A d v e r t i s e m e n t With Us

နိုင်ငံ​ရေး​အကျဉ်း​သား​များ​ လွတ်​မြောက်​ရေး​အတွက် ဝတ်ပြုဆု​တောင်း

နော်အုန်းလှ
နိုင်ငံ​ရေး​အကျဉ်း​သား​တွေ လွတ်​မြောက်​ရေး​အတွက် အင်္ဂါဝတ်ပြု ဆု​တောင်း​အဖွဲ့​က ရန်ကုန်မြို့​ ​ရွှေတိဂုံဘုရား​မှာ ဒီ​နေ့​ ဝတ်ပြုဆု​တောင်း​ခဲ့​ကြပါတယ်။ အင်္ဂါဝတ်ပြုဆု​တောင်း​အဖွဲ့​က အဖွဲ့​ဝင်​လေး​ဆယ်​ကျော်​လောက်စု​ပေါင်း​ပြီး​ ဒီ​နေ့​မွန်း​လွဲက ​ရွှေတိဂုံဘုရား​ရင်ပြင်​ပေါ် တနင်္လာ​ထောင့်​မှာ ဝတ်ပြုဆု​တောင်း​ခဲ့​ကြတာပါ။ ဆု​တောင်း​ရတဲ့​အ​ကြောင်း​ကို ဝတ်ပြုအဖွဲ့​ဝင် ​နော်အုန်း​လှက ခုလို ​ပြောပါတယ်။ [caption id="attachment_15973" align="alignright" width="310" caption="​နော်အုန်းလှ"][/caption] “နိုင်ငံ​ရေး​ အကျဉ်း​သား​ကို လွတ်​စေချင်လို့​ ကျမတို့​ ဆု​တောင်း​တယ်။ နိုင်ငံ​ရေး​ အကျဉ်း​သား​ မိသား​စုဝင်​တွေ စိတ်ဒုက္ခ ဖြစ်​နေတဲ့​ကိစ္စကို ကျမတို့​က ကိုယ်တတ်နိုင်တဲ့​ဘက်က ကူညီ​ဆောင်ရွက်​ပေး​တာဖြစ်တယ်။ အစိုး​ရကိုယ်တိုင်က ပြည်သူ​တွေရဲ့​ သ​ဘောထား​ကို ​လေး​စား​လိုက်နာတယ်ဆိုရင် နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို လွှတ်ကိုလွှတ်သင့်​ပါတယ်။” ဆု​တောင်း​ပွဲမှာ ထူး​ခြား​ချက်အ​နေနဲ့​ သတင်း​ထောက်​တွေ အများ​အပြား​ ​ရောက်လာကြတယ်လို့​လည်း​ ​ပြောပါတယ်။ အင်္ဂါဝတ်ပြုဆု​တောင်း​ပွဲကို သက်ဆိုင်ရာက ​စောင့်​ကြည့်​တာရှိ​ပေမယ့်​ အ​နှောင့်​အယှက်မ​ပေး​ဘူး​လို့​လည်း​ သိရပါတယ်။ အင်္ဂါဝတ်ပြုဆု​တောင်း​အဖွဲ့​ဟာ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ လွတ်​မြောက်​ရေး​အတွက် အင်္ဂါ​နေ့​တိုင်း​ ဝတ်ပြုဆု​တောင်း​ခဲ့​တာ ၇ နှစ်​လောက် ရှိသွား​ပါပြီ။  

A d v e r t i s e m e n t With Us

More News
Up