​ရန် ဘန်ကီမွန်း​ကို ​ကေအိုင်အို ​တောင်း​ဆို
Donate to DVB

တိုင်း​ရင်း​သား​ဒေသက အ​ရေး​ပြသနာ​တွေကို မြန်မာ့​ပြည်တွင်း​ရေး​ပဲဆိုပြီး​ လျစ်လျူမရှုဘဲ ဝင်​ရောက် ဖြန်​ဖြေ​ပေး​ဖို့​ကေအိုင်အို (ကချင်လွတ်လပ်​ရေး​အဖွဲ့​) က ကုလသမဂ္ဂအတွင်း​ရေး​ မှူး​ချုပ် ဘန်ကီမွန်း​ကို ​မေတ္တာရပ်ခံလိုက်ပါတယ်။

ကေအိုင်အို ဥက္ကဋ္ဌ လ​ရောက် ​ဇောင်း​ဟရား​က မစ္စတာဘန်ကီမွန်း​ကို စက်တင်ဘာ ၂၆ ရက်စွဲနဲ့​ ​ပေး​ပို့​တဲ့​စာမှာ ​မေတ္တာရပ်ခံလိုက်တာပါ။

တိုင်း​ရင်း​သား​ပဋိပက္ခ​တွေ​ကြောင့်​ ပြည်တွင်း​စစ် ဖြစ်ပွား​နေရသလို ​ဒေသတွင်း​ဖွံ့​ဖြိုး​ရေး​ရေး​နဲ့​ တည်ငြိမ်​ရေး​ကို ထိခိုက်​နေတာ​ကြောင့်​ ကုလသမဂ္ဂ​ရော ​ဒေသတွင်း​နိုင်ငံ​တွေကပါ ကြား​ဝင်ဖြန်​ဖြေ​ပေး​ဖို့​ ရည်ရွယ်ပါတယ်လို့​ ​ကေအိုင်အို ​ပြောခွင့်​ရပုဂ္ဂိုလ် ဦး​လနန်း​က ​ပြောကြား​ပါတယ်။

“ပြည်တွင်း​ရေး​ကိစ္စဖြစ်တယ်ဆိုပြီး​တော့​ အိမ်နီး​ချင်း​နိုင်ငံနဲ့​ နိုင်ငံတကာက ဒီအတိုင်း​ ဥပက္ခာပြုထား​မယ်ဆိုရင်​တော့​ ပြဿနာဟာ ပိုပြီး​တော့​ ဆိုး​ရွား​သွား​နိုင်မယ်။ ဒီကိစ္စကို ဒီအချိန်မှာ နိုင်ငံတကာက​နေ၊​ ကုလသမဂ္ဂက ဦး​ဆောင်ပြီး​တော့​ အိမ်နီး​ချင်း​ အာဆီယံနိုင်ငံ​တွေကပါ ဝင်​ရောက်ဖျန်​ဖြေ​ပေး​ဖို့​ လိုလား​တဲ့​အ​ကြောင်း​ ကျ​နော်တို့​ စာ​ရေး​သား​ပေး​ပို့​တာပါ။”

မြန်မာ့​လွတ်လပ်​ရေး​ခေါင်း​ဆောင် ဗိုလ်ချုပ်​အောင်ဆန်း​နဲ့​ တိုင်း​ရင်း​သား​ခေါင်း​ဆောင် ​တွေ သ​ဘောတူ​ရေး​ထိုး​ခဲ့​တဲ့​ ပင်လုံစာချုပ်ပါ ပြည်​ထောင်စု စနစ်အစား​ တပြည်​ထောင်စနစ်ကို ပဲ အစိုး​ရအဆက်ဆက် ကျင့်​သုံး​နေတယ်လို့​လည်း​ ​ကေအိုင်အိုက ​ပေး​ပို့​တဲ့​စာမှာ ​ရေး​သား​ဖော် ပြထား​ပါတယ်။

