Home
ရုပျသံ
eBay တွင် ရှေးဟောင်းလူ့ဦးခေါင်းခွံရာနှင့်ချီ လေလံတင်ရောင်းချ (ရုပ်သံ)
DVB
·
July 17, 2016
အမေရိကန်နိုင်ငံအခြေစိုက် အီးဘေး(eBay)လေလံတင်အရောင်းအ၀ယ် အင် တာနက်ဝက်ဘ်ဆိုဒ်မှတဆင့် ရောင်းချခဲ့မှုကို တွေ့ရှိခဲ့ပြီးနောက်မှာ လူသားရုပ်ကြွင်း ဆိုင်ရာပစ္စည်းတွေကို ရောင်းချခွင့် ပိတ်ပင်ပေးဖို့ လှုံ့ဆော်မှုတွေ ရှိလာပါတယ်။ အဲဒီလေလံဝက်ဘ်ဆိုဒ် အီးဘေး(eBay)ဟာ လူသားတွေရဲ့ ဆံပင်၊ အရိုးစုနဲ့ ဦးခေါင်းခွံတွေကို ဆေးပညာရပ်ဆိုင်ရာနယ်ပယ်တွေမှာ အသုံးပြုဖို့ရည်ရွယ်ချက်နဲ့ အရင်ကတည်းက ရောင်းချနေခဲ့တာဖြစ်တယ်လို့ နယူးဆိုင်းယန့်စ်တစ်သတင်းတပုဒ် မှာ ဖော်ပြပါတယ်။ ခုရောင်းချမှုမှာတော့ ရာနဲ့ချီတဲ့ လူသားဦးခေါင်းခွံတွေကို အမေရိကန်ဒေါ်လာ ၅၅၀၀ ထိ လေလံတင်ဈေးနှုန်းရှိလာပြီး ရာနဲ့ချီရောင်းချမှုတွေ ရှိလာခဲ့ချိန်မှာ ခုလိုဝေ ဖန်မှုတွေဖြစ်လာခဲ့တာပါ။ အီးဘေး(eBay)ရဲ့ မူဝါဒအရ လူသားနဲ့ ပတ်သက်ဆက်နွယ်တဲ့ အစိတ်အပိုင်း တွေကို ရောင်းချမှုကို တားမြစ်ထားပေမယ့် ရောင်းချသူတွေဟာ တရားဝင်သက်သေအထောက်အထားခိုင်ခိုင်လုံလုံမရှိပဲ ရောင်းချမှုတွေရှိနေတဲ့အတွက် စူးစမ်းမှုတွေရှိနေ တယ်လို့ မြောက်ကာရိုလိုင်းနားဒေသ ၀င်စတန်ဆလမ်၊ ၀ိတ်ခ်ဖောရက်စ်တ်တက္ကသိုလ် မှ တန်ညာမာ့ရှ်က ပြောပါတယ်။ အသစ်ထုတ်ပြန်လိုက်တဲ့ မူဝါဒအသစ်မှာတော့ လူ့ဦးခေါင်းခွံတွေ၊ အရိုးစုတွေအ ပါအ၀င် တခြားခန္ဒာကိုယ်အစိတ်အပိုင်းတွေကို လေလံတင်ရောင်းချခွင့် ပိတ်ပင်ထားပြီး “သင်တို့အနေနဲ့ ဒါတွေဟာ ဆေးပညာရပ်ဆိုင်ရာသုတေသနနယ်ပယ်မှာ အသုံးပြုဖို့ ရည်ရွယ်တယ်လို့ ဆိုရင်တောင် ဒါတွေကို ရောင်းချခွင့်ပြုမည်မဟုတ်ပါ”လို့ ဖော်ပြ လိုက်တာပါ။ လူဝီဆီးယားနားပြည်နယ် တရားရေးဆိုင်ရာဌာနရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ အီး ဘေး(eBay)၀က်ဘ်ဆိုဒ်စာမျက်နှာပေါ်မှာ ခုလိုဦးခေါင်းခွံတွေရောင်းချနေတာဟာ ၇ လ လောက်ရှိနေပြီလို့ ဆိုပါတယ်။ ၀က်ဘ်ဆိုဒ်ပေါ်မှာ ဦးခေါင်းခွံ ၄၅၄ ခုကို ရောင်းချဖို့ ရောင်းချသူ ၂၃၇ ဦးက တင်ထားခဲ့ကာ လေလံဈေးနှုန်း အမေရိကန်ဒေါ်လာ ၅၅၀၀ ထိ ရှိလာခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024