လ၀န်းထက်သာ အထည်ချုပ်စက်ရုံအလုပ်သမားများ နစ်နာကြေးရရှိ

လ၀န်းထက်သာအထည်ချုပ်စက်ရုံအလုပ်သမားများ နစ်နာကြေးရရှိရေး ဇူလိုင် ၁၆ ရက်နေ့ ဆန္ဒပြစဉ်
စက်ရုံပိတ်သွားတဲ့  လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်၊ လဝန်းထက်သာ အထည်ချုပ် စက်ရုံက အလုပ်သမား ၈၅ ဦးအတွက် နစ်နာကြေးတွေကို ဒီနေ့  လှိုင်သာယာမြို့နယ် ညှိနှိုင်း ဖြန်ဖြေရေးရုံးမှာ စက်ရုံဘက်က လာထုတ်ပေးခဲ့ပါတယ်။ ဒီစက်ရုံဟာ ဇွန်လ ၂၅ ရက်နေ့က  စက်ရုံပိတ်လိုက်တာဖြစ်ပြီး  အလုပ်သမား တွေရဖို့ရှိတဲ့  နစ်နာကြေး ၃ မျိုးထဲက  နို့တစ်ကြေးနဲ့  အလုပ်ထုတ်နစ်နာကြေးတွေကို ထုတ်ပေးခဲ့ပါတယ်။ ဒီနစ်နာကြေး ၂ မျိုးအတွက်  အလုပ်သမား ၈၅ ဦးဟာ ကျပ်သိန်း ၂၉၀ ကျော်ရရှိခဲ့ပြီး လုပ်သက်ခံစားခွင့်ကြေးတွေရဖို့ ကျန်နေပါသေးတယ်။ လဝန်းထက်သာ အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ ဒီလို  နစ်နာကြေးတွေရရှိဖို့ အတွက်  ဇူလိုင်လ ၇ ရက်နေ့နဲ့ ဇူလိုင်လ ၁၆ ရက်နေ့တွေက လှိုင်သာယာမြို့နယ်ထဲမှာ   လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ဇွန်လ ၂၅ ရက်နေ့က ပိတ်သွားတဲ့ လဝန်းထက်သာ အထည်ချုပ် စက်ရုံက  အလုပ်သမားတွေရဲ့ ဇွန်လလုပ်ခလစာတွေကို ဇူလိုင်လ ၇ ရက်နေ့က ထုတ်ပေးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up