ဧရာဝတီမြစ်ဆုံ ​ရေကာတာတည်​ဆောက်မှုကို ကချင်လူထုနဲ့​ ​ကေအိုင်အိုတို့​ က သ​ဘောမတူဘဲ မြန်မာအစိုး​ရကို​ရော တရုတ်အစိုး​ရကိုပါ စီမံကိန်း​ရပ်ဖို့​ ​တောင်း​ဆိုထား​ပြီး​ ဖြစ်တယ်လို့​လည်း​ စာမှာ ​ဖော်ပြထား​ပါတယ်။

လက်ရှိကျင်း​ပ​နေတဲ့​ ကုလသမဂ္ဂ အ​ထွေ​ထွေ ညီလာခံမှာ မြန်မာနိုင်ငံတွင်း​ ဖြစ်ပျက်​နေတဲ့​ အ​ခြေအ​နေ​တွေကို ထည့်​သွင်း​ပြောကြား​နိုင် ​အောင် ကုလသမဂ္ဂအတွင်း​ရေး​မှူး​ချုပ်ဆီကို စာ​ရေး​ပေး​ပို့​ရတာပါလို့​လည်း​ ဦး​လနန်း​က ​ပြောပါတယ်။

လက်ရှိမှာ ​ကေအိုင်အိုကို အစိုး​ရက အပြင်း​အထန် ထိုး​စစ်ဆင်​နေချိန်ဖြစ်ပြီး​ ဒုက္ခသည် အသစ်​တွေလည်း​ ​ကေအိုင်အို​ဒေသထဲကို ဝင်​ရောက်​နေတုန်း​ပဲလို့​လည်း​ ဦး​လနန်း​က ​ပြောပါတယ်။

“လွန်ခဲ့​တဲ့​ ၂၃၊​ ၂၄မှာစတင် ထိုး​စစ်ဆင်ခဲ့​တဲ့​ တပ်မဟာ(၄) ​ဒေသ​တွေမှာ ရှမ်း​ပြည်​မြောက်ပိုင်း​ဒေသ​တွေမှာ ဒုက္ခသည်​တွေဟာ မ​နေ့​က စပြီး​တော့​ မူဆယ်တို့​၊​ ပန်ဆိုင်း​တို့​၊​ နန့်​ခမ်း​တို့​ဘက်ကို တဖွဲဖွဲဝင်လာတယ်လို့​ သတင်း​ရတယ်။ အခက်အခဲတခုက နယ်စပ်​ဒေသမှာ ပြည်တွင်း​စစ်​တွေ​ကြောင့်​ ​ရောက်လာတဲ့​ စစ်​ပြေး​ဒုက္ခသည်​တွေကို တရုတ်ပြည် အစိုး​ရက​နေ အသိအမှတ်ပြု​ပေး​တာမျိုး​ မရှိဘူး​။ အသိအမှတ်ပြု​ပေး​ခြင်း​မရှိတဲ့​အတွက် ဒုက္ခသည်​တွေကို နိုင်ငံတကာကလည်း​ ဒုက္ခသည်အ​နေနဲ့​ ရှုမြင်တာမျိုး​မရှိဘဲနဲ့​ ပြည်တွင်း​ရေး​ပြသနာ ဖြစ်တယ်။ ဒါ​ကြောင့်​ နိုင်ငံတကာက ဒီကို အကူအညီ ဝင်​ရောက်လာဖို့​ အခက်အခဲ အများ​ကြီး​ရှိတယ်။”

ပြီး​ခဲ့​တဲ့​ ဇွန်လမှာ ​ကေအိုင်အိုနဲ့​ အစိုး​ရအကြား​ တိုက်ပွဲ​တွေ စတင်ဖြစ်ပွား​ခဲ့​ပြီး​ ၁၉၉၄ ခုနှစ်က သ​ဘောတူ ခဲ့​တဲ့​ အပစ်အခတ်ရပ်စဲ​ရေး​ သ​ဘောတူညီချက် ပျက်သွား​ခဲ့​ပါတယ်။ ဒီတိုက်ပွဲ​တွေ​ကြောင့်​ ​ဒေသခံဒုက္ခသည် နှစ်​သောင်း​လောက် ​ဘေး​လွတ်ရာကို တိမ်း​ရှောင်ခဲ့​ရ တယ်လို့​ ​ကေအိုင်အိုဘက်က ​ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013