DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ် ရေဘေးဒုက္ခသည်များ အကူအညီလိုအပ်
DVB
·
September 26, 2011
ကယားပြည်နယ် ရေဘေးဒုက္ခသည်များ အကူအညီလိုအပ်
Donate to DVB

ကယားပြည်နယ်မှာ ဒီလဆန်းကစပြီး ရေကြီးနေတာကြောင့် အိမ်တွေလယ်တွေ ရေမြုပ်နေဆဲဖြစ်ပြီး ရေဘေးသင့်သူတွေအတွက် အကူအညီ လိုအပ်နေတယ်လို့ ကယ်ဆယ်ရေး လုပ်သားတွေက ပြောပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့ပေါ် ရပ်ကွက်တချို့နဲ မြို့ပြင်က ကျေးရွာတွေမှာ ရေလွှမ်းနေတာ  ရက် ၂၀ လောက် ရှိသွားပြီလို့ ဆိုပါတယ်။

လောပိတ ရေအားလျှပ်စစ်အမှတ် ၃ အတွက် ရေတွေ ထိန်းညှိထားရတာကြောင့် ရေမကျနိုင် ဖြစ်နေပြီး နောက်ထပ် တလကျော် ရေလွှမ်းဦးမယ့် အခြေအနေရှိတယ်လို့ နယ်မြေခံတွေက ပြောပါတယ်။

ဒီလဆန်းပိုင်းကစပြီး မိုးဆက်တိုက်ရွာတာကြောင့် မြို့အနောက်မြောက်ဘက် မိုးဗြဲဆည်က ဆည်ရေတွေ ဖောက်ချလိုက်ရသလို တောင်ကျချောင်းရေတွေ ကြောင့်လည်း ဘီလူးချောင်းရေ ပြည့်လျှံပြီး ချောင်းနဲ့နီးတဲ့ ရပ်ရွာတွေ ရေလွှမ်းနေတာပါ။

ရေဘေးသင့်သူတွေကို လူမှုရေးနဲ့ဘာသာရေးအသင်း အလှူရှင်အဖွဲ့တွေက အ၀တ်အထည်၊ အစားအသောက်နဲ့ သောက်ရေသန့်တွေ လှူဒါန်းနေပေမယ့် လိုအပ်နေတုန်းပဲလို့  ဓမ္မပီတိတရားအလှူဌာနက  ကိုမိုးဝင်းထွတ်က ပြောပါတယ်။

“လေးဖွဲ့လောက် လောလောဆယ် ထောက်ပံ့နိုင်သေးတယ်။ မပြည့်စုံသေးပေမယ့် အလျင်မီသလောက်တော့ ရှိတယ်။ စိုးရိမ်တာက နောက်လထဲ ကူးမယ်ဆိုရင် ထောက်ပံ့တဲ့အဖွဲ့တွေက သွေးအေးသွားမယ်။ ရေကျသွားရင် လုပ်ငန်းတွေ ပြန်လည်ထူထောင်ဖို့၊ အဲဒီအချိန်မှာ အများကြီး ကူညီဖို့ လိုအပ်လာလိမ့်မယ်။ အခုရေမြုပ်တော့ စိုက်ပျိုးရေးလုပ်ငန်းတွေက အများကြီး ဆုံးရှုံးသွားတယ်။”

မြို့နဲ့ ၁၀ မိုင်အကွာက ဘုရားဖြူ၊ ဘုရားနီ၊ ဖောင်တော၊ မိုးဗြဲ စတဲ့ရွာ ၄ ရွာမှာ အိမ်ခြေပေါင်း ၅၀၀ ကျော် ရေလွှမ်းနေပြီး ထောင်ကျော်တဲ့ ဒေသခံတွေဟာ ရေဘေးသင့်နေကြပါတယ်။

ရေကြီးလို့ လယ်မြေတွေ ငါးကန်တွေ အမြောက်အမြား နစ်မြုပ်ပျက်စီးသလို   စာသင်ကျောင်းတွေပါ ပိတ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်၊

ရွာတွေမှာသာမကဘဲ လွိုင်ကော်မြို့ပေါ်က ဒေါနိုးကူး၊ ရွှေတောင်၊ ရှမ်းပိုင်း၊ မင်းစုနဲ့ နမ့်ကွတ်ရပ်ကွက်တွေမှာလည်း ရေလွှမ်းနေပြီး ရေဘေးလွတ်ရာ  ပြောင်းနေကြရပါတယ်။

ဒီတကြိမ် ရေလွှမ်းမိုးမှုကြောင့် ရေဘေးဒုက္ခသည်တွေ ထောင်ချီရှိခဲ့ပြီး ၁၅ နှစ် အတွင်း အဆိုးရွားဆုံး၊ ပျက်စီးမှုအများဆုံးပဲလို့ လွိုင်ကော်ဒေသခံတဦးက ပြောပါ တယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013